ဆယ်တာနဲ့ပွဲ ပထမပိုင်းတုန်းက သူတို့ကြား ပေးပို့မှုတစ်ကြိမ်တောင်မရှိခဲ့တဲ့ မက်ဆီနဲ့ဂရစ်ဇ်မန်း

photo-gettyimages

photo-gettyimages

ဘာစီလိုနာဟာ နောက်ဆုံးကစားခဲ့တဲ့ဆယ်တာဗီဂိုနဲ့လာလီဂါအိမ်ကွင်းပွဲစဉ်မှာ  ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အဲဒီပွဲရဲ့ပထမပိုင်းမှာ တိုက်စစ်ကစားဖော်တွေဖြစ်ကြတဲ့ မက်ဆီနဲ့ဂရစ်ဇ်မန်းတို့ကြား ဘောလုံးပေးပို့မှု တစ်ကြိမ်တစ်လေတောင် မရှိခဲ့ပါဘူး။ အဲဒီပွဲရဲ့ဘာစီလိုနာတိုက်စစ်ပွဲထွက်စာရင်းမှာ လူငယ်ခြေတက်လေးဖာတီနဲ့အတူ မက်ဆီနဲ့ဂရစ်ဇ်မန်တို့ပါဝင်လာခဲ့ကြတာပါ။ ကျန်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ကတော့ ဒုတိယပိုင်းရောက်မှ လူစားဝင်လာခဲ့ကြတာပါ။

photo-gettyimages

မက်ဆီတစ်ယောက် ဆယ်တာနဲ့ပွဲမှာ ရင်သပ်ရှုမောစရာဖရီးကစ်သွင်းဂိုး ၂ ဂိုးအပါအဝင် ဟက်ထရစ်သွင်းပြီး အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် ဂရစ်ဇ်မန်းကတော့ ဘာမှမယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီပြင်သစ်သားဟာ ဒုတိယပိုင်း ၇၃ မိနစ်အရောက်မှာ ဆွာရက်ဇ်နဲ့လူစားလဲခြင်းခံခဲ့ရသလို ဘောလုံးစွမ်းဆောင်မှုဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Whoscored ရဲ့ Rating သတ်မှတ်အရ တစ်ပွဲလုံးမှာ တတိယအားအနည်းဆုံးဘာစီလိုနာကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ ဂရစ်ဇ်မန်းရဲ့ဘောလုံးပေးပို့မှုတိကျရာခိုင်နှုန်းဟာလည်း ၆၇ သာရှိခဲ့တာပါ။

photo-social media

ဆယ်တာနဲ့ပွဲမတိုင်ခင် အရင်ပွဲတွေကတည်းက မက်ဆီနဲ့ဂရစ်ဇ်မန်းတို့ကြား တွဲဖက်ညီစွာကစားနိုင်မှုမရှိဘဲ တစ်ယောက်နဲ့တစ်ယောက်ဘောလုံးပေးလို့ရတဲ့အခြေအနေတွေမှာ မပေးကြဘူးဆိုတဲ့ စွပ်စွဲမှုတွေထွက်ပေါ်ခဲ့တာပါ။ အထူးသဖြင့် မက်ဆီဟာ အသင်းဖော်သစ်ဖြစ်တဲ့ ဂရစ်ဇ်မန်းကိုကြိုကြိုဆိုဆိုမရှိသလို ကွင်းထဲမှာလည်း မျက်ကွယ်ပြုထားတယ်လို့ အသံတွေထွက်ထားပါတယ်။ ဒီကြားထဲ မက်ဆီနဲ့ဂရစ်ဇ်မန်းတို့ဟာလေ့ကျင့်ရေးကွင်းမှာ တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘူးဆိုတဲ့ကောလဟာလသတင်းကို စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့သေးတယ်။ ဒါပေမဲ့ ဆယ်တာနဲ့ပွဲအပြီး အဝတ်အစားလဲခန်းထဲမှာတော့ သူတို့ကြားပွေ့ဖက်နှုတ်ဆက်မှုပြုလုပ်ခဲ့ကြပါတယ်။

[Zawgyi]

ဆယ္တာနဲ႔ပြဲ ပထမပိုင္းတုန္းက သူတို႔ၾကား ေပးပုိ႔မႈတစ္ႀကိမ္ေတာင္မရွိခဲ့တဲ့ မက္ဆီနဲ႔ဂရစ္ဇ္မန္း

ဘာစီလုိနာဟာ ေနာက္ဆုံးကစားခဲ့တဲ့ဆယ္တာဗီဂိုနဲ႔လာလီဂါအိမ္ကြင္းပြဲစဥ္မွာ  ၄-၁ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ေပမယ့္ အဲဒီပြဲရဲ႕ပထမပိုင္းမွာ တိုက္စစ္ကစားေဖာ္ေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔ဂရစ္ဇ္မန္းတို႔ၾကား ေဘာလုံးေပးပို႔မႈ တစ္ႀကိမ္တစ္ေလေတာင္ မရွိခဲ့ပါဘူး။ အဲဒီပြဲရဲ႕ဘာစီလုိနာတိုက္စစ္ပြဲထြက္စာရင္းမွာ လူငယ္ေျခတက္ေလးဖာတီနဲ႔အတူ မက္ဆီနဲ႔ဂရစ္ဇ္မန္တုိ႔ပါ၀င္လာခဲ့ၾကတာပါ။ က်န္တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ဆြာရက္ဇ္နဲ႔ ဒမ္ဘီလီတို႔ကေတာ့ ဒုတိယပိုင္းေရာက္မွ လူစား၀င္လာခဲ့ၾကတာပါ။

မက္ဆီတစ္ေယာက္ ဆယ္တာနဲ႔ပြဲမွာ ရင္သပ္ရႈေမာစရာဖရီးကစ္သြင္းဂိုး ၂ ဂိုးအပါအ၀င္ ဟက္ထရစ္သြင္းၿပီး အေကာင္းဆုံးေျခစြမ္းျပခဲ့ေပမယ့္ ဂရစ္ဇ္မန္းကေတာ့ ဘာမွမယ္မယ္ရရ စြမ္းေဆာင္ႏုိင္ျခင္း မရွိခဲ့ပါဘူး။ အဲဒီျပင္သစ္သားဟာ ဒုတိယပိုင္း ၇၃ မိနစ္အေရာက္မွာ ဆြာရက္ဇ္နဲ႔လူစားလဲျခင္းခံခဲ့ရသလို ေဘာလုံးစြမ္းေဆာင္မႈ၀က္ဘ္ဆိုဒ္ျဖစ္တဲ့ Whoscored ရဲ႕ Rating သတ္မွတ္အရ တစ္ပြဲလုံးမွာ တတိယအားအနည္းဆုံးဘာစီလုိနာကစားသမားျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီပြဲမွာ ဂရစ္ဇ္မန္းရဲ႕ေဘာလုံးေပးပို႔မႈတိက်ရာခိုင္ႏႈန္းဟာလည္း ၆၇ သာရွိခဲ့တာပါ။

ဆယ္တာနဲ႔ပြဲမတိုင္ခင္ အရင္ပြဲေတြကတည္းက မက္ဆီနဲ႔ဂရစ္ဇ္မန္းတို႔ၾကား တြဲဖက္ညီစြာကစားႏိုင္မႈမရွိဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ေဘာလုံးေပးလို႔ရတဲ့အေျခအေနေတြမွာ မေပးၾကဘူးဆုိတဲ့ စြပ္စြဲမႈေတြထြက္ေပၚခဲ့တာပါ။ အထူးသျဖင့္ မက္ဆီဟာ အသင္းေဖာ္သစ္ျဖစ္တဲ့ ဂရစ္ဇ္မန္းကိုႀကိဳႀကိဳဆိုဆုိမရွိသလို ကြင္းထဲမွာလည္း မ်က္ကြယ္ျပဳထားတယ္လုိ႔ အသံေတြထြက္ထားပါတယ္။ ဒီၾကားထဲ မက္ဆီနဲ႔ဂရစ္ဇ္မန္းတုိ႔ဟာေလ့က်င့္ေရးကြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္စကားမေျပာၾကဘူးဆိုတဲ့ေကာလဟာလသတင္းကို စပိန္သတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့ေသးတယ္။ ဒါေပမဲ့ ဆယ္တာနဲ႔ပြဲအၿပီး အ၀တ္အစားလဲခန္းထဲမွာေတာ့ သူတို႔ၾကားေပြ႕ဖက္ႏႈတ္ဆက္မႈျပဳလုပ္ခဲ့ၾကပါတယ္။