ဆာလာအတြက္ ဂိုးဖန္တီးေပးခဲ့တဲ့ ဖာမီႏိုရဲ႕ Flick ပရိသတ္မ်ားၾကား သည္းသည္းလႈပ္ျဖစ္သြား

Photo Credit

Photo Credit

လီဗာပူးအသင္းတုိက္စစ္မွဴး ဖာမီႏိုဟာ စေနေန႔က နယူးကာဆယ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းရဲ႕တတိယဂိုးကို တုိက္စစ္မွဴး ဆာလာ သြင္းယူႏုိင္ေရးအတြက္ ျမင္ေတြ႕ရခဲတဲ့ အံ့အားသင့္ဖြယ္ Flick နဲ႔အတူ အေကာင္းဆုံးဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

Photo Credit

ဆာလာက ဖာဘင္ညိဳဆီက ေဘာလုံးလက္ခံရရွိၿပီးေနာက္ ပင္နယ္တီဧရိယာစည္းထိပ္မွာ ၿပိဳင္ဘက္ကစားသမား ၂ဦးရဲ႕အေသလူကပ္ကစားခံထားရတဲ့ ဖာမီႏိုဆီ ႐ိုး႐ိုးေလးပဲ ေပးပို႔ၿပီး ေဘာလုံးထြက္လာႏိုင္တဲ့လမ္းေၾကာင္းဆီ ေျပးထြက္သြားပါတယ္။

Photo Credit

နယူးကာဆယ္ဂိုးေပါက္နဲ႔ ေက်ာေပးအေနအထားမွာရွိေနတဲ့ ဖာမီႏိုက ပရိသတ္ေတြ ၾကည့္မ၀ျဖစ္ေစမယ့္ စေကးတစ္ကြက္ထုတ္ျပခဲ့ၿပီး သူ႕ကို ကပ္ထားတဲ့နယူးကာဆယ္ကစားသမားေတြကို လွည့္စားတဲ့အေနနဲ႔ ဘယ္ဘက္ကို ညာေျခနဲ႔ အသာေပးေတာ့မလုိဟန္ျပင္ရင္း ဘယ္ေျခနဲ႔ နယူးကာဆယ္ကစားသမား ၂ေယာက္ၾကားထဲကေန ဆာလာရဲ႕ေျပးလမ္းထဲ အသာထုိးေပးလုိက္ပါတယ္။

Photo Credit

ဆာလာကလည္း လ်င္ျမန္တဲ့အရွိန္နဲ႔ ဂိုးဧရိယာထဲဆြဲေျပးသြားၿပီး နယူးကာဆယ္ဂိုးသမား ဒူဘရာကာကို ေက်ာ္ျဖတ္ကာ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဖာမီႏိုဟာ ပထမပိုင္းမွာ ဒဏ္ရာရသြားတဲ့ အုိရီဂီအစား လူစား၀င္ကစားခဲ့တာျဖစ္ေပမယ့္ BT Sport က ေပးအပ္တဲ့ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့ပါတယ္။

Photo Credit

ဖာမီႏိုဟာ နယူးကာဆယ္နဲ႔ပြဲမွာ အဲဒီတစ္ကြက္တည္းျပသခဲ့တာမဟုတ္ဘဲ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့သလို Key Pass ေတြနဲ႔အတူ နယူးကာဆယ္ခံစစ္ကို အခ်ိန္ျပည့္ဖိအားေပးႏိုင္ခဲ့ပါတယ္။

Photo Credit

လီဗာပူးဟာ အဲဒီပဲြမွာ ဦးေဆာင္ဂိုးေပးလုိက္ရေပမယ့္ မာေနး(၂ဂိုး)၊ ဆာလာတို႔ရဲ႕ဂိုးေတြနဲ႔အတူ ၃-၁ ဂိုးနဲ႔အႏုိင္ရခဲ့တာျဖစ္ၿပီး အဲဒီႏိုင္ပဲြကို ပိုမိုအေရးပါေစခဲ့တာက ခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ျဖစ္ေနတ့ဲ စီးတီးအသင္း မထင္မွတ္ဘဲအေရးနိမ့္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

Photo Credit

စေနညမွာ စီးတီးက တန္းတက္ေနာ၀စ္ခ်္ကို ၃-၂ ဂိုးနဲ႔အေရးနိမ့္သြားခဲ့လို႔ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၅မွတ္အထိကြာဟသြားခဲ့ၿပီး လီဗာပူးကေတာ့ ၅ပြဲကစားၿပီးခ်ိန္မွာ ရာႏႈန္းျပည့္အႏုိင္ရရွိထားပါတယ္။

Photo Credit

Unicode

ဆာလာအတွက် ဂိုးဖန်တီးပေးခဲ့တဲ့ ဖာမီနိုရဲ့ Flick ပရိသတ်များကြား သည်းသည်းလှုပ်ဖြစ်သွား

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုဟာ စနေနေ့က နယူးကာဆယ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့တတိယဂိုးကို တိုက်စစ်မှူး ဆာလာ သွင်းယူနိုင်ရေးအတွက် မြင်တွေ့ရခဲတဲ့ အံ့အားသင့်ဖွယ် Flick နဲ့အတူ အကောင်းဆုံးဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဆာလာက ဖာဘင်ညိုဆီက ဘောလုံးလက်ခံရရှိပြီးနောက် ပင်နယ်တီဧရိယာစည်းထိပ်မှာ ပြိုင်ဘက်ကစားသမား ၂ဦးရဲ့အသေလူကပ်ကစားခံထားရတဲ့ ဖာမီနိုဆီ ရိုးရိုးလေးပဲ ပေးပို့ပြီး ဘောလုံးထွက်လာနိုင်တဲ့လမ်းကြောင်းဆီ ပြေးထွက်သွားပါတယ်။
နယူးကာဆယ်ဂိုးပေါက်နဲ့ ကျောပေးအနေအထားမှာရှိနေတဲ့ ဖာမီနိုက ပရိသတ်တွေ ကြည့်မဝဖြစ်စေမယ့် စကေးတစ်ကွက်ထုတ်ပြခဲ့ပြီး သူ့ကို ကပ်ထားတဲ့နယူးကာဆယ်ကစားသမားတွေကို လှည့်စားတဲ့အနေနဲ့ ဘယ်ဘက်ကို ညာခြေနဲ့ အသာပေးတော့မလိုဟန်ပြင်ရင်း ဘယ်ခြေနဲ့ နယူးကာဆယ်ကစားသမား ၂ယောက်ကြားထဲကနေ ဆာလာရဲ့ပြေးလမ်းထဲ အသာထိုးပေးလိုက်ပါတယ်။
ဆာလာကလည်း လျင်မြန်တဲ့အရှိန်နဲ့ ဂိုးဧရိယာထဲဆွဲပြေးသွားပြီး နယူးကာဆယ်ဂိုးသမား ဒူဘရာကာကို ကျော်ဖြတ်ကာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖာမီနိုဟာ ပထမပိုင်းမှာ ဒဏ်ရာရသွားတဲ့ အိုရီဂီအစား လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့် BT Sport က ပေးအပ်တဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။
ဖာမီနိုဟာ နယူးကာဆယ်နဲ့ပွဲမှာ အဲဒီတစ်ကွက်တည်းပြသခဲ့တာမဟုတ်ဘဲ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သလို Key Pass တွေနဲ့အတူ နယူးကာဆယ်ခံစစ်ကို အချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ အဲဒီပွဲမှာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် မာနေး(၂ဂိုး)၊ ဆာလာတို့ရဲ့ဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲကို ပိုမိုအရေးပါစေခဲ့တာက ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်နေတဲ့ စီးတီးအသင်း မထင်မှတ်ဘဲအရေးနိမ့်ခဲ့တာကြောင့်ဖြစ်ပါတယ်။
စနေညမှာ စီးတီးက တန်းတက်နောဝစ်ချ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်သွားခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားခဲ့ပြီး လီဗာပူးကတော့ ၅ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင်ရရှိထားပါတယ်။