
photo-express
photo-gettyimages
အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးက လီဗာပူးတိုက္စစ္မႈးဆာလာဟာ ဂိုးေတြသြင္းဖုိ႔အတြက္ကိုသာ စြဲစြဲလန္းလန္ျဖစ္ေနတယ္လုိ႔ ယုံၾကည္ေနၿပီး အဲဒါက မက္ဆီလို အဆင့္အတန္းမ်ိဳးရဖို႔ ဆာလာကိုတားဆီးေနတဲ့ တစ္ခုတည္းေသာအေၾကာင္းအရင္းျဖစ္ေၾကာင္း ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။ အဲဒီအီဂ်စ္တိုက္စစ္မႈးဟာ ၿပီးခဲ့တ့ဲအပတ္ ဘန္ေလနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ အပိုင္ကန္ခြင့္ရမယ့္ အသင္းေဖာ္မာနီကို ေဘာလုံးမေပးဘဲ ကိုင္တုိင္ကန္သြင္းဖို႔ လုပ္ခဲ့တာေၾကာင့္ တစ္ကိုယ္ေကာင္းဆန္တဲ့ကစားသမားအျဖစ္ ေ၀ဖန္ခံေနရပါတယ္။ ဒါ့အျပင္ အဲဒီပြဲမွာပဲ ဆာလာရဲ႕လုပ္ရပ္ေၾကာင့္ မာနီဟာ ေဒါသေပါက္ကြဲခဲ့ၿပီး အသင္းေဖာ္ေတြကေတာင္ ဖ်န္ေျဖေပးခဲ့ရပါတယ္။
photo-gettyimages
ဆာလာအေနနဲ႔ ဒီရာသီပရီးမီးယားလိဂ္မွာ ဂုိးသြင္းခ်က္ ၁၃ ႀကိမ္ကေန ၃ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ၀င္းဂါးက”သူ႔မွာ မက္ဆီနဲ႔တူညီမႈေတြရွိပါတယ္။ မက္ဆီရဲ႕တည္ၿငိမ္မႈကို သူမျဖစ္မေနရွာေဖြရမွာပါ။ ဆာလာဟာ အဆုံးသတ္သမားေကာင္းတစ္ေယာက္လုိ႔ ကၽြန္ေတာ္ျမင္ပါတယ္။ ဒါေပမဲ့ မက္ဆီက ျပည့္စုံတဲ့သူျဖစ္ၿပီး ေနာက္ဆုံးေဘာလုံးေတြကိုလည္း ေကာင္းေကာင္းေပးႏိုင္စြမး္ရွိပါတယ္။ ဆာလာက်ေတာ့ ဂိုးသြင္းဖုိ႔ေလာက္ပဲ စိတ္ထဲရွိေနတာပါ။ ဘယ္လုိအခ်ိန္မွာ ေဘာလုံးေပးရမယ္၊ဘယ္လိုအခ်ိန္မွာ ဂိုးသြငး္ရမယ္ဆိုတာကို ရွာေဖြနားလည္ႏိုင္ဖုိ႔ လုိပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ဆာလာကို အရမ္းႀကိဳက္ပါတယ္။ သူ႔မွာ ႀကီးမားတဲ့အလားအလာရွိေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
photo-gettyimages
ဒီရက္သတၱပတ္ေတြမွာ ဆာလာရဲ႕တစ္ကိုယ္ေကာင္းဆန္မႈဟာ အဓိကေဆြးေႏြးျငင္းခုန္စရာျဖစ္ေနေပမယ့္ အဲဒီအီဂ်စ္သားဟာ ဒီရာသီပရီးမီယားလိဂ္မွာ ကစားသမား ၅ ဦးထက္ ဂိုးကန္သြင္းခ်က္ပိုနည္းၿပီး အဲဒီ ၅ ဦးထဲမွာ သူ႔အသင္းေဖာ္ဖာမီႏိုလည္းပါ၀င္ကာ ဂိုးကန္သြင္းခ်က္ ၁၇ ႀကိမ္နဲ႔ ထိပ္ဆုံးက ရွိေနတာပါ။ ဒါေပမဲ့ ဆာလာဟာ ဒီရာသီမွာ အပိုင္အခြင့္အေရး ၃ ႀကိမ္တိုင္လြဲေခ်ာ္ထားၿပီး သူ႔ထက္ပိုလြဲတာဆုိလုိ႔ ၄ ႀကိမ္နဲ႔ ေဆာက္သမ္တန္က ခ်ီအဒမ္တစ္ေယာက္ပဲရွိပါတယ္။
[Unicode]
အာဆင်နယ်နည်းပြဟောင်းဝင်းဂါးက လီဗာပူးတိုက်စစ်မှုးဆာလာဟာ ဂိုးတွေသွင်းဖို့အတွက်ကိုသာ စွဲစွဲလန်းလန်ဖြစ်နေတယ်လို့ ယုံကြည်နေပြီး အဲဒါက မက်ဆီလို အဆင့်အတန်းမျိုးရဖို့ ဆာလာကိုတားဆီးနေတဲ့ တစ်ခုတည်းသောအကြောင်းအရင်းဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ အဲဒီအီဂျစ်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့အပတ် ဘန်လေနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်ကန်ခွင့်ရမယ့် အသင်းဖော်မာနီကို ဘောလုံးမပေးဘဲ ကိုင်တိုင်ကန်သွင်းဖို့ လုပ်ခဲ့တာကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့ကစားသမားအဖြစ် ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာပဲ ဆာလာရဲ့လုပ်ရပ်ကြောင့် မာနီဟာ ဒေါသပေါက်ကွဲခဲ့ပြီး အသင်းဖော်တွေကတောင် ဖျန်ဖြေပေးခဲ့ရပါတယ်။
ဆာလာအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးသွင်းချက် ၁၃ ကြိမ်ကနေ ၃ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဝင်းဂါးက”သူ့မှာ မက်ဆီနဲ့တူညီမှုတွေရှိပါတယ်။ မက်ဆီရဲ့တည်ငြိမ်မှုကို သူမဖြစ်မနေရှာဖွေရမှာပါ။ ဆာလာဟာ အဆုံးသတ်သမားကောင်းတစ်ယောက်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ မက်ဆီက ပြည့်စုံတဲ့သူဖြစ်ပြီး နောက်ဆုံးဘောလုံးတွေကိုလည်း ကောင်းကောင်းပေးနိုင်စွမ်းရှိပါတယ်။ ဆာလာကျတော့ ဂိုးသွင်းဖို့လောက်ပဲ စိတ်ထဲရှိနေတာပါ။ ဘယ်လိုအချိန်မှာ ဘောလုံးပေးရမယ်၊ဘယ်လိုအချိန်မှာ ဂိုးသွင်းရမယ်ဆိုတာကို ရှာဖွေနားလည်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆာလာကို အရမ်းကြိုက်ပါတယ်။ သူ့မှာ ကြီးမားတဲ့အလားအလာရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဒီရက်သတ္တပတ်တွေမှာ ဆာလာရဲ့တစ်ကိုယ်ကောင်းဆန်မှုဟာ အဓိကဆွေးနွေးငြင်းခုန်စရာဖြစ်နေပေမယ့် အဲဒီအီဂျစ်သားဟာ ဒီရာသီပရီးမီယားလိဂ်မှာ ကစားသမား ၅ ဦးထက် ဂိုးကန်သွင်းချက်ပိုနည်းပြီး အဲဒီ ၅ ဦးထဲမှာ သူ့အသင်းဖော်ဖာမီနိုလည်းပါဝင်ကာ ဂိုးကန်သွင်းချက် ၁၇ ကြိမ်နဲ့ ထိပ်ဆုံးက ရှိနေတာပါ။ ဒါပေမဲ့ ဆာလာဟာ ဒီရာသီမှာ အပိုင်အခွင့်အရေး ၃ ကြိမ်တိုင်လွဲချော်ထားပြီး သူ့ထက်ပိုလွဲတာဆိုလို့ ၄ ကြိမ်နဲ့ ဆောက်သမ်တန်က ချီအဒမ်တစ်ယောက်ပဲရှိပါတယ်။