
photo-sport bible
photo-marca
မန်ယူမှာရှိခဲ့စဉ် ဝေဖန်မှုတွေကြုံတွေ့ခဲ့ရတဲ့ လူကာကူတစ်ယောက် အသင်းသစ်အင်တာမှာတော့ ချက်ချင်းအထိုင်ကျခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ ဗုဒ္ဓဟူးညက ကစားသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ အင်တာအတွက် အံ့မခန်းဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အင်တာအတွက် စတင်ဦးဆောင်နိုင်စေမယ့် လော်တာရိုမာတီနက်ဇ်ရဲ့အဖွင့်ဂိုးကို သူက တစ်ကိုယ်တော်အစွမ်းနဲ့ ဖန်တီးပေးနိုင်ခဲ့တာပါ။
photo-gettyimages
လူကာကူဟာ ကွင်းလယ်လောက်မှာ ဆလားဗီးယားကစားသမားတစ်ယောက်နဲ့ ဘောလုံးယှဉ်လုရင်း မြောက်တက်သွားတဲ့ဘောလုံးကို သေသေသပ်သပ်နဲ့ ထိန်းပြီး ဆွဲပြေးယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ခွန်အားနဲ့ စကေးကို အသုံးပြုပြီး ပြိုင်ဘက်နောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ကာ လော်တာရိုမာတီနက်ဇ်သွင်းယူဖို့ ဖြတ်ပို့ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုရှယ်မီဒီယာပေါ်မှာ အဲဒီပွဲက လူကာကူရဲ့ဂိုးဖန်တီးမှုနဲ့ပတ်သက်လို့ ချီးကျူးနေကြတာပါ။
https://twitter.com/i/status/1199785291663495169
လူကာကူဟာ ဒီရာသီမှာလည်း အင်တာအတွက် စီးရီးအေ ၁၀ ဂိုးသွင်းယူပေးထားပြီး စီးရီးအေဂိုးအများဆုံးသွင်းသူစာရင်းမှာ ဒုတိယနေရာက ရပ်တည်နေတာပါ။ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် မန်ယူမှာ တစ်ရာသီလုံးမှ ပရီးမီးယားလိဂ် ၁၂ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ လူကာကူရဲ့လက်ရှိခြေစွမ်းပြနေမှုကြောင့် အသင်းဟောင်းမန်ယူကတော့ အခုချိန်မှာ လက်လွှတ်ခဲ့တဲ့အပေါ် နောင်တရနေလောက်ပါပြီ။ ဆိုးလ်ရှားက အတတ်နိုင်ဆုံးတားခဲ့ပေမယ့်လည်း လူကာကူကိုယ်တိုင်က အသင်းကနေ ထွက်ချင်တာဆိုတော့ မန်ယူအတွက် ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။
[Zawgyi]
ဆလားဗီးယားနဲ႔ပြဲက အင္တာအတြက္ အံ့မခန္းဂိုးဖန္တီးေပးမႈနဲ႔ မန္ယူကုိေနာင္တရေစမယ့္ လူကာကူ
မန္ယူမွာရွိခဲ့စဥ္ ေ၀ဖန္မႈေတြႀကဳံေတြ႕ခဲ့ရတဲ့ လူကာကူတစ္ေယာက္ အသင္းသစ္အင္တာမွာေတာ့ ခ်က္ခ်င္းအထိုင္က်ခဲ့ၿပီး အေကာင္းဆုံးေျခစြမ္းျပေနပါတယ္။ ဗုဒၶဟူးညက ကစားသြားတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း အဲဒီဘယ္လ္ဂ်ီယံတုိက္စစ္မႈးဟာ အင္တာအတြက္ အံ့မခန္းဂုိးဖန္တီးမႈတစ္ခု ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။ အင္တာအတြက္ စတင္ဦးေဆာင္ႏိုင္ေစမယ့္ ေလာ္တာရိုမာတီနက္ဇ္ရဲ႕အဖြင့္ဂိုးကို သူက တစ္ကုိယ္ေတာ္အစြမ္းနဲ႔ ဖန္တီးေပးႏိုင္ခဲ့တာပါ။
လူကာကူဟာ ကြင္းလယ္ေလာက္မွာ ဆလားဗီးယားကစားသမားတစ္ေယာက္နဲ႔ ေဘာလုံးယွဥ္လုရင္း ေျမာက္တက္သြားတဲ့ေဘာလုံးကို ေသေသသပ္သပ္နဲ႔ ထိန္းၿပီး ဆြဲေျပးယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ခြန္အားနဲ႔ စေကးကို အသုံးျပဳၿပီး ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ေယာက္ကုိ ေက်ာ္ျဖတ္ကာ ေလာ္တာရိုမာတီနက္ဇ္သြင္းယူဖို႔ ျဖတ္ပို႔ေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဆုိရွယ္မီဒီယာေပၚမွာ အဲဒီပြဲက လူကာကူရဲ႕ဂိုးဖန္တီးမႈနဲ႔ပတ္သက္လုိ႔ ခ်ီးက်ဴးေနၾကတာပါ။
လူကာကူဟာ ဒီရာသီမွာလည္း အင္တာအတြက္ စီးရီးေအ ၁၀ ဂိုးသြင္းယူေပးထားၿပီး စီးရီးေအဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာ ဒုတိယေနရာက ရပ္တည္ေနတာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းကဆိုရင္ မန္ယူမွာ တစ္ရာသီလုံးမွ ပရီးမီးယားလိဂ္ ၁၂ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။ လူကာကူရဲ႕လက္ရွိေျခစြမး္ျပေနမႈေၾကာင့္ အသင္းေဟာင္းမန္ယူကေတာ့ အခုခ်ိန္မွာ လက္လႊတ္ခဲ့တဲ့အေပၚ ေနာင္တရေနေလာက္ပါၿပီ။ ဆုိးလ္ရွားက အတတ္ႏိုင္ဆုံးတားခဲ့ေပမယ့္လည္း လူကာကူကုိယ္တုိင္က အသင္းကေန ထြက္ခ်င္တာဆုိေတာ့ မန္ယူအတြက္ ဘယ္လုိမွ မတတ္ႏိုင္ခဲ့ပါဘူး။