ဆာနေးရဲ့ပြောင်းရွှေ့ကြေးအတွက် စီးတီးနဲ့ ဘိုင်ယန်မြူးနစ် သဘောတူညီမှုရဖို့နီးစပ်လာ

Photo Credit

 

Photo Credit

ယနေ့ ဂျာမနီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဘိုင်ယန်နဲ့ မန်စီးတီးတို့ဟာ ဂျာမနီတောင်ပံကစားသမား လီရွိုင်းဆာနေးအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ဂျာမနီမဂ္ဂဇင်း ကစ်ကာက စီးတီးက အသက် ၂၄ နှစ်အရွယ်ရှိ ရှော်လ်ကေးကစားသမားဟောင်း ဆာနေးအတွက် ယူရိုသန်း ၅၀ အလိုရှိနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ အများဆုံး ယူရိုသန်း ၄၀အထိပဲ ပေးချေလိုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit

ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း နောက်ထပ်ဂျာမနီမဂ္ဂဇင်း Sport Bild က ဆာနေးဟာ ဘိုင်ယန်ကို ၅နှစ်စာချုုပ်နဲ့ ပြောင်းရွှေ့ဖို့တောင် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ကစ်ကာရဲ့ဖော်ပြချက်အရ ဘိုင်ယန်ဟာ ဆာနေးကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာလို့ ုလိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာနဲ့ ဆွေးနွေးမှုတွေကိုတောင် ဖြတ်တောက်လိုက်ပြီလို့ သိရပါတယ်။

Photo Credit

ဆာနေးဟာ ၂၀၁၆ နွေရာသီက ရှော်လ်ကေးကနေ ယူရိုသန်း ၅၀၀န်းကျင်နဲ့ စီးတီးကို ရောက်လာချိန်ကတည်းက နည်းပြဂွါဒီယိုလာရဲ့လက်အောက်မှာ ပရီးမီးယားလိဂ်ဆုဖလား ၂ကြိမ်အပါအဝင် ပြည်တွင်းအောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ သြဂုတ်လက လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ယခုအချိန်အထိ ပြန်မကစားနိုင်သေးဘဲ ကစ်ကာမဂ္ဂဇင်းက စီးတီးအနေနဲ့ ဆာနေး ဒဏ်ရာမရခင်ကဆို သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၅သန်းအထိ အလိုရှိခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

Zawgyi

ဆာေနးရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ စီးတီးနဲ႔ ဘုိင္ယန္ျမဴးနစ္ သေဘာတူညီမႈရဖို႔နီးစပ္လာ

ယေန႔ ဂ်ာမနီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဘိုင္ယန္နဲ႔ မန္စီးတီးတို႔ဟာ ဂ်ာမနီေတာင္ပံကစားသမား လီ႐ြိဳင္းဆာေနးအတြက္ ေျပာင္းေရႊ႕ေၾကး သေဘာတူညီမႈရဖို႔ ပိုမိုနီးစပ္လာၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဂ်ာမနီမဂၢဇင္း ကစ္ကာက စီးတီးက အသက္ ၂၄ ႏွစ္အရြယ္ရွိ ေရွာ္လ္ေကးကစားသမားေဟာင္း ဆာေနးအတြက္ ယူ႐ိုသန္း ၅၀ အလုိရွိေနေပမယ့္ ဘုိင္ယန္ျမဴးနစ္ကေတာ့ အမ်ားဆုံး ယူ႐ိုသန္း ၄၀အထိပဲ ေပးေခ်လိုေနတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္ကလည္း ေနာက္ထပ္ဂ်ာမနီမဂၢဇင္း Sport Bild က ဆာေနးဟာ ဘိုင္ယန္ကို ၅ႏွစ္စာခ်ုဳပ္နဲ႔ ေျပာင္းေရႊ႕ဖို႔ေတာင္ သေဘာတူညီမႈရရွိထားၿပီးျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ကစ္ကာရဲ႕ေဖာ္ျပခ်က္အရ ဘုိင္ယန္ဟာ ဆာေနးကို ေခၚယူႏိုင္ဖို႔ ပိုမိုနီးစပ္လာလုိ႔ ုလုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို၀ါနာနဲ႔ ေဆြးေႏြးမႈေတြကိုေတာင္ ျဖတ္ေတာက္လုိက္ၿပီလုိ႔ သိရပါတယ္။
ဆာေနးဟာ ၂၀၁၆ ေႏြရာသီက ေရွာ္လ္ေကးကေန ယူ႐ိုသန္း ၅၀၀န္းက်င္နဲ႔ စီးတီးကို ေရာက္လာခ်ိန္ကတည္းက နည္းျပဂြါဒီယိုလာရဲ႕လက္ေအာက္မွာ ပရီးမီးယားလိဂ္ဆုဖလား ၂ႀကိမ္အပါအ၀င္ ျပည္တြင္းေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ ၾသဂုတ္လက လီဗာပူးနဲ႔ ကြန္ျမဴနတီဒုိင္းပြဲမွာ ဒူးအရြတ္ေၾကာဒဏ္ရာရရွိခဲ့ၿပီးေနာက္ ယခုအခ်ိန္အထိ ျပန္မကစားႏုိင္ေသးဘဲ ကစ္ကာမဂၢဇင္းက စီးတီးအေနနဲ႔ ဆာေနး ဒဏ္ရာမရခင္ကဆို သူ႕အတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၁၂၅သန္းအထိ အလုိရွိခဲ့တယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။