
Photo Credit
Photo Credit ; Getty Images
လီဗာပူးေတာင္ပံကစားသမားဆာဒီယိုမာေနးက အသင္းေဖာ္ မိုဟာမက္ဆာလာနဲ႔ျဖစ္ပြားခဲ့တဲ့ ျပႆနာက အတိတ္မွာက်န္ခဲ့ၿပီ ျဖစ္ၿပီး လီဗာပူးအသင္းခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိေစေရးအတြက္ ဂိုးေတြသြင္းယူဖိ႔ုပဲအာ႐ံုစိုက္ေနတယ္လုိ႔ ဆိုပါတယ္။
Photo Credit
အဆိုပါ ဆီနီေဂါၾကယ္ပြင့္ဟာ ၾသဂုတ္ ၃၁ ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘန္ေလအသင္းနဲ႔ ပြဲစဥ္မွာ ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ လြတ္လြတ္ကၽြတ္ကၽြတ္ ဂိုးသြင္းယူလို႔ရႏိုင္တဲ့ အေနအထားတစ္ရပ္မွာ အသင္းေဖာ္ဆာလာက သူ႕ဆီ ေဘာလံုးမေပးခဲ့ဘဲတစ္ကိုယ္ေကာင္းဆန္ခဲ့တာေၾကာင့္ မာေနးတစ္ေယာက္ ေဒါသေတြ အႀကီးအက်ယ္ ထြက္ခဲ့တာျဖစ္ပါတယ္။
Photo Credit
အသင္းေဖာ္ေတြက မာေနးစိတ္ေျပေအာင္ အေတာ္ကို ဝုိင္းဝန္းေဖ်ာင္းျဖေျပာဆိုခဲ့ရပါတယ္။ ဒါေပမဲ့ လီဗာပူးအသင္းတိုက္စစ္မွဴးေတြျဖစ္တဲ့ ဆာလာနဲ႔မာေနးတို႔ဟာ ယမန္ႏွစ္ရာသီက အာဆင္နယ္အသင္းတိုက္စစ္မွဴး အူဘာမီယန္းနဲ႔အတူေရႊဖိနပ္ဆုကိုပူးတြဲဆြတ္ခူးရရွိခဲ့သူမ်ား ျဖစ္ပါတယ္။
Photo Credit ; Reuters
လက္ရွိအခ်ိန္မွာေတာ့ မာေနးက အသင္းေဖာ္ဆာလာနဲ႔အခ်င္းမ်ားခဲ့တာက ၿပီးသြားခဲ့ၿပီျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ အသင္းေဟာင္းဆဲလ္ဘတ္အသင္းနဲ႔ ပြဲစဥ္အတြက္ပဲ အာ႐ံုစိုက္ထားတယ္လို႔ ေျပာပါတယ္။
Photo Credit
မာေနးက “ဒီလိုကိစၥေတြကေဘာလံုးမွာ ျဖစ္တတ္ပါတယ္၊ ကၽြန္ေတာ္နည္းနည္းဆိုးရြားတဲ့ ခံစားမႈမ်ိဳးခံစားခဲ့ရပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဂိုးေတြ ပိုမိုသြင္းယူခ်င္တာေၾကာင့္ပါ၊ ခင္ဗ်ားတို႔ ေတြ႕တဲ့အတိုင္းပဲ မန္စီးတီးအသင္းက ၈ဂိုး၊ ၇ ဂိုး (သို႔) ၆ ဂိုးစတဲ့ ဂိုးေတြကိုရသေလာက္ သြင္းယူတတ္တဲ့ အသင္းပါ”
Photo Credit
”အသင္းတစ္သင္းအေနနဲ႔ ရရင္ရသလိုဂိုးေတြသြင္းယူထားဖို႔ တကယ္ကိုအေရးႀကီးပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။ ဆက္လက္ၿပီးမာေနးက “သူကၽြန္ေတာ့္ကိုမေတြ႕တာလည္း ျဖစ္ႏိုင္ပါတယ္၊ ကၽြန္ေတာ္ေဒါသထြက္ခဲ့မိတယ္၊ ကၽြန္ေတာ္တို႔ကေကာင္းမြန္တဲ့ ဆက္ဆံေရးရွိၿပီး တကယ္ကိုရင္းႏွီးတဲ့ သူေတြပါ”
Photo Credit
”ယမန္ေန႔က ဂီနီကဆာလာကို ဘန္ေလနဲ႔ပြဲမွာဘာလို႔ေဒါသေတြ ထြက္တာလဲလို႔ လာေမးပါတယ္၊ ဂီနီမင္းကရယ္ရတဲ့သူပဲ၊ ဒါမ်ိဳးေတြက ျဖစ္ေနၾကပါ၊ ေမ့ေတာင္ေမ့ေနၿပီ၊ ဒီအတိတ္ေတြကက်န္ခဲ့ပါၿပီကြာလို႔ ကၽြန္ေတာ္ ျပန္ေျဖခဲ့ပါတယ္“လို႕ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
ဆာလာနဲ့ဖြစ်ပျက်ခဲ့တာကို အတိတ်မှာထားရစ်ခဲ့ပြီဖြစ်ကြောင်း မာနေးဖွင့်ဟ
လီဗာပူးတောင်ပံကစားသမားဆာဒီယိုမာနေးက အသင်းဖော် မိုဟာမက်ဆာလာနဲ့ဖြစ်ပွားခဲ့တဲ့ ပြဿနာက အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ပြီး လီဗာပူးအသင်းချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိစေရေးအတွက် ဂိုးတွေသွင်းယူဖိ့ုပဲအာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ဆီနီဂေါကြယ်ပွင့်ဟာ သြဂုတ် ၃၁ နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းယူလို့ရနိုင်တဲ့ အနေအထားတစ်ရပ်မှာ အသင်းဖော်ဆာလာက သူ့ဆီ ဘောလုံးမပေးခဲ့ဘဲတစ်ကိုယ်ကောင်းဆန်ခဲ့တာကြောင့် မာနေးတစ်ယောက် ဒေါသတွေ အကြီးအကျယ် ထွက်ခဲ့တာဖြစ်ပါတယ်။
အသင်းဖော်တွေက မာနေးစိတ်ပြေအောင် အတော်ကို ဝိုင်းဝန်းဖျောင်းဖြပြောဆိုခဲ့ရပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာနဲ့မာနေးတို့ဟာ ယမန်နှစ်ရာသီက အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းနဲ့အတူရွှေဖိနပ်ဆုကိုပူးတွဲဆွတ်ခူးရရှိခဲ့သူများ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မာနေးက အသင်းဖော်ဆာလာနဲ့အချင်းများခဲ့တာက ပြီးသွားခဲ့ပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အသင်းဟောင်းဆဲလ်ဘတ်အသင်းနဲ့ ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။
မာနေးက “ဒီလိုကိစ္စတွေကဘောလုံးမှာ ဖြစ်တတ်ပါတယ်၊ ကျွန်တော်နည်းနည်းဆိုးရွားတဲ့ ခံစားမှုမျိုးခံစားခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဂိုးတွေ ပိုမိုသွင်းယူချင်တာကြောင့်ပါ၊ ခင်ဗျားတို့ တွေ့တဲ့အတိုင်းပဲ မန်စီးတီးအသင်းက ၈ဂိုး၊ ၇ ဂိုး (သို့) ၆ ဂိုးစတဲ့ ဂိုးတွေကိုရသလောက် သွင်းယူတတ်တဲ့ အသင်းပါ”
”အသင်းတစ်သင်းအနေနဲ့ ရရင်ရသလိုဂိုးတွေသွင်းယူထားဖို့ တကယ်ကိုအရေးကြီးပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ ဆက်လက်ပြီးမာနေးက “သူကျွန်တော့်ကိုမတွေ့တာလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်ဒေါသထွက်ခဲ့မိတယ်၊ ကျွန်တော်တို့ကကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တကယ်ကိုရင်းနှီးတဲ့ သူတွေပါ”
”ယမန်နေ့က ဂီနီကဆာလာကို ဘန်လေနဲ့ပွဲမှာဘာလို့ဒေါသတွေ ထွက်တာလဲလို့ လာမေးပါတယ်၊ ဂီနီမင်းကရယ်ရတဲ့သူပဲ၊ ဒါမျိုးတွေက ဖြစ်နေကြပါ၊ မေ့တောင်မေ့နေပြီ၊ ဒီအတိတ်တွေကကျန်ခဲ့ပါပြီကွာလို့ ကျွန်တော် ပြန်ဖြေခဲ့ပါတယ်“လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။