ဆာလာကို မရရအောင် ခေါ်ဖို့ ကြိုးစားနေတဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာနည်းပြ ဇာဗီဟာ နူးကမ့်ကိုပြန်လည်တည်ဆောက်ရာမှာ မိုဟာမက် ဆာလာက အဓိကသော့ချက်ဖြစ်တယ်လို့ အပြည့်အဝယုံကြည်နေပြီး

လီဗာပူးအသင်းဆီကနေ ခေါ်ယူသွားနိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဇာဗီဟာ ဆာလာကိုအသင်းထံခေါ်ဆောင်ပေးဖို့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အသက်(၂၉) နှစ်အရွယ်အီဂျစ်လက်ရွေးစင်ကစားသမားဆာလာ ဟာလီဗာပူးအသင်းနှင့်အတူ အောင်မြင်မှုဆုဖလားများစွာရှာဖွေထားနိုင်ခဲ့ပြီး

လက်ရှိဘောလုံးရာသီမှာလည်း ခြေစွမ်းပြကစားလျက်ရှိနေသလို ပွဲစဉ်(၁၅) ပွဲကစားလို့အပြီးမှာ ဖန်တီးမှု(၆) ကြိမ်နှင့်အတူ(၁၅) ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

နည်းပြသစ်ဇာဗီ က ဆာလာကိုခေါ်ယူခြင်းက ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ်နွေရာသီမှာ ကစားသမားကောင်းတွေလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အသင်းရဲ့ဖိအားတွေလျော့ချနိုင်ဖို့ ဆာလာရဲ့ စွမ်းဆောင်ရည်က အဓိကကျလိမ့်မယ်လို့ ယူဆထားပုံရပါတယ်။

ဆာလာက ကစားသမားဘဝနောက်ဆုံးအချိန်တွေအထိလီဗာပူး အသင်းအတွက် ကစားပေးသွားမှာဖြစ်ကြောင်းထွက်ဆိုမှုတွေပြုလုပ်ထားသော်လည်း

လက်ရှိအချိန်ထိစာချုပ်သစ်နဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှုမရှိသေးတာကြောင့် အသင်းသစ်ထံပြောင်းရွှေ့ကစားသွားဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။

ဆာလာက လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး၊လီဗာပူးအသင်းဟာ ဟန်ဒါဆင် ၊

ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ နှစ်ရှည် သဘောတူညီမှုအသစ်များ ညှိနှိုင်းထားပေမယ့် ဆာလာနဲ့တော့ ငွေကြေးဆိုင်ရာတောင်းဆိုချက်မြင့်မားမှုကြောင့် ဆွေးနွေးရာမှာ ကြန့်ကြာမှုများရှိနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြဇာဗီဟာမိုဆာလာအပြင် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် မဟာပြိုင်ဘက်အသင်းရဲ့ပစ်မှတ်အမ်ဘတ်ပီကိုထပ်မံခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






