ဆာဗစ္ရဲ႕အေျပာင္းအေရႊ႕အတြက္ မန္ယူနဲ႔ေဆြးေႏြးဖို႔ ေအးဂ်င့္ကက္ဇ္မန္း လန္ဒန္ကိုေရာက္ေန

လာဇီယိုအသင္း ကြင္းလယ္လူ မီလင္ကိုဗစ္ဆာဗစ္ရဲ႕ေအးဂ်င့္ျဖစ္တဲ႔ မာတီဂ်ာကက္ဇ္မန္းဟာ သူ႔ကစာသမားမန္ယူကိုေျပာင္းေရႊ႕ေရးအတြက္ေဆြးေႏြးမႈေတြျပဳလုပ္ဖို႔ လန္ဒန္ၿမိဳ႕ကိုေရာက္ရွိေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ အရင္နည္းျပေမာ္ရင္ဟိုလက္ထက္ကတည္းက ဆာဗစ္ကိုအလိုရွိေနတာျဖစ္ပါတယ္။

ဒါေပမယ္႔ ဆာဗစ္မန္ယူကိုေရာက္ရွိေရးဟာ လက္ရွိကြင္းလယ္လူေပါ့ဂ္ဘာ အေပၚမူတည္ေနၿပီး မန္ယူကေနသူထြက္မွသာ ေရာက္လာႏိုင္မွာျဖစ္ပါတယ္။ မန္ယူဟာ ေပါ့ဂ္ဘာကိုဆက္ထိန္းဖို႔ အျပင္းအထန္ႀကိဳးပမ္းေနေပမယ္႔ လက္လႊတ္ရမယ္ဆိုရင္ ဆာဗစ္ကိုအျမန္ဆုံးေခၚယူႏိုင္ဖို႔ ႀကိဳတင္ေဆြးေႏြးမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ႔ Gazzetta dello Sport က ဆာဗစ္အတြက္မန္ယူနဲ႔လာဇီယိုအၾကားၿပီးခဲ့တဲ႔ ရက္ပိုင္းကေဆြးေႏြးမႈေတြဟာအဆင္ေျပခဲ့ၿပီး ေပါင္ ၇၁ သန္း(ယူရိုသန္း ၈၀) နဲ႔သေဘာတူညီထားၾကတယ္လို႔ေဖာ္ျပသြားခဲ့ပါတယ္။ လက္ရွိမွာ မန္ယူကေခၚဦးမွာမဟုတ္ေပမယ္႔ ေပါ့ဂ္ဘာရဲ႕အေျခအေနအရ အႀကိဳ သေဘာတူညီခ်က္အတြက္အၿပီးသတ္ေဆြးေႏြးဖို႔ ကက္ဇ္မန္းက လန္ဒန္ကိုေရာက္ေနတာျဖစ္ပါတယ္။

ကက္ဇ္မန္းဟာခ်ဲလ္ဆီးအတြက္ ၄၁ ပြဲကစားေပးခဲ့တဲ႔ တိုက္စစ္မွဴ းေဟာင္းျဖစ္ပါတယ္။ ဆားဘီးယားလက္ေရြးစင္ျဖစ္တဲ႔  ဆာဗစ္ဟာၿပီးခဲ့တဲ႔ရာသီက လာဇီယိုအတြက္ ၄၁ ပြဲကစားၿပီး ၇ ဂိုးသြင္းကာ ၃ ဂိုးဖန္တီးေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ မန္ယူဟာ ေပါ့ဂ္ဘာရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ ဆာဗစ္အျပင္ စပို႔တင္းလစၥဘြန္းက ဘရူႏိုဖာနန္ဒက္စ္၊ နယူးကာဆယ္က ရွိန္ေလာင္းစတက္ဖ္တို႔ကိုလည္း စိတ္၀င္စားေနပါတယ္။

ေပါ့ဂ္ဘာ ကိုရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္အသင္းတို႔ကစိတ္၀င္စားေနေပမယ္႔ မန္ယူဘက္ကေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း ၁၇၀ အထိသတ္မွတ္ထားလို႔အခက္ေတြ႔ေနၾကပါတယ္။ ရီးရဲလ္နည္းျပဇီဒန္းဟာေပါ့ဂ္ဘာကိုအလိုရွိတယ္လို႔ လူသိရွင္ၾကားေျပာထားပါတယ္။

Unicode

ဆာဗစ်ရဲ့အပြောင်းအရွှေ့အတွက် မန်ယူနဲ့ဆွေးနွေးဖို့ အေးဂျင့်ကက်ဇ်မန်း လန်ဒန်ကိုရောက်နေ
လာဇီယိုအသင်း ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ရဲ့အေးဂျင့်ဖြစ်တဲ့ မာတီဂျာကက်ဇ်မန်းဟာ သူ့ကစာသမားမန်ယူကိုပြောင်းရွှေ့ရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ဖို့ လန်ဒန်မြို့ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ မန်ယူဟာ အရင်နည်းပြမော်ရင်ဟိုလက်ထက်ကတည်းက ဆာဗစ်ကိုအလိုရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဆာဗစ်မန်ယူကိုရောက်ရှိရေးဟာ လက်ရှိကွင်းလယ်လူပေါ့ဂ်ဘာ အပေါ်မူတည်နေပြီး မန်ယူကနေသူထွက်မှသာ ရောက်လာနိုင်မှာဖြစ်ပါတယ်။ မန်ယူဟာ ပေါ့ဂ်ဘာကိုဆက်ထိန်းဖို့ အပြင်းအထန်ကြိုးပမ်းနေပေမယ့် လက်လွှတ်ရမယ်ဆိုရင် ဆာဗစ်ကိုအမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုတင်ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Gazzetta dello Sport က ဆာဗစ်အတွက်မန်ယူနဲ့လာဇီယိုအကြားပြီးခဲ့တဲ့ ရက်ပိုင်းကဆွေးနွေးမှုတွေဟာအဆင်ပြေခဲ့ပြီး ပေါင် ၇၁ သန်း(ယူရိုသန်း ၈၀) နဲ့သဘောတူညီထားကြတယ်လို့ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိမှာ မန်ယူကခေါ်ဦးမှာမဟုတ်ပေမယ့် ပေါ့ဂ်ဘာရဲ့အခြေအနေအရ အကြို သဘောတူညီချက်အတွက်အပြီးသတ်ဆွေးနွေးဖို့ ကက်ဇ်မန်းက လန်ဒန်ကိုရောက်နေတာဖြစ်ပါတယ်။
ကက်ဇ်မန်းဟာချဲလ်ဆီးအတွက် ၄၁ ပွဲကစားပေးခဲ့တဲ့ တိုက်စစ်မှူ းဟောင်းဖြစ်ပါတယ်။ ဆားဘီးယားလက်ရွေးစင်ဖြစ်တဲ့  ဆာဗစ်ဟာပြီးခဲ့တဲ့ရာသီက လာဇီယိုအတွက် ၄၁ ပွဲကစားပြီး ၇ ဂိုးသွင်းကာ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ယူဟာ ပေါ့ဂ်ဘာရဲ့နေရာမှာအစားထိုးဖို့အတွက် ဆာဗစ်အပြင် စပို့တင်းလစ္စဘွန်းက ဘရူနိုဖာနန်ဒက်စ်၊ နယူးကာဆယ်က ရှိန်လောင်းစတက်ဖ်တို့ကိုလည်း စိတ်ဝင်စားနေပါတယ်။

ပေါ့ဂ်ဘာ ကိုရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်အသင်းတို့ကစိတ်ဝင်စားနေပေမယ့် မန်ယူဘက်ကပြောင်းရွှေ့ကြေးကိုပေါင်သန်း ၁၇၀ အထိသတ်မှတ်ထားလို့အခက်တွေ့နေကြပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းဟာပေါ့ဂ်ဘာကိုအလိုရှိတယ်လို့ လူသိရှင်ကြားပြောထားပါတယ်။