
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့စစ်တမ်းအရ ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်က ကလပ်အသင်းတွေရဲ့ ပြည်ပကစားသမားတွေခေါ်ယူမှုအတွက် အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးစုစုပေါင်းက ပေါင်(၃၅)ဘီလီယံအထိရှိပြီး
အဲဒီထဲမှာ အသုံးစရိတ်အများဆုံးအဖြစ် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က ရပ်တည်နေပါတယ်။
ဖီဖာဟာ ၂၀၁၁ ဇန်နဝါရီလကနေ ကိုဗစ်ရောဂါဆိုးကြောင့် အပြောင်းအရွှေ့စျေးကွက်အပေါ် ရိုက်ခတ်မှုတွေဖြစ်ခဲ့တဲ့ ၂၀၂၀၊ နွေရာသီကာလအထိ ကမ္ဘာတစ်ဝန်းက ကလပ်အသင်းတွေရဲ့ ပြည်ပကစားသမားခေါ်ယူမှုနဲ့ပတ်သက်လို့ စစ်တမ်းပြုစုခဲ့တာဖြစ်ပြီး
ပေါင်(၃၅.၃၅)ဘီလီယံအထိရှိသလို အသုံးစရိတ်အများဆုံးအသုံးပြုခဲ့တဲ့ ထိပ်ဆုံးကလပ်(၃၀)စာရင်းမှာ ပရီးမီးယားလိဂ်က(၁၂)သင်းအထိ ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလအတွင်း မန်စီးတီးအသင်းဟာ ပြည်ပကစားသမားအယောက်(၁၃၀)အထိခေါ်ယူခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်းက(၉၅)ဦးအထိခေါ်ယူခဲ့ပြီး အဲဒီအတွက် နှစ်သင်းစလုံးရဲ့အသုံးစရိတ်က ပေါင်သန်း(၉၅၀)ထက် နည်းနည်းပဲလျော့နည်းခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀၂ ခုနှစ်အတွင်း ကစားသမားတွေကို အငှားချမှုအများဆုံးစာရင်းမှာလည်း မန်စီးတီးက နံပါတ်(၁)၊ ချယ်လ်ဆီးအသင်းက နံပါတ်(၂)ချိတ်ခဲ့ပါတယ်။
ပြည်ပကစားသမားတွေရဲ့အပြောင်းအရွှေ့မှာ တန်ဖိုးအကြီးဆုံးအဖြစ်သတ်မှတ်ခံထားရတာက ဘရာဇီးလ်နာမည်ကျော်ဘောလုံးသမား နေမာရဲ့အပြောင်းအရွှေ့ပဲဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကနေ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကို ပေါင်(၁၉၈)သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ပြည်ပကစားသမားတွေကို ခေါ်ယူမှုအများဆုံးထိပ်ဆုံး(၁၀)သင်းစာရင်းမှာ မန်စီးတီး၊ ချယ်လ်ဆီးတို့အပြင် အခုလောလောဆယ်ကြွေးမြီပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ၊ PSG ၊ ရီးယဲလ်၊ အက်သလက်တီကို၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ စပါးအသင်းတို့ပါဝင်ခဲ့ကြပါတယ်။
ဖီဖာရဲ့စစ်တမ်းအရ ဥရောပကလပ်အသင်းတွေဟာ ဘရာဇီးလ်ကစားသမားတွေကို ဦးစားပေးခေါ်ယူနေကြပြီး ဆယ်နှစ်တာကာလအတွင်း ဘရာဇီးလ်ကစားသမား(၁၅,၁၂၈)ဦးအထိ ခေါ်ယူခဲ့သလို
အာဂျင်တီးနားကစားသမား (၇,၄၄၄)ဦး၊ ဗြိတိန်ကစားသမား(၅,၅၂၃)ဦး၊ ပြင်သစ်ကစားသမား (၅,၀၂၇)ဦး၊ ကိုလံဘီယာကစားသမား(၄,၂၈၇)ဦးတို့ဟာ ဥရောပကလပ်အသင်းတွေဆီရောက်ရှိခဲ့ကြတာပါ။
ဒါပေမဲ့ ကစားသမားတွေရဲ့အပြောင်းအရွှေ့မှာ အမှန်တကယ်အကျိုးရှိနေတာက အေးဂျင့်တွေပဲဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက အေးဂျင့်ခပမာဏက ပေါင်(၄၆၅.၃)သန်းအထိ မြင့်တက်ခဲ့သလို ဆယ်နှစ်တာကာလအတွင်း အေးဂျင့်ခစုစုပေါင်းပမာဏဟာ ပေါင်(၂.၅၄)ဘီလီယံအထိရှိခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဆယ္စုႏွစ္အတြင္း ျပည္ပကစားသမားေတြေခၚယူမႈအတြက္ ကလပ္အသင္းေတြရဲ႕အသုံးစရိတ္က ေပါင္(၃၅)ဘီလီယံအထိရွိ
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ရဲ႕စစ္တမ္းအရ ဆယ္စုႏွစ္အတြင္း ကမာၻေပၚက ကလပ္အသင္းေတြရဲ႕ ျပည္ပကစားသမားေတြေခၚယူမႈအတြက္ အသုံးျပဳခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးစုစုေပါင္းက ေပါင္(၃၅)ဘီလီယံအထိရွိၿပီး အဲဒီထဲမွာ အသုံးစရိတ္အမ်ားဆုံးအျဖစ္ ပရီးမီးယားလိဂ္ထိပ္သီးႏွစ္သင္းျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔က ရပ္တည္ေနပါတယ္။
ဖီဖာဟာ ၂၀၁၁ ဇန္နဝါရီလကေန ကိုဗစ္ေရာဂါဆိုးေၾကာင့္ အေျပာင္းအေ႐ႊ႕ေစ်းကြက္အေပၚ ႐ိုက္ခတ္မႈေတြျဖစ္ခဲ့တဲ့ ၂၀၂၀၊ ေႏြရာသီကာလအထိ ကမာၻတစ္ဝန္းက ကလပ္အသင္းေတြရဲ႕ ျပည္ပကစားသမားေခၚယူမႈနဲ႔ပတ္သက္လို႔ စစ္တမ္းျပဳစုခဲ့တာျဖစ္ၿပီး ေပါင္(၃၅.၃၅)ဘီလီယံအထိရွိသလို အသုံးစရိတ္အမ်ားဆုံးအသုံးျပဳခဲ့တဲ့ ထိပ္ဆုံးကလပ္(၃၀)စာရင္းမွာ ပရီးမီးယားလိဂ္က(၁၂)သင္းအထိ ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ကာလအတြင္း မန္စီးတီးအသင္းဟာ ျပည္ပကစားသမားအေယာက္(၁၃၀)အထိေခၚယူခဲ့တဲ့အျပင္ ခ်ယ္လ္ဆီးအသင္းက(၉၅)ဦးအထိေခၚယူခဲ့ၿပီး အဲဒီအတြက္ ႏွစ္သင္းစလုံးရဲ႕အသုံးစရိတ္က ေပါင္သန္း(၉၅၀)ထက္ နည္းနည္းပဲေလ်ာ့နည္းခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၁ ခုႏွစ္ကေန ၂၀၂၀၂ ခုႏွစ္အတြင္း ကစားသမားေတြကို အငွားခ်မႈအမ်ားဆုံးစာရင္းမွာလည္း မန္စီးတီးက နံပါတ္(၁)၊ ခ်ယ္လ္ဆီးအသင္းက နံပါတ္(၂)ခ်ိတ္ခဲ့ပါတယ္။
ျပည္ပကစားသမားေတြရဲ႕အေျပာင္းအေ႐ႊ႕မွာ တန္ဖိုးအႀကီးဆုံးအျဖစ္သတ္မွတ္ခံထားရတာက ဘရာဇီးလ္နာမည္ေက်ာ္ေဘာလုံးသမား ေနမာရဲ႕အေျပာင္းအေ႐ႊ႕ပဲျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းကေန ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းကို ေပါင္(၁၉၈)သန္းနဲ႔ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ျပည္ပကစားသမားေတြကို ေခၚယူမႈအမ်ားဆုံးထိပ္ဆုံး(၁၀)သင္းစာရင္းမွာ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔အျပင္ အခုေလာေလာဆယ္ေႂကြးၿမီျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာ၊ PSG ၊ ရီးယဲလ္၊ အက္သလက္တီကို၊ မန္ခ်က္စတာယူႏိုက္တက္၊ အာဆင္နယ္၊ ဂ်ဴဗင္တပ္စ္၊ စပါးအသင္းတို႔ပါဝင္ခဲ့ၾကပါတယ္။
ဖီဖာရဲ႕စစ္တမ္းအရ ဥေရာပကလပ္အသင္းေတြဟာ ဘရာဇီးလ္ကစားသမားေတြကို ဦးစားေပးေခၚယူေနၾကၿပီး ဆယ္ႏွစ္တာကာလအတြင္း ဘရာဇီးလ္ကစားသမား (၁၅,၁၂၈)ဦးအထိ ေခၚယူခဲ့သလို အာဂ်င္တီးနားကစားသမား (၇,၄၄၄)ဦး၊ ၿဗိတိန္ကစားသမား(၅,၅၂၃)ဦး၊ ျပင္သစ္ကစားသမား (၅,၀၂၇)ဦး၊ ကိုလံဘီယာကစားသမား(၄,၂၈၇)ဦးတို႔ဟာ ဥေရာပကလပ္အသင္းေတြဆီေရာက္ရွိခဲ့ၾကတာပါ။ ဒါေပမဲ့ ကစားသမားေတြရဲ႕အေျပာင္းအေ႐ႊ႕မွာ အမွန္တကယ္အက်ိဳးရွိေနတာက ေအးဂ်င့္ေတြပဲျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက ေအးဂ်င့္ခပမာဏက ေပါင္(၄၆၅.၃)သန္းအထိ ျမင့္တက္ခဲ့သလို ဆယ္ႏွစ္တာကာလအတြင္း ေအးဂ်င့္ခစုစုေပါင္းပမာဏဟာ ေပါင္(၂.၅၄)ဘီလီယံအထိရွိခဲ့တာျဖစ္ပါတယ္။