“ဆာကာက အသက်အရွယ်နဲ့ မလိုက်အောင်ကောင်းမွန်ပါတယ် ။” _ အာတီဝာာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မီခဲလ် အာတီတာက ဆောက်သမ်တန်အသင်းကို ( ၃ -၁ ) အနိုင်ရရှိခဲ့တဲ့ပွဲစဥ်မှာ Man of the Match စွမ်းဆောင်ရည် ပြသခဲ့တဲ့ ဘာကာယို ဆာကာဟာ အရွက်နဲ့ မလိုက်တဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ထားနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။


အသက် ( ၁၉ ) နှစ် အရွယ် ကစားသမားဟာ ( ၁ ) ဂိုး သွင်း ၊ ( ၁ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပွဲစဥ် ( ၆ ) ပွဲမှာ ( ၅ ) ပွဲထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အာဆင်နယ်အသင်းကို နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဇယားအလယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
နည်းပြအာတီတာကတော့ အဆိုပါကာလအတွင်း ( ၄ ) ဂိုးသွင်းယူပြီး ( ၂ ) ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ဆာကာကို အသက်အရွယ်နဲ့ မမျှတဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ် ကစားသမားလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အာတီတာက BT Sport နဲ့ တွေ့ဆုံရာမှာ “သူ ( ဆာကာ ) က ကိုယ့်ကိုယ်ကိုယ် အရမ်း နှိမ့်ချပြီး သူတပါးကို ရိုသေလေ့ရှိသူပါ။ တစ်ဖက်မှာလည်း ဘောလုံးစွမ်းဆောင်ရည်တွေ နှင့် ဆုံးဖြတ်ချက်တွေက အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်လှပါတယ် ။ ကျွန်တော်တို့မှာ အဲ့ဒီလို ခေါင်းဆောင်မှုမျိုး လိုအပ်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။

“သူက ဒီရာသီမှာ အရမ်းကို ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားပါ။ ကျွန်တော်တို့က သူ့ကို နေရာအမျိုးမျိုး ထားပြီး သုံးကြည့်ပါတယ် ။ သူက လိုက်လျောညီထွေမှုရှိရှိ ကစားနိုင်တာ တွေ့ရပါတယ် ။ သူ့ရဲ့ အဆုံးသတ်ပိုင်း ၊ ဖန်တီးပေးမှု နှင့် တွဲဖက် ကစားတာတွေက အရမ်းကောင်းမွန်ပါတယ်။ ဒီနေ့ ပွဲစဥ်မှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။”

အာဆင်နယ်အသင်းဟာ ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ( ၈ ) နေရာကို ‌ေရာက်ရှိလာပြီး လာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်ကို အမ်းမရိတ်မှာ လက်ခံကစားရဖို့ရှိနေပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“ဆာကာက အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ေကာင္းမြန္ပါတယ္ ။” _ အာတီဝာာ

မီခဲလ္ အာတီတာက ေဆာက္သမ္တန္အသင္းကို ( ၃ -၁ ) အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ Man of the Match စြမ္းေဆာင္ရည္ ျပသခဲ့တဲ့ ဘာကာယို ဆာကာဟာ အ႐ြက္နဲ႔ မလိုက္တဲ့ ဆုံးျဖတ္ခ်က္ေတြ ျပဳလုပ္ထားႏိုင္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္ ။
အသက္ ( ၁၉ ) ႏွစ္ အ႐ြယ္ ကစားသမားဟာ ( ၁ ) ဂိုး သြင္း ၊ ( ၁ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ကာ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၆ ) ပြဲမွာ ( ၅ ) ပြဲထိ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး အာဆင္နယ္အသင္းကို ႏိုဝင္ဘာလ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဇယားအလယ္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။
နည္းျပအာတီတာကေတာ့ အဆိုပါကာလအတြင္း ( ၄ ) ဂိုးသြင္းယူၿပီး ( ၂ ) ဂိုးသြင္းယူထားႏိုင္ခဲ့တဲ့ ဆာကာကို အသက္အ႐ြယ္နဲ႔ မမွ်တဲ့ ေခါင္းေဆာင္မႈ စြမ္းရည္ေတြကို ပိုင္ဆိုင္ထားတဲ့ လူငယ္ ကစားသမားလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

အာတီတာက BT Sport နဲ႔ ေတြ႕ဆုံရာမွာ “သူ ( ဆာကာ ) က ကိုယ့္ကိုယ္ကိုယ္ အရမ္း ႏွိမ့္ခ်ၿပီး သူတပါးကို ႐ိုေသေလ့ရွိသူပါ ။ တစ္ဖက္မွာလည္း ေဘာလုံး စြမ္းေဆာင္ရည္ေတြ ႏွင့္ ဆုံးျဖတ္ခ်က္ေတြက အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ေကာင္းမြန္လွပါတယ္ ။ ကြၽန္ေတာ္တို႔မွာ အဲ့ဒီလို ေခါင္းေဆာင္မႈမ်ိဳး လိုအပ္ပါတယ္ ။” ဟု ေျပာဆိုခဲ့ပါတယ္။

“သူက ဒီရာသီမွာ အရမ္းကို ေျခစြမ္းတည္ၿငိမ္တဲ့ ကစားသမားပါ။ ကြၽန္ေတာ္တို႔က သူ႔ကို ေနရာအမ်ိဳးမ်ိဳး ထားၿပီး သုံးၾကည့္ပါတယ္ ။ သူက လိုက္ေလ်ာညီေထြမႈရွိရွိ ကစားႏိုင္တာ ေတြ႕ရပါတယ္ ။ သူ႔ရဲ႕ အဆုံးသတ္ပိုင္း ၊ ဖန္တီးေပးမႈ ႏွင့္ တြဲဖက္ ကစားတာေတြက အရမ္းေကာင္းမြန္ပါတယ္။ ဒီေန႔ ပြဲစဥ္မွာလည္း သူရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။” အာဆင္နယ္အသင္းဟာ ယခုႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယား အဆင့္ ( ၈ ) ေနရာကို ‌ေရာက္ရွိလာၿပီး လာမယ့္ တနဂၤေႏြေန႔မွာ ယူႏိုက္တက္ကို အမ္းမရိတ္မွာ လက္ခံကစားရဖို႔ရွိေနပါတယ္။