ဆယ်လ်ဖီဆွဲဖို့ လာတဲ့သူကိုဒေါသတကြီးတုံ့ပြန်ခဲ့လို့ စီရော်နယ်ဒို ကိုအံအားသင့်နေကြ

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုဟာ လေဗာကူဆင်နဲ့ပွဲအပြီးမှာ သူ့ဆီဆယ်လ်ဖီဆွဲဖို့ ကွင်းထဲဝင်လာတဲ့သူကို ဒေါသတကြီးတုံ့ပြန်ခဲ့လို့ သူ့ရဲ့လုပ်ရပ်အပေါ် အံအားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဂျူ ဗင်တပ်က အဝေးကွင်းဖြစ်ပေမယ့် ၂-၀ နဲ့အနိုင်ရခဲ့တာပါ။

ပွဲမတိုင်ခင်ကတည်းက ဂျူ ဗင်တပ်ဟာနောက်တစ်ဆင့်တက်ပြီးဖြစ်ပေမယ့် စီရော်နယ်ဒို၊ ဟီဂူအင်တို့ရဲ့ဂိုးတွေနဲ့အတူအနိုင်ရခဲ့တာပါ။ စီရော်နယ်ဒိုဟာ ၇၅ မိနစ်မှာအဖွင့်ဂိုးသွင်းယူခဲ့လို့ ချန်ပီယံလိဂ်မှာသူ့ရဲ့ ၁၂၈ ဂိုးမြောက်ကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဟီဂူအင်ကတော့ နာကျင်အချိန်ပိုမှာဂိုးသွင်းခဲ့တာပါ။

Photo- Internet

ဒီပွဲအပြီးမှာ ပရိသတ်တစ်ဦးဟာ ကွင်းထဲဝင်လာပြီး စီရော်နယ်ဒိုရဲ့လက်ကိုဆွဲကာ ဆဲလ်ဖီရိုက်ဖို့လုပ်ခဲ့ပေမယ့် ကစားသမားက ဒေါသတကြီးတုံ့ပြန်ခဲ့လို့ လုံခြုံ ရေးတွေကလာကူညီပေးပြီး ကွင်းထဲဝင်လာသူကိုဆွဲထုတ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ စီရော်နယ်ဒိုဟာ လည်ပင်းကိုကိုင်ပြီးပွတ်ခဲ့တာကြောင့် နာကျင်ခဲ့ပုံရပေမယ့် ဘယ်လိုထိခိုက်ခဲ့သလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။

Photo- Internet

သူဟာအရင်တုန်းကဆိုရင် ကွင်းထဲဝင်လာပြီးသူ့ကိုလာရောက်နှုတ်ဆက်သူ၊ ဆယ်ဖီဆွဲသူတွေကို အမြဲတမ်းလက်ခံကြိုဆိုလေ့ရှိလို့ အခုသူ့ရဲ့တုံ့ပြန်မှုအပေါ် သူ့ပရိသတ်တွေကိုယ်တိုင်က အံအားသင့်နေကြပါတယ်။ စီရော်နယ်ဒိုဟာ မကြာသေးခင်က ဒဏ်ရာပြဿ     နာတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပြန်မှန်လာပါတယ်။

Photo- Internet

ဒါကြောင့်လည်း စိတ်ပျက်စရာတွေကို ကျော်ဖြတ်ပြီးနောက် ကောင်းမွန်တဲ့ခံစားချက်ကို သူရရှိနေသလို အသင်းရဲ့ကစားပုံကလည်းကောင်းမွန်ခဲ့လို့ အရမ်းကိုကျေနပ်မိတယ်လို့ ပွဲအပြီးမှာပြောသွားပါတယ်။ ဒီလိုခြေစွမ်းမျိုးကို အသင်းအနေနဲ့ဆက်ထိန်းဖို့လည်းမျှော်လင့်တယ်လို့ သူကဆက်ပြောသွားပါတယ်။

Photo- Internet

Zawgyi

ဆယ္လ္ဖီဆြဲဖို႔ လာတဲ႔သူကိုေဒါသတႀကီးတုံ႔ျပန္ခဲ့လို႔ စီေရာ္နယ္ဒို ကိုအံအားသင့္ေနၾက

ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ ေလဗာကူဆင္နဲ႔ပြဲအၿပီးမွာ သူ႔ဆီဆယ္လ္ဖီဆြဲဖို႔ ကြင္းထဲ၀င္လာတဲ႔သူကို ေဒါသတႀကီးတုံ႔ျပန္ခဲ့လို႔ သူ႔ရဲ႕လုပ္ရပ္အေပၚ အံအားသင့္ေနၾကတယ္လို႔ သိရပါတယ္။ ဒီပြဲမွာ ဂ်ဴ ဗင္တပ္က အေ၀းကြင္းျဖစ္ေပမယ္႔ ၂-၀ နဲ႔အႏိုင္ရခဲ့တာပါ။

ပြဲမတိုင္ခင္ကတည္းက ဂ်ဴ ဗင္တပ္ဟာေနာက္တစ္ဆင့္တက္ၿပီးျဖစ္ေပမယ္႔ စီေရာ္နယ္ဒို၊ ဟီဂူအင္တို႔ရဲ႕ဂိုးေတြနဲ႔အတူအႏိုင္ရခဲ့တာပါ။ စီေရာ္နယ္ဒိုဟာ ၇၅ မိနစ္မွာအဖြင့္ဂိုးသြင္းယူခဲ့လို႔ ခ်န္ပီယံလိဂ္မွာသူ႔ရဲ႕ ၁၂၈ ဂိုးေျမာက္ကိုလည္း ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ ဟီဂူအင္ကေတာ႔ နာက်င္အခ်ိန္ပိုမွာဂိုးသြင္းခဲ့တာပါ။

ဒီပြဲအၿပီးမွာ ပရိသတ္တစ္ဦးဟာ ကြင္းထဲ၀င္လာၿပီး စီေရာ္နယ္ဒိုရဲ႕လက္ကိုဆြဲကာ ဆဲလ္ဖီရိုက္ဖို႔လုပ္ခဲ့ေပမယ္႔ ကစားသမားက ေဒါသတႀကီးတုံ႔ျပန္ခဲ့လို႔ လုံၿခံဳ ေရးေတြကလာကူညီေပးၿပီး ကြင္းထဲ၀င္လာသူကိုဆြဲထုတ္ခဲ့ရပါတယ္။ ဒီျဖစ္ရပ္အၿပီးမွာ စီေရာ္နယ္ဒိုဟာ လည္ပင္းကိုကိုင္ၿပီးပြတ္ခဲ့တာေၾကာင့္ နာက်င္ခဲ့ပုံရေပမယ္႔ ဘယ္လိုထိခိုက္ခဲ့သလဲဆိုတာကိုေတာ႔ မေျပာခဲ့ပါဘူး။

သူဟာအရင္တုန္းကဆိုရင္ ကြင္းထဲ၀င္လာၿပီးသူ႔ကိုလာေရာက္ႏႈတ္ဆက္သူ၊ ဆယ္ဖီဆြဲသူေတြကို အၿမဲတမ္းလက္ခံႀကိဳဆိုေလ႔ရွိလုိ႔ အခုသူ႔ရဲ႕တုံ႔ျပန္မႈအေပၚ သူ႔ပရိသတ္ေတြကိုယ္တိုင္က အံအားသင့္ေနၾကပါတယ္။ စီေရာ္နယ္ဒိုဟာ မၾကာေသးခင္က ဒဏ္ရာျပႆ     နာေတြရွိခဲ့ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ေျခစြမ္းျပန္မွန္လာပါတယ္။

ဒါေၾကာင့္လည္း စိတ္ပ်က္စရာေတြကို ေက်ာ္ျဖတ္ၿပီးေနာက္ ေကာင္းမြန္တဲ႔ခံစားခ်က္ကို သူရရွိေနသလို အသင္းရဲ႕ကစားပုံကလည္းေကာင္းမြန္ခဲ့လို႔ အရမ္းကိုေက်နပ္မိတယ္လို႔ ပြဲအၿပီးမွာေျပာသြားပါတယ္။ ဒီလိုေျခစြမ္းမ်ဳိးကို အသင္းအေနနဲ႔ဆက္ထိန္းဖို႔လည္းေမွ်ာ္လင့္တယ္လို႔ သူကဆက္ေျပာသြားပါတယ္။