ဆယ်စုနှစ်တစ်ခုအတွင်း အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးအသုံးပြုခဲ့တဲ့ ကလပ်အသင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပထိပ်သီးကလပ်အသင်းတွေဟာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် နာမည်ကျော်ကစားသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအားဖြည့်လေ့ရှိပြီး

ကိုဗစ်ရောဂါဆိုးကြောင့် အသင်းအများစု ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာတောင် တချို့ကလပ်အသင်းတွေကတော့ ငွေသုံးကြမ်းနေဆဲဖြစ်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ထဲမှာ ခပ်သွက်သွက်လှုပ်ရှားနေတာက မန်ချက်စတာယူနိုက်တက်နဲ့ PSG အသင်းတို့ပဲဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ဆန်ချို၊ ဗာရန်းတို့အတွက် ယူရိုသန်း(၁၀၀)ကျော်အသုံးပြုခဲ့ပြီးဖြစ်သလို

PSG အသင်းတေကာ့ ဟာကီမီ၊ ရာမို့စ်၊ ဝိုင်နယ်လ်ဒန်း၊ ဒွန်နာရမ်မာတို့ကို ခေါ်ယူခဲ့ပေမယ့် အလွတ်နဲ့ခေါ်တာကပိုများတာကြောင့် အသားတင်အသုံးစရိတ်မှာ မန်ချက်စတာယူနိုက်တက်က ပိုများနေတာပါ။

မန်စီးတီးနဲ့ချယ်လ်ဆီးတို့ကတော့ ဟာလန်း၊ ဟယ်ရီကိန်း၊ ဂရီးလစ်ရှ်တို့ကို ပစ်မှတ်ထားနေပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းမယ်လို့သတင်းထွက်နေပေမယ့်လည်း လက်တွေ့မှာတော့ ဖြစ်မလာသေးပါဘူး။

ဥရောပထိပ်သီးကလပ်တွေဟာ အခုနောက်ပိုင်း ကိုဗစ်ရောဂါဆိုးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတာကြောင့် အသုံးစရိတ်ကို အကန့်အသတ်နဲ့သာသုံးစွဲနေရပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း သူတို့တွေရဲ့စုစုပေါင်းအသုံးစရိတ်ပမာဏက ဘီလီယံနဲ့ချီပြီးရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ကလပ်အသင်းတွေရဲ့အသုံးစရိတ်၊ ကစားသမားတစ်ဦးချင်းစီရဲ့တန်ဖိုးကို စစ်တမ်းထုတ်ပြန်လေ့ရှိတဲ့ Transfermarkt က ဆယ်စုနှစ်တစ်ခုအတွင်း အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးကလပ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး

ထိပ်ဆုံး(၅)သင်းမှာ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ မန်စီးတီးတို့ ပါဝင်ခဲ့ကြပါတယ်။

အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးအဖြစ် ရပ်တည်နေတာက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းဖြစ်ပြီး ဆယ်နှစ်တာကာလအတွင်း ဒီဘရိုင်းနား၊ မန်ဒီ၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ ဒီယက်စ်အပါအဝင် ကစားသမားတွေခေါ်ယူအားဖြည့်မှုအတွက် ပြောင်းရွှေ့ကြေး ယူရို(၁.၅၁)ဘီလီယံအထိ အသုံးပြုခဲ့တာပါ။

မန်စီးတီးရဲ့နောက်မှာ ဘာစီလိုနာအသင်းက ယူရို(၁.၄၇)ဘီလီယံနဲ့ ဒုတိယအများဆုံးဖြစ်နေပြီး အခုအချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ကြွေးမြီပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့် အရင်လိုငွေသုံးမကြမ်းနိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းကလည်း ဘာစီလိုနာလိုပဲ အသုံးစရိတ် ယူရို(၁.၄၇)ဘီလီယံသုံးစွဲခဲ့ပြီး စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပြီးခဲ့တဲ့နှစ်၊ နွေရာသီတုန်းက လေဗာကူဆင်တိုက်စစ်ကစားသမားဟာဗတ်ဇ်ကို ယူရိုသန်း(၈၀)နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၁၁၇)သန်းအထိသုံးစွဲခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဆယ်စုနှစ်တစ်ခုအတွင်း ယူရို(၁.၄၄)ဘီလီယံအထိအသုံးပြုခဲ့ပြီး

ပေ့ါဘာ၊ မက်ဂွိုင်းယားတို့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးတွေအသုံးပြုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဂျူဗင်တပ်စ်လိုပဲ ယူရို(၁.၄၄)ဘီလီယံအထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆယ္စုႏွစ္တစ္ခုအတြင္း အေျပာင္းအေ႐ႊ႕အသုံးစရိတ္အမ်ားဆုံးအသုံးျပဳခဲ့တဲ့ ကလပ္အသင္းမ်ား

ဥေရာပထိပ္သီးကလပ္အသင္းေတြဟာ ဆုဖလားေအာင္ျမင္မႈေတြရယူႏိုင္ဖို႔အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူအားျဖည့္ေလ့ရွိၿပီး ကိုဗစ္ေရာဂါဆိုးေၾကာင့္ အသင္းအမ်ားစု ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရခ်ိန္မွာေတာင္ တခ်ိဳ႕ကလပ္အသင္းေတြကေတာ့ ေငြသုံးၾကမ္းေနဆဲျဖစ္ပါတယ္။ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲမွာ ခပ္သြက္သြက္လႈပ္ရွားေနတာက မန္ခ်က္စတာယူႏိုက္တက္နဲ႔ PSG အသင္းတို႔ပဲျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ဆန္ခ်ိဳ၊ ဗာရန္းတို႔အတြက္ ယူ႐ိုသန္း(၁၀၀)ေက်ာ္အသုံးျပဳခဲ့ၿပီးျဖစ္သလို PSG အသင္းေတကာ့ ဟာကီမီ၊ ရာမို႔စ္၊ ဝိုင္နယ္လ္ဒန္း၊ ဒြန္နာရမ္မာတို႔ကို ေခၚယူခဲ့ေပမယ့္ အလြတ္နဲ႔ေခၚတာကပိုမ်ားတာေၾကာင့္ အသားတင္အသုံးစရိတ္မွာ မန္ခ်က္စတာယူႏိုက္တက္က ပိုမ်ားေနတာပါ။

မန္စီးတီးနဲ႔ခ်ယ္လ္ဆီးတို႔ကေတာ့ ဟာလန္း၊ ဟယ္ရီကိန္း၊ ဂရီးလစ္ရွ္တို႔ကို ပစ္မွတ္ထားေနၿပီး ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ကမ္းလွမ္းမယ္လို႔သတင္းထြက္ေနေပမယ့္လည္း လက္ေတြ႕မွာေတာ့ ျဖစ္မလာေသးပါဘူး။ ဥေရာပထိပ္သီးကလပ္ေတြဟာ အခုေနာက္ပိုင္း ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဘ႑ာေရးအက်ပ္အတည္းေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ အသုံးစရိတ္ကို အကန႔္အသတ္နဲ႔သာသုံးစြဲေနရေပမယ့္ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း သူတို႔ေတြရဲ႕စုစုေပါင္းအသုံးစရိတ္ပမာဏက ဘီလီယံနဲ႔ခ်ီၿပီးရွိေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကလပ္အသင္းေတြရဲ႕အသုံးစရိတ္၊ ကစားသမားတစ္ဦးခ်င္းစီရဲ႕တန္ဖိုးကို စစ္တမ္းထုတ္ျပန္ေလ့ရွိတဲ့ Transfermarkt က ဆယ္စုႏွစ္တစ္ခုအတြင္း အေျပာင္းအေ႐ႊ႕အသုံးစရိတ္အမ်ားဆုံးကလပ္ေတြကို ထုတ္ျပန္ေၾကညာခဲ့ၿပီး ထိပ္ဆုံး(၅)သင္းမွာ မန္ခ်က္စတာယူႏိုက္တက္၊ ဂ်ဴဗင္တပ္စ္၊ ခ်ယ္လ္ဆီး၊ ဘာစီလိုနာ၊ မန္စီးတီးတို႔ ပါဝင္ခဲ့ၾကပါတယ္။ အေျပာင္းအေ႐ႊ႕အသုံးစရိတ္အမ်ားဆုံးအျဖစ္ ရပ္တည္ေနတာက ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံမန္စီးတီးအသင္းျဖစ္ၿပီး ဆယ္ႏွစ္တာကာလအတြင္း ဒီဘ႐ိုင္းနား၊ မန္ဒီ၊ ေဝၚလ္ကာ၊ ဂြၽန္စတုန္းစ္၊ ဒီယက္စ္အပါအဝင္ ကစားသမားေတြေခၚယူအားျဖည့္မႈအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၁.၅၁)ဘီလီယံအထိ အသုံးျပဳခဲ့တာပါ။

မန္စီးတီးရဲ႕ေနာက္မွာ ဘာစီလိုနာအသင္းက ယူ႐ို(၁.၄၇)ဘီလီယံနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး အခုအခ်ိန္မွာေတာ့ ဘာစီလိုနာအသင္းဟာ ေႂကြးၿမီျပႆနာေတြနဲ႔႐ုန္းကန္ေနရတာေၾကာင့္ အရင္လိုေငြသုံးမၾကမ္းႏိုင္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာဗိုလ္စြဲခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းကလည္း ဘာစီလိုနာလိုပဲ အသုံးစရိတ္ ယူ႐ို(၁.၄၇)ဘီလီယံသုံးစြဲခဲ့ၿပီး စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီတုန္းက ေလဗာကူဆင္တိုက္စစ္ကစားသမားဟာဗတ္ဇ္ကို ယူ႐ိုသန္း(၈၀)နဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒိုအတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၁၁၇)သန္းအထိသုံးစြဲခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ဆယ္စုႏွစ္တစ္ခုအတြင္း ယူ႐ို(၁.၄၄)ဘီလီယံအထိအသုံးျပဳခဲ့ၿပီး ေပ့ါဘာ၊ မက္ဂြိဳင္းယားတို႔အတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေတြအသုံးျပဳခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဂ်ဴဗင္တပ္စ္လိုပဲ ယူ႐ို(၁.၄၄)ဘီလီယံအထိ သုံးစြဲခဲ့တာျဖစ္ပါတယ္။