

ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီက လီဗန်တေးနဲ့ ပွဲမှာအရေးနိမ့်ခဲ့တဲ့ဖြစ်ရပ်ကို ချန်ထားပြီး ဆလားဘီးယားပရက်နဲ့ ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လည်တုံ့ပြန်ဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ဘာစီလိုနာဟာ လီဗန်တေးကို အဝေးကွင်းမှာ ၃-၁ နဲ့ရှုံးနိမ့်ခဲ့ရတာပါ။
အဲဒီပွဲမှာ ဘာစီလိုနာဟာ ပထမပိုင်းကတည်းက မက်ဆီရဲ့ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗန်တေးက ဒုတိယပိုင်း ၆၁ မိနစ်နဲ့ ၆၈ မိနစ်အတွင်းမှာ ၃ ဂိုးသွင်းယူပြီးအနိုင်ရခဲ့တာပါ။ ဒါကြောင့် ၈ မိနစ်တာကာလအတွင်း ၃ ဂိုးပေးလိုက်ရလို့ ဗယ်ဗာဒီအပေါ်လည်း အပြင်းအထန်ဝေဖန်မှုတွေရှိနေတာပါ။

လက်ရှိမှာ ဘာစီလိုနာဟာ ရေးဗားပလိတ်အသင်းနည်းပြ ဂါလာဒိုကို ဆက်သွယ်နေလို့ ဗယ်ဗာဒီထုတ်ပယ်ခံရဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သူကတော့ ဝေဖန်မှုတွေနဲ့ အရှုံးရလဒ်ကိုမေ့ပစ်ပြီး ဆလားဘီးယားပရက်နဲ့ ပွဲမှာအကောင်းဆုံးပြန်လည်တုံ့ပြန်ဖို့ သာအာရုံစိုက်မယ်လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာဟာ ချက်ကလပ် ဆလားဘီးယားကို ဒီကနေ့ညအိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ၃ ၂သင်းအဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ဗယ်ဗာဒီက”ကျွန်တော်တို့တွေ ရလဒ်ဆက်တိုက်ကောင်းပြီးမှ ရလဒ်ဆိုးမှုနဲ့ ပြန်လည်ကြုံခဲ့ရတာပါ။ အဆိုးဆုံးအချိန်ဆိုရင်လည်း မမှားဘူးပေါ့။

ဒါပေမယ့် ဘောလုံးမှာအရာရာဟာလျင်မြန်စွာဖြစ်ပျက်နေတာပါ။ ဒါကြောင့် အပြောင်းအလဲကိုလည်း အလျင်အမြန်ပြုလုပ်ဖို့ အခွင့်အရေးရထားပါတယ်။ ရှုံ့းပွဲကိုမေ့ပစ်နိုင်ဖို့အတွက် အရေးပါဆုံးပွဲမှာ အကောင်းဆုံးကစားပြနိုင်ရမှာပါ” လို့ပြောသွားပါတယ်။

Zawgyi
ဆလားဘီးယားပရက္နဲ႔ပြဲမွာ ျပန္လည္တုံ႔ျပန္ဖို႔ ဗယ္ဗာဒီတိုက္တြန္း
ဘာစီလိုနာအသင္းနည္းျပ ဗယ္ဗာဒီက လီဗန္ေတးနဲ႔ ပြဲမွာအေရးနိမ့္ခဲ့တဲ႔ျဖစ္ရပ္ကို ခ်န္ထားၿပီး ဆလားဘီးယားပရက္နဲ႔ ပြဲမွာ အေကာင္းဆုံးပုံစံနဲ႔ ျပန္လည္တုံ႔ျပန္ဖို႔ အသင္းသားေတြကို တိုက္တြန္းလိုက္ပါတယ္။ ဘာစီလိုနာဟာ လီဗန္ေတးကို အေ၀းကြင္းမွာ ၃-၁ နဲ႔ရႈံးနိမ့္ခဲ့ရတာပါ။
အဲဒီပြဲမွာ ဘာစီလိုနာဟာ ပထမပိုင္းကတည္းက မက္ဆီရဲ႕ပင္နယ္တီနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ္႔ လီဗန္ေတးက ဒုတိယပိုင္း ၆၁ မိနစ္နဲ႔ ၆၈ မိနစ္အတြင္းမွာ ၃ ဂိုးသြင္းယူၿပီးအႏုိင္ရခဲ့တာပါ။ ဒါေၾကာင့္ ၈ မိနစ္တာကာလအတြင္း ၃ ဂိုးေပးလိုက္ရလို႔ ဗယ္ဗာဒီအေပၚလည္း အျပင္းအထန္ေ၀ဖန္မႈေတြရွိေနတာပါ။
လက္ရွိမွာ ဘာစီလိုနာဟာ ေရးဗားပလိတ္အသင္းနည္းျပ ဂါလာဒိုကို ဆက္သြယ္ေနလို႔ ဗယ္ဗာဒီထုတ္ပယ္ခံရဖို႔ရွိေနတယ္ဆိုၿပီး သတင္းေတြထြက္ေပၚေနပါတယ္။ ဒါေပမယ္႔ သူကေတာ႔ ေ၀ဖန္မႈေတြနဲ႔ အရႈံးရလဒ္ကိုေမ႔ပစ္ၿပီး ဆလားဘီးယားပရက္နဲ႔ ပြဲမွာအေကာင္းဆုံးျပန္လည္တုံ႔ျပန္ဖို႔ သာအာရုံစိုက္မယ္လို႔ ဆိုခဲ့ပါတယ္။
ဘာစီလိုနာဟာ ခ်က္ကလပ္ ဆလားဘီးယားကို ဒီကေန႔ညအိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး အႏိုင္ရခဲ့ရင္ ၃ ၂သင္းအဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းသြားမွာျဖစ္ပါတယ္။ဗယ္ဗာဒီက”က်ြန္ေတာ္တို႔ေတြ ရလဒ္ဆက္တိုက္ေကာင္းၿပီးမွ ရလဒ္ဆိုးမႈနဲ႔ ျပန္လည္ႀကံဳခဲ့ရတာပါ။ အဆိုးဆုံးအခ်ိန္ဆိုရင္လည္း မမွားဘူးေပါ့။
ဒါေပမယ္႔ ေဘာလုံးမွာအရာရာဟာလ်င္ျမန္စြာျဖစ္ပ်က္ေနတာပါ။ ဒါေၾကာင့္ အေျပာင္းအလဲကိုလည္း အလ်င္အျမန္ျပဳလုပ္ဖို႔ အခြင့္အေရးရထားပါတယ္။ ရႈ့ံးပြဲကိုေမ႔ပစ္ႏိုင္ဖို႔အတြက္ အေရးပါဆုံးပြဲမွာ အေကာင္းဆုံးကစားျပႏိုင္ရမွာပါ” လို႔ေျပာသြားပါတယ္။