ဆာလာ၊ ကလော့ပ်တို့နဲ့အတူ ဒီဘရိုင်း စကားလက်ဆုံကျနေတဲ့မြင်ကွင်းကြောင့် လီဗာပူးပရိသတ်တွေ စိတ်လှုပ်ရှားသွား

Photo Credit

photo credit

လီဗာပူးပရိသတ်တွေဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချန်ပီယံလုဘက် စီးတီးကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် အပျော်မျက်ရည်တွေမခမ်းခြောက်သေးခင်မှာပဲ နောက်ထပ်ဖြစ်ရပ်တစ်ခုကြောင့် ပိုမိုပျော်ရွှင်သွားရပြီး ဓာတ်ပုံတစ်ပုံကြောင့် စီးတီးကွင်းလယ်ကြယ်ပွင့်ဒီဘရိုင်းကို ခေါ်ယူရေးအိုင်ဒီယာတွေထွက်ပေါ်လာခဲ့ကြတာပါ။

photo credit

နည်းပြကလော့ပ်ရဲ့လီဗာပူးဟာ စီးတီးကို ခြေစွမ်းပြကာ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ဒုတိယနဲ့ တတိယနေရာက လက်စတာနဲ့ ချဲလ်ဆီးတို့ကို ၈မှတ်စီဖြတ်နိုင်ခဲ့သလို ၂နှစ်ဆက်ချန်ပီယံ စီးတီးကိုလည်း ၉ မှတ် အထိဖြတ်ထား နိုင်ခဲ့ပါတယ်။

https://twitter.com/i/status/1193689445029105664

နောက်ပြီး လီဗာပူးပရိသတ်တွေအတွက် နောက်ထပ်စိတ်လှုပ်ရှားစရာအဖြစ် စီးတီးကွင်းလယ် လူဒီဘရိုင်း တစ်ယောက် လီဗာပူးနည်းပြကလော့ပ်၊ လီဗာပူးကြယ်ပွင့် ဆာလာတို့နဲ့ စကားလက်ဆုံကျနေတာကို မြင်တွေ့ခဲ့ရပြီး နောက် လီဗာပူးပရိသတ်တွေလည်း အနာဂတ်မှာ ဒီဘရိုင်းကို ခေါ်ယူမလားဆိုတဲ့အတွေးတွေလည်း ဝင်သွားပါ တယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က လီဗာပူးအသင်းဟာ လက်ရှိရင်ဘတ်စပွန်ဆာ New Balance နဲ့ဖြစ်ပွား နေတဲ့အမှု အနိုင်ရခဲ့ပြီးနောက် စပွန်ဆာသစ်ရရင် အသုံးစရိတ်ပိုရလာတော့မှာဖြစ်လို့ ပရိသတ်တွေ ကလည်း သူတို့ခေါ်စေချင်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေကို ခေါ်ယူပေးဖို့ #Mbappe2020 ဆိုပြီး hashtag နဲ့ လူမှုမီဒီယာမှာ ကမ်ပိန်းတစ်ခုလုပ်ခဲ့ပါတယ်။

လီဗာပူးက Nike နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုဖွယ်ရှိနေပြီး ဘာပေကလည်း အဲဒီအမေရိကန်အခြေစိုက် အားကစား ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားလို့ သူ့ကို ခေါ်ယူဖို့ ပိုဖြစ်နိုင်ခြေရှိတယ်ဆိုပြီး လီဗာပူးပရိသတ် တွေက ထင်မှတ်နေကြတာပါ။

ဒါပေမဲ့ အခုတော့ လီဗာပူးပရိသတ်တွေရဲ့ပစ်မှတ်က ပြောင်းလဲသွားပြီး ဒီဘရိုင်းကို အစားထိုးခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။

ဆာလာနဲ့ ဒီဘရိုင်းတို့ဟာ ချဲလ်ဆီးအသင်းမှာတစ်သင်းတည်းတွဲကစားခဲ့ပေမယ့် ရက်ပိုင်းလောက်ပဲ အသင်းဖော်တွေဖြစ်ခဲ့တာဖြစ်သလို နှစ်ဦးစလုံး ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်မလာခင် ရိုးမားနဲ့ ဝုဖ်ဘတ်အသင်းတွေဆီ အသီးသီးပြောင်းသွားခဲ့ကြပါတယ်။

”လီဗာပူးပရိသတ်ဒီဘရိုင်းတစ်ယောက် ကလော့ပ်၊ ဆာလာတို့နဲ့စကားပြောနေပါတယ်”။ ”အရိုးသားဆုံးပြောရရင် ဘာပေထက် ဒီဘရိုင်းကိုပဲ ပိုခေါ်စေချင်တယ်”။ ”နောက်နှစ် လီဗာပူးကို ဒီဘရိုင်းပြောင်းလာတော့မှာ မစောင့်နိုင်တော့ဘူး”။ ”ဒီဘရိုင်းကို လီဗာပူးကွင်းလယ်မှာ ထားကစားကြည့်လိုက်။ သူရယ်၊ ကွင်းလယ်ဘယ်ညာမှာ ထရန့်ရယ်၊ ရော့ဘိုရယ်”ဆိုပြီး လီဗာပူးပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Zawgyi

ဆာလာ၊ ကေလာ့ပ္တို႔နဲ႔အတူ ဒီဘ႐ိုင္း စကားလက္ဆုံက်ေနတဲ့ျမင္ကြင္းေၾကာင့္ လီဗာပူးပရိသတ္ေတြ စိတ္လႈပ္ရွားသြား

လီဗာပူးပရိသတ္ေတြဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ခ်န္ပီယံလုဘက္ စီးတီးကို ဂိုးျပတ္အႏုိင္ရရွိခဲ့ၿပီးေနာက္ အေပ်ာ္မ်က္ရည္ေတြမခမ္းေျခာက္ေသးခင္မွာပဲ ေနာက္ထပ္ျဖစ္ရပ္တစ္ခုေၾကာင့္ ပိုမိုေပ်ာ္ရႊင္သြားရၿပီး ဓာတ္ပုံတစ္ပုံ ေၾကာင့္ စီးတီးကြင္းလယ္ၾကယ္ပြင့္ဒီဘ႐ိုင္းကို ေခၚယူေရးအိုင္ဒီယာေတြထြက္ေပၚလာခဲ့ၾကတာပါ။ နည္းျပကေလာ့ပ္ရဲ႕ လီဗာပူးဟာ စီးတီးကို ေျခစြမ္းျပကာ ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဒုတိယနဲ႔ တတိယေနရာက လက္စတာနဲ႔ ခ်ဲလ္ဆီး တို႔ကို ၈မွတ္စီျဖတ္ႏိုင္ခ့ဲသလို ၂ႏွစ္ဆက္ခ်န္ပီယံ စီးတီးကိုလည္း ၉ မွတ္အထိျဖတ္ထားႏုိင္ခဲ့ပါတယ္။

ေနာက္ၿပီး လီဗာပူးပရိသတ္ေတြအတြက္ ေနာက္ထပ္စိတ္လႈပ္ရွားစရာအျဖစ္ စီးတီးကြင္းလယ္လူဒီဘ႐ိုင္းတစ္ေယာက္ လီဗာပူးနည္းျပကေလာ့ပ္၊ လီဗာပူးၾကယ္ပြင့္ ဆာလာတို႔နဲ႔ စကားလက္ဆုံက်ေနတာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ လီဗာပူး ပရိသတ္ေတြလည္း အနာဂတ္မွာ ဒီဘ႐ိုင္းကို ေခၚယူမလားဆိုတဲ့အေတြးေတြလည္း ၀င္သြားပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က လီဗာပူးအသင္းဟာ လက္ရွိရင္ဘတ္စပြန္ဆာ New Balance နဲ႔ျဖစ္ပြားေနတဲ့အမႈ အႏုိင္ရခဲ့ၿပီးေနာက္ စပြန္ဆာသစ္ရရင္ အသုံးစရိတ္ပိုရလာေတာ့မွာျဖစ္လုိ႔ ပရိသတ္ေတြကလည္း သူတုိ႔ေခၚေစခ်င္တဲ့ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပကို ေခၚယူေပးဖို႔ #Mbappe2020 ဆုိၿပီး hashtag နဲ႔ လူမႈမီဒီယာမွာ ကမ္ပိန္းတစ္ခု လုပ္ခဲ့ပါတယ္။

လီဗာပူးက Nike နဲ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိဖြယ္ရွိေနၿပီး ဘာေပကလည္း အဲဒီအေမရိကန္အေျခစုိက္အားကစားပစၥည္း ထုတ္လုပ္ေရးကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိထားလုိ႔ သူ႕ကို ေခၚယူဖို႔ ပိုျဖစ္ႏုိင္ေျခရွိတယ္ဆိုၿပီး လီဗာပူးပရိသတ္ေတြက ထင္မွတ္ေနၾကတာပါ။ ဒါေပမဲ့ အခုေတာ့ လီဗာပူးပရိသတ္ေတြရဲ႕ပစ္မွတ္က ေျပာင္းလဲသြားၿပီး ဒီဘ႐ိုင္းကို အစားထိုးေခၚယူဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။

ဆာလာနဲ႔ ဒီဘ႐ိုင္းတို႔ဟာ ခ်ဲလ္ဆီးအသင္းမွာတစ္သင္းတည္းတြဲ ကစားခဲ့ေပမယ့္ ရက္ပိုင္းေလာက္ပဲ အသင္းေဖာ္ ေတြျဖစ္ခဲ့တာျဖစ္သလုိ ႏွစ္ဦးစလုံး ကမၻာ့အဆင့္ကစားသမားေတြ ျဖစ္ မလာခင္ ႐ိုးမားနဲ႔ ၀ုဖ္ဘတ္ အသင္းေတြဆီ အသီးသီးေျပာင္းသြားခဲ့ၾကပါတယ္။ ”လီဗာပူးပရိသတ္ဒီဘ႐ိုင္းတစ္ေယာက္ ကေလာ့ပ္၊ ဆာလာတုိ႔နဲ႔စကားေျပာေန ပါတယ္”။ ”အ႐ိုးသားဆုံးေျပာရရင္ ဘာေပထက္ ဒီဘ႐ိုင္းကိုပဲ ပိုေခၚ ေစခ်င္ တယ္”။ ”ေနာက္ႏွစ္ လီဗာပူးကို ဒီဘ႐ိုင္း ေျပာင္းလာေတာ့မွာ မေစာင့္ႏုိင္ေတာ့ဘူး”။ ”ဒီဘ႐ိုင္းကို လီဗာပူးကြင္းလယ္မွာ ထားကစားၾကည့္လုိက္။ သူရယ္၊ ကြင္း လယ္ဘယ္ညာမွာ ထရန္႔ရယ္၊ ေရာ့ဘုိရယ္”ဆုိၿပီး လီဗာပူးပရိသတ္ေတြက အသီးသီး ေရးသားခဲ့ပါတယ္။