ဆာကာနဲ့ လာကာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲရယူနိုင်ခဲ့တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ်အသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ၂ဂိုးပြတ် အနိုင်ယူကာ ဥရောပဝင်ခွင့် အိပ်မက် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဒီပွဲမှာတော့ မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ လူငယ်လေး ဆာကာက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။


ယခုနိုင်ပွဲကြောင့် ဂန်းနားတွေဟာ ဝုဗ်နဲ့ ၃မှတ်အကွာ၊ ယူနိုက်တက်နဲ့ ၆မှတ်အကွာမှာ ရှိနေကာ အဆင့်၇နေရာကို ဆက်ထိန်းထားခဲ့ပါတယ်။ ပထမပိုင်းစစချင်းမှာပဲ ထရာအိုရေး အခွင့်အရေး ရခဲ့ပေမဲ့ မာတီနက်ဇ် ချက်ခြင်းဆိုသလို ကာကွယ်နိုင်ခဲ့ပါတယ်။


အာဆင်နယ်တို့ တစ်ချိန်လုံးလိုလို ထိုးဖောက်ကစားနေခဲ့ကာ ပွဲချိန် ၄၃မိနစ်မှာတော့ တီယာရေး ဖြတ်တင်ဘောက နောက်ခံလူနဲ့ ထိပြီး လည်ထွက်လာတာကို ဆာကာက မြေမကျ ကန်သွင်းကာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဝုဗ်တို့ အကောင်းဆုံး အခွင့်အရေး အနေနဲ့ ထရာအိုရေး အပိုင်အခွင့်အရေး ရခဲ့ကာ မာတီနက်ဇ်ကို ကျော်ထည့်ခဲ့ပေမဲ့ ဘောလုံးက ဘားတန်းပေါ်ကနေ ကျော်တတ်သွားခဲ့ပါတယ်။


ဝုဗ်တို့ တိုက်စစ်တွေကို အာဆင်နယ်က အကောင်းဆုံး ထိန်းချုပ်သွားခဲ့ကာ မြေခွေးတွေ ဂိုးပေါက်တည့်မှု ၁ကြိမ်မှတောင် မရှိခဲ့ပါဘူး။ ပွဲချိန် ၈၅မိနစ်မှာတော့ လူစားဝင်လာတဲ့ လာကာဇက်က အကောင်းဆုံး ကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။


သိပ်မကြာခင်မှာပဲ ဝီလ်လော့ခ် အပိုင်အခွင့်အရေး ရခဲ့ပေမဲ့ ရူဘင် နီဗက်စ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ဝုဗ်တို့ ယူနိုက်တက်နဲ့ ၃မှတ်ကွာဟသွားခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။