ဆာလာရဲ့အနာဂတ်မသေချာမှုက လီဗာပူးကိုထိခိုက်စေမှာ မဟုတ်ဘူးလို့ ကလော့ပ်တုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က တိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ အနာဂတ်မသေချာမှုရှိနေပေမယ့် အသင်းရဲ့အခြေအနေကို ထိခိုက်ခံမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဆာလာဟာ လီဗာပူးနဲ့ စာချုပ် သစ်ချုပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ရခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ဆာလာက သူဟာရီးရဲလ် မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကိုပြောင်းချင်ပေမယ့် သူ့အနာဂတ်က ကလပ်အပေါ်မှာဘဲမူတည်နေတယ်လို့ ဆိုခဲ့တာပါ။ ဒါကြောင့် ဆာလာရဲ့အသင်းပြောင်းချင်နေတဲ့ သတင်းဟာ အသင်းအပေါ်ထိခိုက်စေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အပြင် နောက်ဆုံး ၄ ပွဲဆက် လည်းဂိုးသွင်းနိုင်ခြင်း မရှိပါဘူး။

ဒါပေမယ့် ဆာလာရဲ့ထွက်ခွာလိုတဲ့သတင်းက လီဗာပူးကိုထိခိုက်စေမှာ မဟုတ်တဲ့အပြင် ထိခိုက်ခံမှာလည်း မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးမြန်းမှုကို ကလော့ပ်က” ဆာလာထွက်ခွာ လိုတဲ့သတင်းက အသင်းအပေါ်ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုးသတင်းတွေဆိုတာ ဘောလုံးလောကမှာပုံမှန်ဖြစ်နေကြပါ။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကိုဖြေရှင်းရလောက်တဲ့အထိ အရေးပါတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို အမေးရှိလာတော့ ပြန်ဖြေရတဲ့အတွက် ဒါကိုအရေးတယူ ပြောဆိုနေရတဲ့ပုံစံဖြစ်နေပါတယ်။ ဒါဟာဘာမှမဟုတ်တဲ့ သာမန်ကိစ္စလေးပါ။ ဒါကြောင့် ဆာလာသတင်း က ကျွန်တော်တို့ရဲ့ဘောလုံးရာသီကို ထိခိုက်စေမယ်လို့ မထင်ပါဘူး” လို့ပြောသွားပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ခြေစွမ်းကျနေတဲ့အပြင် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီ တို့မှာပွဲကျပ်တွေရှိနေလို့ ဆာလာ ရဲ့အနာဂတ်မသေချာတဲ့ သတင်းကစိုးရိမ်စရာဖြစ်နေသေးတာ အမှန်ပါဘဲ။ လီဗာပူးဟာ လာမယ့်သီတင်းပတ်တွေမှာ လက်ရှိထိပ်ဆုံး ၈ သင်းထဲက ၅ သင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ စပါး၊ ဝက်စ်ဟမ်း၊ မန်စီးတီး၊ လက်စတာ ၊ အဲဗာတန် တို့နဲ့ ပရီးမီးယားလိဂ်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆာလာရဲ႕အနာဂတ္မေသခ်ာမႈက လီဗာပူးကိုထိခိုက္ေစမွာ မဟုတ္ဘူးလို႔ ကေလာ့ပ္တုံ႔ျပန္

လီဗာပူးအသင္းနည္းျပ ဂ်ာဂင္ကေလာ့ပ္က တိုက္စစ္မႉး မိုဟာမက္ဆာလာရဲ႕ အနာဂတ္မေသခ်ာမႈရွိေနေပ မယ့္ အသင္းရဲ႕အေျခအေနကို ထိခိုက္ခံမွာမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ ဆာလာ ဟာလီဗာပူးနဲ႔ စာခ်ဳပ္ သစ္ခ်ဳပ္ဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ရျခင္းမရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းမွာ ဆာလာက သူဟာရီးရဲလ္ မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာ ကိုေျပာင္းခ်င္ေပမယ့္ သူ႔အနာဂတ္က ကလပ္အေပၚမွာဘဲမူတည္ေနတယ္ လို႔ ဆိုခဲ့တာပါ။

ဒါေၾကာင့္ ဆာလာရဲ႕အသင္းေျပာင္းခ်င္ေနတဲ့ သတင္းဟာ အသင္းအေပၚထိခိုက္ေစခဲ့တယ္လို႔ သုံးသပ္ၾကပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ၅ ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနတဲ့အျပင္ ေနာက္ဆုံး ၄ ပြဲဆက္ လည္းဂိုးသြင္းႏိုင္ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဆာလာရဲ႕ထြက္ခြာလိုတဲ့သတင္းက လီဗာပူးကိုထိခိုက္ေစမွာ မဟု တ္တဲ့အျပင္ ထိခိုက္ခံမွာလည္း မဟုတ္ဘူးလို႔ ေျပာသြားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကို ကေလာ့ပ္က” ဆာလာထြက္ခြာ လိုတဲ့သတင္းက အသင္းအေပၚထိခိုက္ေစမွာ မဟုတ္ပါဘူး။ ဒီလိုမ်ိဳးသတင္းေတြဆိုတာ ေဘာလုံးေလာကမွာပုံမွန္ျဖစ္ေနၾကပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အ ေနနဲ႔ ဒါကိုေျဖရွင္းရေလာက္တဲ့အထိ အေရးပါတဲ့ကိစၥလည္းမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကို အေမးရွိ လာေတာ့ ျပန္ေျဖရတဲ့အတြက္ ဒါကိုအေရးတယူ ေျပာဆိုေနရတဲ့ပုံစံျဖစ္ေနပါတယ္။ ဒါဟာဘာမွမဟုတ္တဲ့ သာမန္ကိစၥေလးပါ။ ဒါေၾကာင့္ ဆာလာသတင္း က ကြၽန္ေတာ္တို႔ရဲ႕ေဘာလုံးရာသီကို ထိခိုက္ေစမယ္လို႔ မထင္ပါဘူး” လို႔ေျပာသြားပါတယ္။

ဒါေပမယ့္လည္း လီဗာပူးဟာ ေျခစြမ္းက်ေနတဲ့အျပင္ ဇန္နဝါရီနဲ႔ ေဖေဖၚဝါရီ တို႔မွာပြဲက်ပ္ေတြရွိေနလို႔ ဆာလာ ရဲ႕အနာဂတ္မေသခ်ာတဲ့ သတင္းကစိုးရိမ္စရာျဖစ္ေနေသးတာ အမွန္ပါဘဲ။ လီဗာပူးဟာ လာမယ့္သီတင္းပတ္ ေတြမွာ လက္ရွိထိပ္ဆုံး ၈ သင္းထဲက ၅ သင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။ သူတို႔ဟာ စပါး၊ ဝက္စ္ဟမ္း၊ မန္စီးတီး၊ လက္စတာ ၊ အဲဗာတန္ တို႔နဲ႔ ပရီးမီးယားလိဂ္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။