
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အီတလီအသင်းဝါရင့်နောက်ခံလူ ချီလီနီက အင်္ဂလန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ယူရိုဗိုလ်လုပွဲမှာ ဆာကာ ပယ်နယ်တီမကန်ခင် သူ့ကို ပယ်နယ်တီလွဲအောင် ကျိန်စာတိုက်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အဲဒီပွဲမှာ ဆာကာဟာ အင်္ဂလန်အသင်းရဲ့ နောက်ဆုံးပယ်နယ်တီကန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကန်ချက်ကို အီတလီဂိုးသမားဒွန်နာရမ်မာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့
အီတလီအသင်းဟာ ၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုဖလားရယူနိုင်ခဲ့ပြီး ဒုတိယမြောက် အဓိကဆုဖလားဆွတ်ခူးဖို့မျှော်လင့်နေတဲ့ အင်္ဂလန်အသင်းကတော့ အိမ်ကွင်းမှာ မျက်ရည်တွေနဲ့သာအဆုံးသတ်ခဲ့ရပါတယ်။
ဒါပေမဲ့ ဆာကာ ပယ်နယ်တီကန်ဖို့ ပြင်ဆင်နေတုန်းမှာ ချီလီနီက “Kiricocho!”လို့ အော်ဟစ်ခဲ့ပြီး အဲဒီစကားလုံးဟာ ပြိုင်ဘက်တွေ ကံဆိုးအောင်လို့ ဘောလုံးသမားတွေက ကျိန်ဆဲတဲ့အဓိပ္ပါယ်ဖြစ်သလို လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကတည်းက အဲဒီစကားလုံးနဲ့ ကျိန်ဆဲလေ့ရှိကြပါတယ်။
ဆာကာကို ချီလီနီ ကျိန်ဆဲနေတာတဲ့အဖြစ်အပျက်ဟာ ရုပ်သံပြကွက်တွေမှာ အထင်းသားမြင်တွေ့ခဲ့ရပြီး ESPN သတင်းဌာနက အဲဒီကိစ္စနဲ့ပတ်သက်လို့ ချီလီနီကို မေးမြန်းခဲ့တော့ သူက အမှန်အတိုင်းဝန်ခံခဲ့ပါတယ်။
“Kiricocho!”ကျိန်စာဆိုတာက ဘောလုံးသမားတွေ ယုံကြည်ထားတဲ့ အစဉ်အလာတစ်ခုဖြစ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းရှိပါတယ်။
၁၉၈၀ ဝန်းကျင်ကာလတွေမှာ ဟွမ်ကားလို့စ်ကီရီကိုချိုလို့ အမည်ရတဲ့ အာဂျင်တီးနားကလပ် အက်စ်တူဒီယန်းတေးစ်အသင်း အမာခံပရိသတ်တစ်ဦးရှိခဲ့ပြီး
အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ သူလာကြည့်တဲ့အခါတိုင်း အက်စ်တူဒီယန်းတေးစ်ကစားသမားတွေထဲက တစ်ယောက်မဟုတ်တစ်ယောက် အမြဲဒဏ်ရာရလေ့ရှိတာကို အသင်းနည်းပြဘီလာဒိုက သတိပြုမိခဲ့ပါတယ်။
အဲဒါကြောင့် ဘီလာဒိုက ကီရီကိုချိုရဲ့ အစွမ်းကို ပြိုင်ဘက်အသင်းတွေ ဒုက္ခရောက်အောင်အသုံးချတဲ့အနေနဲ့ အက်စ်တူဒီယန်းတေးစ်အသင်းနဲ့ကစားမယ့် ပြိုင်ဘက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကီရီကိုချိုကို သွားရောက်ကြည့်ရှုခိုင်းတယ်လို့ ဆိုပါတယ်။
အံ့အားသင့်စရာကောင်းတာက ၁၉၈၂ ခုနှစ်မှာ အက်စ်တူဒီယန်းတေးစ်အသင်းဟာ ဘိုကာဂျူနီယာတစ်သင်းကိုပဲ ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာကြောင့် ဘီလာဒိုက အသင်းရဲ့လာဒ်ကောင်(Mascot)အဖြစ် ကီရီကိုချိုကို မွေးစားခဲ့တာလည်းဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က တိုက်ဆိုင်တာလား၊ တကယ်ပဲလားဆိုတာတော့ မသိပေမယ့် ဘောလုံးသမားတွေက ပြိုင်ဘက်ကို ကျိန်ဆဲရင် “Kiricocho!”လို့ အော်ဟစ်လေ့ရှိပြီး အခု ချီလီနီကလည်း ဆာကာကို အဲဒီစကားလုံးနဲ့ကျိန်ဆဲခဲ့လို့ ဆာကာ ပယ်နယ်တီလွဲခဲ့ရတဲ့အတွက် ယုံရမလိုလိုဖြစ်နေတာတော့အမှန်ပါပဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆာကာ ပယ္နယ္တီမကန္ခင္ သူ႔ကို က်ိန္ဆဲခဲ့တယ္လို႔ ခ်ီလီနီ ဝန္ခံ
အီတလီအသင္းဝါရင့္ေနာက္ခံလူ ခ်ီလီနီက အဂၤလန္ကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့တဲ့ယူ႐ိုဗိုလ္လုပြဲမွာ ဆာကာ ပယ္နယ္တီမကန္ခင္ သူ႔ကို ပယ္နယ္တီလြဲေအာင္ က်ိန္စာတိုက္ခဲ့တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ အဲဒီပြဲမွာ ဆာကာဟာ အဂၤလန္အသင္းရဲ႕ ေနာက္ဆုံးပယ္နယ္တီကန္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ကန္ခ်က္ကို အီတလီဂိုးသမားဒြန္နာရမ္မာ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔ အီတလီအသင္းဟာ ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့ၿပီး ဒုတိယေျမာက္ အဓိကဆုဖလားဆြတ္ခူးဖို႔ေမွ်ာ္လင့္ေနတဲ့ အဂၤလန္အသင္းကေတာ့ အိမ္ကြင္းမွာ မ်က္ရည္ေတြနဲ႔သာအဆုံးသတ္ခဲ့ရပါတယ္။
ဒါေပမဲ့ ဆာကာ ပယ္နယ္တီကန္ဖို႔ ျပင္ဆင္ေနတုန္းမွာ ခ်ီလီနီက “Kiricocho!”လို႔ ေအာ္ဟစ္ခဲ့ၿပီး အဲဒီစကားလုံးဟာ ၿပိဳင္ဘက္ေတြ ကံဆိုးေအာင္လို႔ ေဘာလုံးသမားေတြက က်ိန္ဆဲတဲ့အဓိပၸါယ္ျဖစ္သလို လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေလာက္ကတည္းက အဲဒီစကားလုံးနဲ႔ က်ိန္ဆဲေလ့ရွိၾကပါတယ္။ ဆာကာကို ခ်ီလီနီ က်ိန္ဆဲေနတာတဲ့အျဖစ္အပ်က္ဟာ ႐ုပ္သံျပကြက္ေတြမွာ အထင္းသားျမင္ေတြ႕ခဲ့ရၿပီး ESPN သတင္းဌာနက အဲဒီကိစၥနဲ႔ပတ္သက္လို႔ ခ်ီလီနီကို ေမးျမန္းခဲ့ေတာ့ သူက အမွန္အတိုင္းဝန္ခံခဲ့ပါတယ္။
“Kiricocho!”က်ိန္စာဆိုတာက ေဘာလုံးသမားေတြ ယုံၾကည္ထားတဲ့ အစဥ္အလာတစ္ခုျဖစ္ၿပီး အဲဒါနဲ႔ပတ္သက္တဲ့ ဇာတ္လမ္းတစ္ပုဒ္လည္းရွိပါတယ္။ ၁၉၈၀ ဝန္းက်င္ကာလေတြမွာ ဟြမ္ကားလို႔စ္ကီရီကိုခ်ိဳလို႔ အမည္ရတဲ့ အာဂ်င္တီးနားကလပ္ အက္စ္တူဒီယန္းေတးစ္အသင္း အမာခံပရိသတ္တစ္ဦးရွိခဲ့ၿပီး အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ သူလာၾကည့္တဲ့အခါတိုင္း အက္စ္တူဒီယန္းေတးစ္ကစားသမားေတြထဲက တစ္ေယာက္မဟုတ္တစ္ေယာက္ အၿမဲဒဏ္ရာရေလ့ရွိတာကို အသင္းနည္းျပဘီလာဒိုက သတိျပဳမိခဲ့ပါတယ္။
အဲဒါေၾကာင့္ ဘီလာဒိုက ကီရီကိုခ်ိဳရဲ႕ အစြမ္းကို ၿပိဳင္ဘက္အသင္းေတြ ဒုကၡေရာက္ေအာင္အသုံးခ်တဲ့အေနနဲ႔ အက္စ္တူဒီယန္းေတးစ္အသင္းနဲ႔ကစားမယ့္ ၿပိဳင္ဘက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ကီရီကိုခ်ိဳကို သြားေရာက္ၾကည့္ရႈခိုင္းတယ္လို႔ ဆိုပါတယ္။ အံ့အားသင့္စရာေကာင္းတာက ၁၉၈၂ ခုႏွစ္မွာ အက္စ္တူဒီယန္းေတးစ္အသင္းဟာ ဘိုကာဂ်ဴနီယာတစ္သင္းကိုပဲ ရႈံးနိမ့္ခဲ့ၿပီး အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ဘီလာဒိုက အသင္းရဲ႕လာဒ္ေကာင္(Mascot)အျဖစ္ ကီရီကိုခ်ိဳကို ေမြးစားခဲ့တာလည္းျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္က တိုက္ဆိုင္တာလား၊ တကယ္ပဲလားဆိုတာေတာ့ မသိေပမယ့္ ေဘာလုံးသမားေတြက ၿပိဳင္ဘက္ကို က်ိန္ဆဲရင္ “Kiricocho!”လို႔ ေအာ္ဟစ္ေလ့ရွိၿပီး အခု ခ်ီလီနီကလည္း ဆာကာကို အဲဒီစကားလုံးနဲ႔က်ိန္ဆဲခဲ့လို႔ ဆာကာ ပယ္နယ္တီလြဲခဲ့ရတဲ့အတြက္ ယုံရမလိုလိုျဖစ္ေနတာေတာ့အမွန္ပါပဲ။