ဆာကာအပေါ် အဝင်ကြမ်းတာကို အနီကတ်မပြလို့ ဒေါသထွက်နေတဲ့ အာတီတာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပဲလေ့စ်နဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ သူတို့ကစားသမားဆာကာအပေါ် ပြိုင်ဘက်ကွင်းလယ်လူမက်အာသာက အနောက်ကနေအဝင်ကြမ်းခဲ့တာကို အနီကတ်မပြတာနဲ့ပတ်သက်လို့ အာဆင်နည်းပြအာတီတာတစ်ယောက် ဒေါသထွက်နေပါတယ်။

မက်အာသာဟာ အဲဒီအင်္ဂလန်လက်ရွေးစင်ကို ပထမပိုင်းပြီးခါနီးမှာ အနောက်ကနေ ခြေထောက်ဖြတ်ကန်ခဲ့တာပါ။

မက်အာသာရဲ့အဲဒီလိုအဝင်ကြမ်းမှုကြောင့် ဆာကာတစ်ယောက် အတော်လေးနာကျင်သွားခဲ့ပုံရပြီး ဒုတိယပိုင်းမစခင်မှာပဲ လိုကွန်ဂါနဲ့လူစားလဲခံခဲ့ရတာပါ။

၃၄ နှစ်အရွယ် စကော့တလန်သားမက်အာသာကတော့ အဲဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်မိုက်ဒင်းရဲ့အဝါကတ်သာ ပြခံခဲ့ရပါတယ်။

ဒါပေမဲ့ အာတီတာကတော့ ဒီကိစ္စမှာ အနီကတ်မပြခဲ့တာနဲ့ပတ်သက်လို့ မယုံကြည်နိုင် ဖြစ်နေပါတယ်။

”ဒါကြီးက သေချာပေါက် အနီကတ်ပါဗျာ။ ကွင်းထဲမှာ သူ(မက်အာသာ)ဆက်ရှိနေတာကို ကျွန်တော်နားမလည်နိုင်ဘူး။

ဆာကာဆို ဆက်မကစားနိုင်တော့လု့ိ ကျွန်တော်တို့လူစားလဲလိုက်ရတယ်။

အဲဒီနေရာမှာ သူအရမ်းနာကျင်သွားတာပါ”လို့ ပွဲအပြီးမှာ Sky Sports ရုပ်သံကို ပြောကြားခဲ့ပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါကလည်း အာတီတာနဲ့သဘောထားတူခဲ့ပြီး အဲဒါဟာ VAR ရဲ့သိသာထင်ရှားတဲ့အမှားတစ်ခုလို့ ပြောကြားလိုက်ပါတယ်။

”ဆာကာကို မက်အာသာ မမြင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

အဲဒီနေရာမှာ မက်အာသာသာ အထုတ်ခံရမယ်ဆိုရင် ဘယ်သူကမှ စောဒကတက်နေစရာလည်း မရှိတော့ဘူး။

ဒီလိုဆုံးဖြတ်ချက်မျိုးကျတော့ VAR က အများကြီးပြောင်းလဲလို့ရတယ်လို့ ခံစားမိပါတယ်။

အဲဒါဟာ သိသားထင်ရှားတဲ့အမှားတစ်ခုပါ။ ပြန်ပြောင်းသင့်တဲ့အခြေအနေတစ်ခုပါပဲ”လို့ ကာရေဂါက ဆိုခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ ပဲလေ့စ်နည်းပြဗီအဲရာကတော့ အဲဒီအဖြစ်အပျက်ကို မတွေ့လိုက်ဘူးလို့ မသိချင်ယောင်ဆောင်လိုက်ပါတယ်။

အဲဒီအချိန်မှာ အာဆင်နယ်က ၁-၀ နဲ့ ဦးဆောင်နေတာဖြစ်လု့ိ ပဲလေ့စ်ဘက်က တစ်ယောက်အထုတ်ခံလိုက်ရမယ်ဆိုရင် ပွဲအခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။

အဲဒီလိုမဟုတ်ခဲ့ဘဲ ပဲလေ့စ်က ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက်ပြန်သွင်းခဲ့ကာ အာဆင်နယ်ဟာ လာကာဇက်တီရဲ့နောက်ဆုံးမိနစ်ချေပဂိုးရလို့သာ မရှုံးခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆာကာအေပၚ အဝင္ၾကမ္းတာကို အနီကတ္မျပလို႔ ေဒါသထြက္ေနတဲ့ အာတီတာ

ပဲေလ့စ္နဲ႔လန္ဒန္ဒါဘီပြဲစဥ္မွာ သူတို႔ကစားသမားဆာကာအေပၚ ၿပိဳင္ဘက္ကြင္းလယ္လူမက္အာသာက အေနာက္ကေနအဝင္ၾကမ္းခဲ့တာကို အနီကတ္မျပတာနဲ႔ပတ္သက္လို႔ အာဆင္နည္းျပအာတီတာတစ္ေယာက္ ေဒါသထြက္ေနပါတယ္။

မက္အာသာဟာ အဲဒီအဂၤလန္လက္ေ႐ြးစင္ကို ပထမပိုင္းၿပီးခါနီးမွာ အေနာက္ကေန ေျခေထာက္ျဖတ္ကန္ခဲ့တာပါ။

မက္အာသာရဲ႕အဲဒီလိုအဝင္ၾကမ္းမႈေၾကာင့္ ဆာကာတစ္ေယာက္ အေတာ္ေလးနာက်င္သြားခဲ့ပုံရၿပီး ဒုတိယပိုင္းမစခင္မွာပဲ လိုကြန္ဂါနဲ႔လူစားလဲခံခဲ့ရတာပါ။

၃၄ ႏွစ္အ႐ြယ္ စေကာ့တလန္သားမက္အာသာကေတာ့ အဲဒီျဖစ္ရပ္အတြက္ ကြင္းလယ္ဒိုင္မိုက္ဒင္းရဲ႕အဝါကတ္သာ ျပခံခဲ့ရပါတယ္။

ဒါေပမဲ့ အာတီတာကေတာ့ ဒီကိစၥမွာ အနီကတ္မျပခဲ့တာနဲ႔ပတ္သက္လို႔ မယုံၾကည္ႏိုင္ ျဖစ္ေနပါတယ္။

”ဒါႀကီးက ေသခ်ာေပါက္ အနီကတ္ပါဗ်ာ။ ကြင္းထဲမွာ သူ(မက္အာသာ)ဆက္ရွိေနတာကို ကြၽန္ေတာ္နားမလည္ႏိုင္ဘူး။ ဆာကာဆို ဆက္မကစားႏိုင္ေတာ့လု႔ိ ကြၽန္ေတာ္တို႔လူစားလဲလိုက္ရတယ္။ အဲဒီေနရာမွာ သူအရမ္းနာက်င္သြားတာပါ”လို႔ ပြဲအၿပီးမွာ Sky Sports ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။

ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါကလည္း အာတီတာနဲ႔သေဘာထားတူခဲ့ၿပီး အဲဒါဟာ VAR ရဲ႕သိသာထင္ရွားတဲ့အမွားတစ္ခုလို႔ ေျပာၾကားလိုက္ပါတယ္။

”ဆာကာကို မက္အာသာ မျမင္ဘူးဆိုတာ မျဖစ္ႏိုင္ပါဘူး။ အဲဒီေနရာမွာ မက္အာသာသာ အထုတ္ခံရမယ္ဆိုရင္ ဘယ္သူကမွ ေစာဒကတက္ေနစရာလည္း မရွိေတာ့ဘူး။ ဒီလိုဆုံးျဖတ္ခ်က္မ်ိဳးက်ေတာ့ VAR က အမ်ားႀကီးေျပာင္းလဲလို႔ရတယ္လို႔ ခံစားမိပါတယ္။ အဲဒါဟာ သိသားထင္ရွားတဲ့အမွားတစ္ခုပါ။ ျပန္ေျပာင္းသင့္တဲ့အေျခအေနတစ္ခုပါပဲ”လို႔ ကာေရဂါက ဆိုခဲ့တာပါ။

အာဆင္နယ္ကစားသမားေဟာင္းျဖစ္တဲ့ ပဲေလ့စ္နည္းျပဗီအဲရာကေတာ့ အဲဒီအျဖစ္အပ်က္ကို မေတြ႕လိုက္ဘူးလို႔ မသိခ်င္ေယာင္ေဆာင္လိုက္ပါတယ္။

အဲဒီအခ်ိန္မွာ အာဆင္နယ္က ၁-၀ နဲ႔ ဦးေဆာင္ေနတာျဖစ္လု႔ိ ပဲေလ့စ္ဘက္က တစ္ေယာက္အထုတ္ခံလိုက္ရမယ္ဆိုရင္ ပြဲအေျခအေနက ေျပာင္းလဲသြားႏိုင္ပါတယ္။

အဲဒီလိုမဟုတ္ခဲ့ဘဲ ပဲေလ့စ္က ဒုတိယပိုင္းမွာ ၂ ဂိုးဆက္တိုက္ျပန္သြင္းခဲ့ကာ အာဆင္နယ္ဟာ လာကာဇက္တီရဲ႕ေနာက္ဆုံးမိနစ္ေခ်ပဂိုးရလို႔သာ မရႈံးခဲ့တာပါ။