ဆယ်စုနှစ်အတွင်း အင်္ဂလန်နိုင်ငံရဲ့အကောင်းဆုံးကလပ်အဖြစ် စီးတီးရပ်တည်နိုင်ခဲ့တယ်လို့ ဂွါဒီယိုလာ ဝံ့ကြွား

Photo Credit

Photo Credit

စီးတီးအနေနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာက အခိုင်အမာပြောကြားလိုက်ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမှတ်ပေးချန်ပီယံဆု ၄ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ထက် ၂ကြိမ်အထိ ပိုများခဲ့ပါတယ်။

 

Photo Credit

စီးတီးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ၃၈၁ ပွဲကစားခဲ့တဲ့အနက် ၈၁၈ မှတ်အထိ ရယူနိုင်ခဲ့ပြီး အမှတ်အများဆုံးအသင်းအဖြစ် အနီးကပ်ဆုံးပြိုင်ဘက် လီဗာပူးကို ၇၁ မှတ်အထိ ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

စီးတီးဟာ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆု ၃နှစ်ဆက်ရယူနိုင်ရေးအတွက် မဖြစ်နိုင်သလောက်ဖြစ်နေပေမယ့် စပိန်နိုင်ငံသား ဂွါဒီယိုလာကတော့ မိမိတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ရယူနိုင်ခဲ့တဲ့အောင်မြင်မှုတွေကြောင့် အသိအမှတ်ပြုမှုနဲ့ ထိုက်တန်မှုအပြည့်ရှိကြောင်း ဆိုပါတယ်။

Photo Credit

”ကျွန်တော့်စိတ်ထင် စီးတီးက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းလို့ ထင်ပါတယ်။ ရရှိခဲ့တဲ့အမှတ်တွေရော၊ သွင်းဂိုးတွေရော၊ နောက်ဆုံး ဆုဖလားတွေရော ကြိုက်တဲ့ဟာနဲ့ ယှဉ်လို့ရပါတယ်။ ကျွန်တော်ကတော့ ဒီအောင်မြင်မှုအတွက် စီးတီးကို ကွန်ဂရက်ကျူလေးရှင်းလုပ်ချင်ပါတယ်”

Photo Credit

”အဘူဒါဘီက သူဋ္ဌေးတွေ ရောက်ရှိလာပြီးနောက် ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့သလို နည်းပြကောင်းနဲ့ ဝန်ထမ်းကောင်းတွေလည်း ရောက်လာပါတယ်။ ကျွန်တော်တို့အသင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”

Photo Credit

”ဒီမှာက အသင်းကြီးတွေနဲ့ အားပြိုင်နေရတာပါ။ သူတို့က သမိုင်းနောက်ခံကြီးမားတဲ့ကလပ်တွေဖြစ်ပြီး နောက်ဆုံးဆယ်စုနှစ်မှာ သူတို့နဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရတာက အံ့အားသင့်စရာပါပဲ”လို့ ဂွါဒီယိုလာက ပြောပါတယ်။

Photo Credit

စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၄ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေရပေမယ့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂွါဒီယိုလာကတော့ မိမိတို့အသင်းအတွက် ၂၀၁၉ ခုနှစ်က နောက်ထပ်အောင်မြင်တဲ့နှစ်ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

Photo Credit

Zawgyi

ဆယ္စုႏွစ္အတြင္း အဂၤလန္ႏိုင္ငံရဲ႕အေကာင္းဆုံးကလပ္အျဖစ္ စီးတီးရပ္တည္ႏိုင္ခဲ့တယ္လုိ႔ ဂြါဒီယိုလာ ၀ံ့ႂကြား

စီးတီးအေနနဲ႔ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကလပ္အျဖစ္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း နည္းျပဂြါဒီယိုလာက အခုိင္အမာေျပာၾကားလိုက္ပါတယ္။ စီးတီးဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း အမွတ္ေပးခ်န္ပီယံဆု ၄ႀကိမ္အထိ ဆြတ္ခူးရရွိခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ ယူႏုိက္တက္တို႔ထက္ ၂ႀကိမ္အထိ ပိုမ်ားခဲ့ပါတယ္။
စီးတီးဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ၃၈၁ ပြဲကစားခဲ့တဲ့အနက္ ၈၁၈ မွတ္အထိ ရယူႏုိင္ခဲ့ၿပီး အမွတ္အမ်ားဆံုးအသင္းအျဖစ္ အနီးကပ္ဆုံးၿပိဳင္ဘက္ လီဗာပူးကို ၇၁ မွတ္အထိ ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။
စီးတီးဟာ ဒီရာသီမွာ အမွတ္ေပးခ်န္ပီယံဆု ၃ႏွစ္ဆက္ရယူႏုိင္ေရးအတြက္ မျဖစ္ႏိုင္သေလာက္ျဖစ္ေနေပမယ့္ စပိန္ႏိုင္ငံသား ဂြါဒီယိုလာကေတာ့ မိမိတို႔အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၁၀ႏွစ္အတြင္း ရယူႏုိင္ခဲ့တဲ့ေအာင္ျမင္မႈေတြေၾကာင့္ အသိအမွတ္ျပဳမႈနဲ႔ ထိုက္တန္မႈအျပည့္ရွိေၾကာင္း ဆုိပါတယ္။
”ကၽြန္ေတာ့္စိတ္ထင္ စီးတီးက ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးအသင္းလုိ႔ ထင္ပါတယ္။ ရရွိခဲ့တဲ့အမွတ္ေတြေရာ၊ သြင္းဂိုးေတြေရာ၊ ေနာက္ဆုံး ဆုဖလားေတြေရာ ႀကိဳက္တဲ့ဟာနဲ႔ ယွဥ္လုိ႔ရပါတယ္။ ကၽြန္ေတာ္ကေတာ့ ဒီေအာင္ျမင္မႈအတြက္ စီးတီးကို ကြန္ဂရက္က်ဴေလးရွင္းလုပ္ခ်င္ပါတယ္”
”အဘူဒါဘီက သူေ႒းေတြ ေရာက္ရွိလာၿပီးေနာက္ ကစားသမားေကာင္းေတြကို ေခၚယူႏုိင္ခဲ့သလုိ နည္းျပေကာင္းနဲ႔ ၀န္ထမ္းေကာင္းေတြလည္း ေရာက္လာပါတယ္။ ကၽြန္ေတာ္တုိ႔အသင္း အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္”
”ဒီမွာက အသင္းႀကီးေတြနဲ႔ အားၿပိဳင္ေနရတာပါ။ သူတုိ႔က သမုိင္းေနာက္ခံႀကီးမားတဲ့ကလပ္ေတြျဖစ္ၿပီး ေနာက္ဆုံးဆယ္စုႏွစ္မွာ သူတုိ႔နဲ႔အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါ၀င္ခြင့္ရတာက အံ့အားသင့္စရာပါပဲ”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။
စီးတီးဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁၄ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနရေပမယ့္ ဘာစီလုိနာနဲ႔ ဘုိင္ယန္ျမဴးနစ္နည္းျပေဟာင္း ဂြါဒီယိုလာကေတာ့ မိမိတုိ႔အသင္းအတြက္ ၂၀၁၉ ခုႏွစ္က ေနာက္ထပ္ေအာင္ျမင္တဲ့ႏွစ္ျဖစ္ခဲ့ေၾကာင္း ဆုိပါတယ္။