ဆာလာကို သူဆန္ဒရှိတဲ့အတိုင်း တစ်ပတ်ပေါင်(၅၀၀,၀၀၀)အထိပေးပြီး လီဗာပူးလ် စာချုပ်သက်တမ်းတိုးဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှာခြေစွမ်းပြနေတဲ့ အဓိက,ကစားသမား ဆာလာကို သူတောင်းဆိုတဲ့အတိုင်း တစ်ပတ်ပေါင်(၅၀၀,၀၀၀)အထိပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင် စနေနေ့မနက်ပိုင်းက ဆာလာရဲ့အေးဂျင့်ဖြစ်သူ ရမ်မီအဘက်စ်အီဆာဟာ အင်္ဂလန်ကို လေယာဉ်နဲ့ရောက်ရှိခဲ့ပြီး ဝက်ဖို့ဒ်-လီဗာပူးလ်တို့ပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

အဲဒီပွဲမှာ လီဗာပူးလ်အသင်းဟာ ဖေမီနိုရဲ့ဟက်ထရစ်ဂိုးအပါအဝင် ဝက်ဖို့ဒ်အသင်းကို (၅-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့အပြင် ဆာလာကလည်း

ပွဲချိန်(၅၄)မိနစ်မှာ ဖေမီနိုပေးလိုက်တဲ့ဘောလုံးကို ပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ ဟွမ်ဟာနန်ဒက်ဇ်၊ ကက်ကာ၊ ကတ်ချ်ကာ့တ်တို့(၃)ဦးကို လှလှပပကျော်ဖြတ်ပြီးတော့ စတုတ္ထဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းကလည်း ‘မက်ဆီ’လိုပုံစံမျိုးနဲ့ ဒုတိယဂိုးသွင်းယူခဲ့တဲ့အပြင် အခုပွဲမှာလည်း လှပတဲ့ဂိုးသွင်းယူခဲ့တာကြောင့် ဆာလာဟာ

တစ်ပတ်လစာပေါင်(၅၀၀,၀၀၀)အထိရဖို့ ထိုက်တန်တယ်ဆိုတာပြသခဲ့ပါတယ်။

အခုလောလောဆယ် ဆာလာဟာ လီဗာပူးလ်အသင်းမှာ တစ်ပတ်ကို ပေါင်(၂၀၀,၀၀၀)ရရှိနေပြီး သူ့စာချုပ်က ၂၀၂၃ ခုနှစ်အထိကျန်ရှိနေသေးပေမယ့်

လီဗာပူးလ်အသင်းက သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားကို လက်မလွှတ်ရအောင် စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာဖြစ်ပါတယ်။

ဆာလာရဲ့စာချုပ်သစ်ကိစ္စအတွက် လီဗာပူးလ်တာဝန်ရှိသူတွေနဲ့ အေးဂျင့်အီဆာတို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပေမယ့် ဆာလာက တစ်ပတ်ကို ပေါင်(၅၀၀,၀၀၀)အထိရမှ စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေပြီး

လီဗာပူးလ်အသင်းကတော့ ကစားသမားတွေရဲ့လစာငွေကို ဖောင်းပွဲမှုမရှိအောင်ကန့်သတ်ထားတာကြောင့် ဆွေးနွေးမှုကြန့်ကြာခဲ့ရပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ ဆာလာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြသနေတာကြောင့်

လီဗာပူးလ်အသင်းအနေနဲ့ ဆာလာ တောင်းဆိုထားတဲ့လစာငွေပေးပြီး စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာဖြစ်ပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲက ဆာလာရဲ့ဂိုးက ဒီရာသီပြိုင်ပွဲစုံမှာ(၁၀)ဂိုးမြောက်ဖြစ်ခဲ့ပြီး ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူးဒရော့ဘာတင်ရှိထားတဲ့ အာဖရိက,ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်(၁၀၄ဂိုး)ကို အမီလိုက်နိုင်ခဲ့သလို

၂၀၁၄၊ ဖေဖော်ဝါရီလတုန်းက တိုက်စစ်မှူးဟောင်းစတာရစ်ချ်နောက်ပိုင်း လီဗာပူးလ်အသင်းအတွက် (၈)ပွဲဆက်ဂိုးသွင်းခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆာလာကို သူဆႏၵရွိတဲ့အတိုင္း တစ္ပတ္ေပါင္(၅၀၀,၀၀၀)အထိေပးၿပီး လီဗာပူးလ္ စာခ်ဳပ္သက္တမ္းတိုးဖို႔ရွိ

လီဗာပူးလ္အသင္းဟာ အသင္းရဲ႕တိုက္စစ္မွာေျခစြမ္းျပေနတဲ့ အဓိက,ကစားသမား ဆာလာကို သူေတာင္းဆိုတဲ့အတိုင္း တစ္ပတ္ေပါင္(၅၀၀,၀၀၀)အထိေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ဝက္ဖို႔ဒ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမတိုင္ခင္ စေနေန႔မနက္ပိုင္းက ဆာလာရဲ႕ေအးဂ်င့္ျဖစ္သူ ရမ္မီအဘက္စ္အီဆာဟာ အဂၤလန္ကို ေလယာဥ္နဲ႔ေရာက္ရွိခဲ့ၿပီး ဝက္ဖို႔ဒ္-လီဗာပူးလ္တို႔ပြဲကို လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

အဲဒီပြဲမွာ လီဗာပူးလ္အသင္းဟာ ေဖမီႏိုရဲ႕ဟက္ထရစ္ဂိုးအပါအဝင္ ဝက္ဖို႔ဒ္အသင္းကို (၅-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့အျပင္ ဆာလာကလည္း ပြဲခ်ိန္(၅၄)မိနစ္မွာ ေဖမီႏိုေပးလိုက္တဲ့ေဘာလုံးကို ၿပိဳင္ဘက္ကစားသမားေတြျဖစ္တဲ့ ဟြမ္ဟာနန္ဒက္ဇ္၊ ကက္ကာ၊ ကတ္ခ်္ကာ့တ္တို႔(၃)ဦးကို လွလွပပေက်ာ္ျဖတ္ၿပီးေတာ့ စတုတၳဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ မန္စီးတီးနဲ႔(၂-၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းကလည္း ‘မက္ဆီ’လိုပုံစံမ်ိဳးနဲ႔ ဒုတိယဂိုးသြင္းယူခဲ့တဲ့အျပင္ အခုပြဲမွာလည္း လွပတဲ့ဂိုးသြင္းယူခဲ့တာေၾကာင့္ ဆာလာဟာ တစ္ပတ္လစာေပါင္(၅၀၀,၀၀၀)အထိရဖို႔ ထိုက္တန္တယ္ဆိုတာျပသခဲ့ပါတယ္။

အခုေလာေလာဆယ္ ဆာလာဟာ လီဗာပူးလ္အသင္းမွာ တစ္ပတ္ကို ေပါင္(၂၀၀,၀၀၀)ရရွိေနၿပီး သူ႔စာခ်ဳပ္က ၂၀၂၃ ခုႏွစ္အထိက်န္ရွိေနေသးေပမယ့္ လီဗာပူးလ္အသင္းက သူတို႔ရဲ႕အဓိကတိုက္စစ္ကစားသမားကို လက္မလႊတ္ရေအာင္ စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ ဆာလာရဲ႕စာခ်ဳပ္သစ္ကိစၥအတြက္ လီဗာပူးလ္တာဝန္ရွိသူေတြနဲ႔ ေအးဂ်င့္အီဆာတို႔ ေဆြးေႏြးမႈေတြစတင္ျပဳလုပ္ေနၿပီျဖစ္ေပမယ့္ ဆာလာက တစ္ပတ္ကို ေပါင္(၅၀၀,၀၀၀)အထိရမွ စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိေနၿပီး လီဗာပူးလ္အသင္းကေတာ့ ကစားသမားေတြရဲ႕လစာေငြကို ေဖာင္းပြဲမႈမရွိေအာင္ကန႔္သတ္ထားတာေၾကာင့္ ေဆြးေႏြးမႈၾကန႔္ၾကာခဲ့ရပါတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာ ဆာလာဟာ ကမာၻ႔အေကာင္းဆုံးကစားသမားႏွစ္ဦးျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျပသေနတာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ဆာလာ ေတာင္းဆိုထားတဲ့လစာေငြေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ ဝက္ဖို႔ဒ္နဲ႔ပြဲက ဆာလာရဲ႕ဂိုးက ဒီရာသီၿပိဳင္ပြဲစုံမွာ(၁၀)ဂိုးေျမာက္ျဖစ္ခဲ့ၿပီး ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉးဒေရာ့ဘာတင္ရွိထားတဲ့ အာဖရိက,ကစားသမားေတြထဲမွာ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္(၁၀၄ဂိုး)ကို အမီလိုက္ႏိုင္ခဲ့သလို ၂၀၁၄၊ ေဖေဖာ္ဝါရီလတုန္းက တိုက္စစ္မႉးေဟာင္းစတာရစ္ခ်္ေနာက္ပိုင္း လီဗာပူးလ္အသင္းအတြက္ (၈)ပြဲဆက္ဂိုးသြင္းခဲ့သူအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။