ဆာလက်နဲ့ မာနေးတို့က ပင်ကိုယ်သဘာဝအရ ဂိုးသွင်းအားကောင်းတဲ့သူတွေမဟုတ်ဘူးလို့ မိုက်ကယ်အိုဝင် ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းအနေနဲ့ ဒီရာသီမှာ ရလဒ်တွေ ကျဆင်းနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်နေရတဲ့ အနေအထားရောက်နေရတာဟာ

အဓိကတိုက်စစ်မှုး ၂ယောက်ဖြစ်တဲ့ ဆာလက်နဲ့ မာနေးတို့ဟာ ပွဲစဉ်တွေမှာ ဂိုးသွင်းခွင့်တွေ ဖြုန်းပစ်ခဲ့သလို ပင်ကိုယ်သဘာဝအရ

ဂိုးသွင်းအားကောင်းတဲ့ သူတွေမဟုတ်တာကြောင့်လည်း ပါတယ်လို့ လီဗာပူးဂန္ထဝင်တိုက်စစ်မှုး မိုက်ကယ်အိုဝင်က ဝေဖန်ပြောကြားလိုက်ပါတယ်။

အိုဝင်က ” လီဗာပူးမှာ ပြသနာက ဆာလက်က ကောင်းတဲ့ ကစားသမားဖြစ်ပြီး ဂိုးတွေအများကြီးသွင်းနိုင်ပါတယ်။

မာနေးကလည်း မယုံနိုင်လောက်အောင် ကောင်းကောင်း ကစားနိုင်ပြီး ဂိုးတွေအများကြီး သွင်းနိုင်တဲ့သူပါ။

ဒါပေမယ့် သူတို့ ၂ယောက်က ဂိုးသွင်းဖို့ ပင်ကိုယ်သဘာဝအရ ဂိုးသွင်းအားကောင်းတဲ့သူတွေ မဟုတ်ပါဘူး။

သူတို့ဂိုးတွေ သွင်းနေနိုင်တယ်ဆိုတာ အသင်းအနေနဲ့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ အများကြီး ဖန်တီးပေးနေနိုင်လို့ပါ။

ဥပမာ နယူးကာဆယ်နဲ့ ပွဲကလိုပေါ့။ တစ်ရာသီလုံးမှာ အသင်းအတွက် ဖြုန်းတီးပစ်ခဲ့တဲ့ ဂိုးသွင်းခွင့်တွေအများကြီးပါပဲ” လို့ BT Sports ကိုပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က အခုလို ဝေဖန်နေခဲ့ပေမယ့်လည်း ဆာလက်ဟာ နယူးကာဆယ်နဲပ့ွဲမှာ ဒီရာသီအတွက် ပရီးမီးယားလိဂ် ဂိုး ၂၀မြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး

လီဗာပူးအသင်းအတွက် ၁၂၃ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် ဆာလက်ဟာ လီဗာပူးအသင်းသမိုင်းကြောင်းတလျှောက်မှာ ၁၂ယောက်မြောက် ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါပြီ။

ပရီးမီးယားလိဂ် ဒီရာသီရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို မီနိုင်ဖို့တော့ ဆာလက်ဟာ ၇ဂိုး လိုနေပါသေးတယ်။

ဆာလက်နဲ့ မာနေးတို့ဟာ လီဗာပူးကို စရောက်တဲ့အချိန်ကစပြီး ၂ဦးပေါင်း ၂၁၇ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

မာနေးကတော့ ဒီရာသီမှာ ဂိုးသွင်းအား ကျဆင်းနေပြီး အခုအချိန်အထိ ၈ဂိုး သာသွင်းယူပေးထားနိုင်ပါတယ်။

လီဗာပူးအသင်းအတွက် ၂၁၃ပွဲ ကစားပေးထားပြီး ၉၄ဂိုး သွင်းယူပေးထားတဲ့ မာနေးဟာ ပရီးမီးယားလိဂ်ဂိုး ၇၁ဂိုး သွင်းယူပေးထားတဲ့သူပါ။

လီဗာပူးအသင်းတိုက်စစ်မှုးဟောင်း ပီတာခရော့ချ်ကလည်း လီဗာပူးရှေ့တန်းကစားသမားတွေနဲ့ ပတ်သတ်ပြီး

” နယူကာဆယ်နဲ့ွဲမှာ ဆာလက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် တပွဲလုံးရတဲ့ အခွင့်အရေးတွေနဲ့ ယှဉ်ရင် ဒီထက်ပိုသင့်တာပါ။

ဖာမီနိုက ဂိုးမသွင်းနိုင်သလို မာနေးကလည်း ယုံကြည်မှုနည်းနေတဲ့ပုံပဲ။ ဂျိုတာကတော့ အရင်ဆုံး ကြံ့ခိုင်မှုရအောင် လုပ်ရဦးမှာပါ” လို့ဝေဖန်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi







ဒါပေမယ့် သူတို့ ၂ယောက်က ဂိုးသွင်းဖို့ ပင်ကိုယ်သဘာဝအရ ဂိုးအားကောင်းတဲ့သူတွေ မဟုတ်ပါဘူး။



မိုက်ကယ်အိုဝင်က အခုလို ဝေဖန်နေခဲ့ပေမယ့်လည်း ဆာလက်ဟာ နယာူကာဆယ်နဲပွဲ့မှာ ဒီရာသီအတွက် ပရီးမီးယားလိဂ် ဂိုး ၂၀မြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး







လီဗာပူးအသင်းတိုက်စစ်မှုးဟောင်း ပီတာခရော့ခ်ျကလည်း လီဗာပူးရှေ့တန်းကစားသမားတွေနဲ့ ပတ်သတ်ပြီး

” နယူကာဆယ်နွဲ့မှာ ဆာလက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် တပွဲလုံးရတဲ့ အခွင့်အရေးတွေနဲ့ ယှဉ်ရင် ဒီထက်ပိုသင့်တာပါ။
