ဆယ်စုနှစ်များစွာ အတွင်းအဆိုးဆုံး မန်ယူအသင်းလို့ မိုက်ကယ်အိုဝင်ဝေဖန်

Photo- Internet
Photo- Internet

အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင်က လက်ရှိမန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ အဆိုးဆုံးအသင်းဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ မန်ယူဟာ အယ်ခမာနဲ့ အဝေးကွင်း ဂိုးမရှိသရေကျပြီးနောက် အိုဝင်ကအခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။

ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အဲဒီပွဲဟာ ပျင်းစရာကောင်းခဲ့ပြီး မန်ယူဟာလည်း ဂိုးပေါက်တည့်အောင်ကန်ချက် တစ်ကြိမ်မှမရှိခဲ့လို့ ယူရိုပါလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၂၅ ပွဲအတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။ ဒီပွဲမနိုင်တဲ့အတွက် မန်ယူဟာပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၁၀ ဆက်အဝေးကွင်းနိုင်ပွဲမရှိခဲ့လို့ ၁၉၈၉ တုန်းက ၁၁ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက်ပိုင်း အဆိုးဆုံးသောအဝေးကွင်း ရလဒ်လည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

ဒါကြောင့်လည်း ရာသီအစပိုင်းကတည်းက ရလဒ်တွေဆိုးရွားခဲ့တဲ့ မန်ယူအတွက် နောက်ထပ်စိတ်ပျက်စရာ ရလဒ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မန်ယူဟာ လူကာကူ၊ ဆန်းချက်ဇ်၊ ဟာရဲရား အစရှိတဲ့သူတွေကိုလက်လွှတ်ခဲ့ပေမယ့် အစားထိုးခဲ့ခြင်းမရှိဘဲ အင်္ဂလိပ်လူငယ်တွေကို အားကိုးပြီး ဒီရာသီကိုစတင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

လက်ရှိမှာ မန်ယူဟာ ပရီးမီးယားလိဂ်မှာလည်းအဆင့် ၁၀ ကိုရောက်နေတာကြောင့် အမှတ်ပေးဇယားအလယ်အလတ် အသင်းအဆင့်မှာသာရှိတော့ပြီး ဖာဂူဆန်ခေတ်လွန်နောက်ပိုင်းအဆိုးဆုံး အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့လည်း မန်ယူတိုက်စစ်မှူ းဟောင်းဖြစ်သူ အိုဝင်ကသုံးသပ်သွားခဲ့ပါတယ်။

Photo- Internet

အယ်ခမာနဲ့မန်ယူတို့ရဲ့ပွဲစဉ်အပြီးမှာ အိုဝင်က”မန်ယူဟာအမှတ်ပေးဇယားအလယ်အလတ်က အသင်းဖြစ်သွားပါပြီ။ ကျွန်တော့် တစ်ယောက်တည်းအမြင်အရဆိုရင် သူတို့ဟာထိပ်ဆုံး ၆ သင်းထဲဝင်ဖို့မရှိတော့ပါဘူး။ ထိပ်ဆုံး ၁၀ သင်းထဲဝင်နိုင်ခြေရှိနေပေမယ့် လက်ရှိအနေအထားအရ စိုးရိမ်စရာဖြစ်နေဆဲပါဘဲ။ ဖာဂူဆန်မကိုင်တွယ်ခင်ကတည်းက ကြည့်မယ်ဆိုရင်လည်း အဆိုးဆုံးအသင်းလို့ မထင်ကြဘူးလား” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ဆယ္စုႏွစ္မ်ားစြာ အတြင္းအဆိုးဆုံး မန္ယူအသင္းလို႔ မိုက္ကယ္အို၀င္ေ၀ဖန္

အဂၤလန္လက္ေရြးစင္ေဟာင္းျဖစ္တဲ႔ မိုက္ကယ္အို၀င္က လက္ရွိမန္ယူအသင္းဟာ ၿပီးခဲ့တဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္းမွာ အဆိုးဆုံးအသင္းျဖစ္တယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ မန္ယူဟာ အယ္ခမာနဲ႔ အေ၀းကြင္း ဂိုးမရွိသေရက်ၿပီးေနာက္ အို၀င္ကအခုလို ေ၀ဖန္လိုက္တာျဖစ္ပါတယ္။

ယူရိုပါလိဂ္အုပ္စု ပြဲစဥ္အျဖစ္ကစားခဲ့တဲ႔ အဲဒီပြဲဟာ ပ်င္းစရာေကာင္းခဲ့ၿပီး မန္ယူဟာလည္း ဂိုးေပါက္တည့္ေအာင္ကန္ခ်က္ တစ္ႀကိမ္မွမရွိခဲ့လို႔ ယူရိုပါလိဂ္မွာ ေနာက္ဆုံးကစားခဲ့တဲ႔ ၂၅ ပြဲအတြင္း ပထမဆုံးအႀကိမ္ျဖစ္ခဲ့တာပါ။ ဒီပြဲမႏိုင္တဲ႔အတြက္ မန္ယူဟာၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၁၀ ဆက္အေ၀းကြင္းႏိုင္ပြဲမရွိခဲ့လို႔ ၁၉၈၉ တုန္းက ၁၁ ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီးေနာက္ပိုင္း အဆိုးဆုံးေသာအေ၀းကြင္း ရလဒ္လည္းျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ရာသီအစပိုင္းကတည္းက ရလဒ္ေတြဆိုးရြားခဲ့တဲ႔ မန္ယူအတြက္ ေနာက္ထပ္စိတ္ပ်က္စရာ ရလဒ္တစ္ခုနဲ႔ႀကံဳေတြ႔ခဲ့ရတာျဖစ္ပါတယ္။ မန္ယူဟာ လူကာကူ၊ ဆန္းခ်က္ဇ္၊ ဟာရဲရား အစရွိတဲ႔သူေတြကိုလက္လႊတ္ခဲ့ေပမယ္႔ အစားထိုးခဲ့ျခင္းမရွိဘဲ အဂၤလိပ္လူငယ္ေတြကို အားကိုးၿပီး ဒီရာသီကိုစတင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ မန္ယူဟာ ပရီးမီးယားလိဂ္မွာလည္းအဆင့္ ၁၀ ကိုေရာက္ေနတာေၾကာင့္ အမွတ္ေပးဇယားအလယ္အလတ္ အသင္းအဆင့္မွာသာရွိေတာ႔ၿပီး ဖာဂူဆန္ေခတ္လြန္ေနာက္ပိုင္းအဆိုးဆုံး အေျခအေနနဲ႔ရင္ဆိုင္ေနရတယ္လို႔လည္း မန္ယူတိုက္စစ္မွဴ းေဟာင္းျဖစ္သူ အို၀င္ကသုံးသပ္သြားခဲ့ပါတယ္။

အယ္ခမာနဲ႔မန္ယူတို႔ရဲ႕ပြဲစဥ္အၿပီးမွာ အို၀င္က”မန္ယူဟာအမွတ္ေပးဇယားအလယ္အလတ္က အသင္းျဖစ္သြားပါၿပီ။ က်ြန္ေတာ္႔ တစ္ေယာက္တည္းအျမင္အရဆိုရင္ သူတို႔ဟာထိပ္ဆုံး ၆ သင္းထဲ၀င္ဖို႔မရွိေတာ႔ပါဘူး။ ထိပ္ဆုံး ၁၀ သင္းထဲ၀င္ႏိုင္ေျခရွိေနေပမယ္႔ လက္ရွိအေနအထားအရ စိုးရိမ္စရာျဖစ္ေနဆဲပါဘဲ။ ဖာဂူဆန္မကိုင္တြယ္ခင္ကတည္းက ၾကည့္မယ္ဆိုရင္လည္း အဆိုးဆုံးအသင္းလို႔ မထင္ၾကဘူးလား” လို႔ေျပာသြားပါတယ္။