
Photo Credit
Photo Credit
စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ထူးထူးခြားခြားဖြစ်ရပ်ကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ သူဟာ ကွင်းဘေးစည်းမှာ ဆောက်သမ်တန်နည်းပြအဖွဲ့ရှိရာ သွားပြီး ပြိုင်ဘက်အသင်းရဲ့နည်းဗျူဟာကို ရုပ်တည်ကြီးနဲ့ ဝင်ဖတ်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရတာပါ။
Photo Credit
ဆောက်သမ်တန်ဟာ ဒီပွဲမှာ စပါးအသင်း ဘယ်လိုမှမယှဉ်နိုင်အောင် ခြေစွမ်းပြကစားနိုင်ခဲ့လို့ မော်ရင်ညိုလည်း ပြိုင်ဘက်အသင်းရဲ့နည်းဗျူဟာက ဘယ်လောက်များကောင်းနေလဲဆိုပြီး စူးစမ်းချင်စိတ်ပေါက်သွားတာနဲ့ သူကိုယ်တိုင် တပ်အပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
https://twitter.com/r3al__AJ/status/1212422709495443461
Video Credit
ရုပ်သံကင်မရာတွေကလည်း မော်ရင်ညိုရဲ့အခြေအနေကို မလွတ်တမ်း ရိုက်ပြနိုင်ခဲ့ပြီး မော်ရင်ညိုတစ်ယောက် ဆောက်သမ်တန်အရန်ခုံတန်းဆီသွားကာ ဆောက်သမ်တန်နည်းပြတစ်ဦး ကိုင်ထားတဲ့ နည်းဗျူဟာမှတ်စုတချို့ကို ကြည့်ရှုခဲ့တာပါ။
Photo Credit
သူ့အတွက် ကံမကောင်းဖြစ်သွားတာက အဲဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင် မိုက်ဒင်း သိသွားတာဖြစ်ပြီး သူက မော်ရင်ညိုကို အဝါကတ်ပြသခဲ့ပါတယ်။
Photo Credit
ဆောက်သမ်တန်ဟာ တိုက်စစ်မှူး ဒန်နီအင့်စ်ရဲ့အစောပိုင်းသွင်းဂိုးကြောင့် အရေးပါတဲ့ ၃ မှတ်ရယူနိုင်ခဲ့ပြီး လီဗာပူးတိုက်စစ်မှူးဟောင်းက အယ်လ်ဒါဝီရယ်လ်ကို အသာလေးတစ်ချက်ကျော် အရူးလုပ်ကာ ဘယ်ခြေနဲ့ ဂိုးသမားမထင်ထားတဲ့ ဘယ်ဘက်ခြမ်းကို သွင်းယူခဲ့တာဖြစ်ပါတယ်။
Photo Credit
စပါးအသင်းကတော့ ရှေ့မှာ ချဲလ်ဆီးအသင်း ဘရိုက်တန်နဲ့ ၁-၁ ဂိုးသရေကျခဲ့ရတာကို အခွင့်ကောင်းမယူနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်ကွာဟသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ဆရာေမာ္တုိ႔ကေတာ့ လုပ္လုိက္ရင္ အထူးအဆန္းေတြခ်ည္းပဲ…ေဆာက္သမ္တန္နဲ႔ပဲြမွာ ေမာ္ရင္ညိဳ အ၀ါကတ္ျပသခံရတဲ့အေၾကာင္းရင္း
စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳဟာ ေဆာက္သမ္တန္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ထူးထူးျခားျခားျဖစ္ရပ္ေၾကာင့္ အ၀ါကတ္ျပသခံခဲ့ရပါတယ္။ သူဟာ ကြင္းေဘးစည္းမွာ ေဆာက္သမ္တန္နည္းျပအဖြဲ႕ရွိရာ သြားၿပီး ၿပိဳင္ဘက္အသင္းရဲ႕နည္းဗ်ဴဟာကို ႐ုပ္တည္ႀကီးနဲ႔ ၀င္ဖတ္ခဲ့လုိ႔ အ၀ါကတ္ျပသခံခဲ့ရတာပါ။
ေဆာက္သမ္တန္ဟာ ဒီပြဲမွာ စပါးအသင္း ဘယ္လုိမွမယွဥ္ႏိုင္ေအာင္ ေျခစြမ္းျပကစားႏိုင္ခဲ့လုိ႔ ေမာ္ရင္ညိဳလည္း ၿပိဳင္ဘက္အသင္းရဲ႕နည္းဗ်ဴဟာက ဘယ္ေလာက္မ်ားေကာင္းေနလဲဆိုၿပီး စူးစမ္းခ်င္စိတ္ေပါက္သြားတာနဲ႔ သူကုိယ္တုိင္ တပ္အပ္ၾကည့္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
႐ုပ္သံကင္မရာေတြကလည္း ေမာ္ရင္ညိဳရဲ႕အေျခအေနကို မလြတ္တမ္း ႐ုိက္ျပႏိုင္ခဲ့ၿပီး ေမာ္ရင္ညိဳတစ္ေယာက္ ေဆာက္သမ္တန္အရန္ခုံတန္းဆီသြားကာ ေဆာက္သမ္တန္နည္းျပတစ္ဦး ကုိင္ထားတဲ့ နည္းဗ်ဴဟာမွတ္စုတခ်ိဳ႕ကို ၾကည့္႐ႈခဲ့တာပါ။
သူ႕အတြက္ ကံမေကာင္းျဖစ္သြားတာက အဲဒီျဖစ္ရပ္ကို ကြင္းလယ္ဒိုင္ မုိက္ဒင္း သိသြားတာျဖစ္ၿပီး သူက ေမာ္ရင္ညိဳကို အ၀ါကတ္ျပသခဲ့ပါတယ္။
ေဆာက္သမ္တန္ဟာ တုိက္စစ္မွဴး ဒန္နီအင့္စ္ရဲ႕အေစာပိုင္းသြင္းဂိုးေၾကာင့္ အေရးပါတဲ့ ၃ မွတ္ရယူႏိုင္ခဲ့ၿပီး လီဗာပူးတုိက္စစ္မွဴးေဟာင္းက အယ္လ္ဒါ၀ီရယ္လ္ကို အသာေလးတစ္ခ်က္ေက်ာ္ အ႐ူးလုပ္ကာ ဘယ္ေျခနဲ႔ ဂိုးသမားမထင္ထားတဲ့ ဘယ္ဘက္ျခမ္းကို သြင္းယူခဲ့တာျဖစ္ပါတယ္။
စပါးအသင္းကေတာ့ ေရွ႕မွာ ခ်ဲလ္ဆီးအသင္း ဘ႐ိုက္တန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့ရတာကို အခြင့္ေကာင္းမယူႏိုင္ခဲ့တာျဖစ္ၿပီး အခုဆုိရင္ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၆ မွတ္ကြာဟသြားခဲ့ပါတယ္။