ဆယ်စုနှစ်တစ်ခုကျော်အတွင်း နာမည်ကျော်ကစားသမားတွေရောင်းချတာကနေ ပေါင်သန်း(၅၀၀)နီးပါးရရှိခဲ့တဲ့ ရီးယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းဟာ ၂၀၀၈ ခုနှစ်ကနေ အခုအချိန်အထိ အသင်းရဲ့နာမည်ကျော်ကစားသမားတွေရောင်းချတာကနေ ပေါင်သန်း(၅၀၀)နီးပါးအထိရရှိခဲ့ပါတယ်။

အခုလောလောဆယ် ရီးယဲလ်အသင်းနောက်ခံလူဗာရန်းဟာ ပရီးမီးယားလိဂ်နာမည်ကျော်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့သလို မကြာခင်အသင်းနဲ့ဆေးစစ်မှုခံယူမှာဖြစ်ပြီး

သူ့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၃၄.၂)သန်းရရှိမှာဖြစ်လို့ ဗာရန်းဟာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တဲ့ကစားသမားစာရင်းမှာ အဆင့်(၉)နေရာချိတ်ခဲ့ပြီဖြစ်ပါတယ်။

ဗာရန်းရဲ့ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် ရီးယဲလ်အသင်းဟာ Add-Ons ကြေးအဖြစ် ပေါင်(၈.၅)သန်းထပ်ရဦးမှာဖြစ်လို့ ဗာရန်းရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်(၄၂.၇)သန်းအထိရှိလာမှာပါ။

ရီးယဲလ်အသင်းဟာ ၂၀၀၈ ခုနှစ်ကစလို့ နာမည်ကျော်ကစားသမားတွေကို ရောင်းချတာကနေ ပေါင်(၄၈၂.၉)သန်းအထိရရှိခဲ့ပြီး အဲဒီထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးရရှိခဲ့တာက ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။

၂၀၁၈၊ နွေရာသီတုန်းက (၉)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲပြီးတော့ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့တဲ့စီရော်နယ်လ်ဒိုအတွက် ရီးယဲလ်အသင်းက ပေါင်(၉၉)သန်းအထိရရှိခဲ့ပြီး

ဒါဟာ ရီးယဲလ်အသင်းသမိုင်းမှာ ပြောင်းရွှေ့ကြေးအများဆုံးရခဲ့တာဖြစ်သလို ဂျူဗင်တပ်စ်အတွက်လည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုပြီးရင် ဒုတိယမြောက်ပြောင်းရွှေ့ကြေးအများဆုံးရရှိခဲ့တာက မိုရာတာရဲ့အပြောင်းအရွှေ့ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းဆီ ပေါင်(၆၅)သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။

၂၀၁၄ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဆီ ပေါင်(၅၉.၇)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဒီမာရီယာရဲ့အပြောင်းအရွှေ့ကလည်း အခုစာရင်းမှာ တတိယနေရာချိတ်ခဲ့ပြီး စတုတ္ထနေရာမှာတော့ ၂၀၁၃ ခုနှစ်မှာ အာဆင်နယ်အသင်းဆီ ပေါင်(၄၂.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အိုဇေးလ်ကရပ်တည်နေပါတယ်။

ဒါ့အပြင် ဟာကီမီ (အင်တာမီလန်- ပေါင်၄၀.၅သန်း)၊ ကိုဗာချစ် (ချယ်လ်ဆီး- ပေါင်သန်း၄၀)၊ မားကို့စ်လော်ရန်တေး(အက်သလက်တီကို- ပေါင်၃၅သန်း)၊ ဟီဂွါအင်(နာပိုလီ- ပေါင် ၃၄.၅သန်း)၊

ဗာရန်း(မန်ချက်စတာယူနိုက်တက် – ပေါင် ၃၄.၂သန်း)၊ ရော်ဘင်ဟို (မန်စီးတီး – ပေါင်၃၂.၅သန်း)တို့ဟာလည်း ရီးယဲလ်အသင်းရဲ့ပြောင်းရွှေ့ကြေးအများဆုံးရရှိခဲ့တဲ့ကစားသမားရောင်းချမှု စာရင်းထဲမှာပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း နာမည္ေက်ာ္ကစားသမားေတြေရာင္းခ်တာကေန ေပါင္သန္း(၅၀၀)နီးပါးရရွိခဲ့တဲ့ ရီးယဲလ္

လာလီဂါထိပ္သီးကလပ္ ရီးယဲလ္အသင္းဟာ ၂၀၀၈ ခုႏွစ္ကေန အခုအခ်ိန္အထိ အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေတြေရာင္းခ်တာကေန ေပါင္သန္း(၅၀၀)နီးပါးအထိရရွိခဲ့ပါတယ္။ အခုေလာေလာဆယ္ ရီးယဲလ္အသင္းေနာက္ခံလူဗာရန္းဟာ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရခဲ့သလို မၾကာခင္အသင္းနဲ႔ေဆးစစ္မႈခံယူမွာျဖစ္ၿပီး သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၃၄.၂)သန္းရရွိမွာျဖစ္လို႔ ဗာရန္းဟာ ရီးယဲလ္အသင္းသမိုင္းတစ္ေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တဲ့ကစားသမားစာရင္းမွာ အဆင့္(၉)ေနရာခ်ိတ္ခဲ့ၿပီျဖစ္ပါတယ္။

ဗာရန္းရဲ႕ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလိုက္ ရီးယဲလ္အသင္းဟာ Add-Ons ေၾကးအျဖစ္ ေပါင္(၈.၅)သန္းထပ္ရဦးမွာျဖစ္လို႔ ဗာရန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးက ေပါင္(၄၂.၇)သန္းအထိရွိလာမွာပါ။ ရီးယဲလ္အသင္းဟာ ၂၀၀၈ ခုႏွစ္ကစလို႔ နာမည္ေက်ာ္ကစားသမားေတြကို ေရာင္းခ်တာကေန ေပါင္(၄၈၂.၉)သန္းအထိရရွိခဲ့ၿပီး အဲဒီထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရရွိခဲ့တာက ၂၀၁၈ ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ပဲျဖစ္ပါတယ္။

၂၀၁၈၊ ေႏြရာသီတုန္းက (၉)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခြဲၿပီးေတာ့ ဂ်ဴဗင္တပ္စ္ဆီ ေျပာင္းေ႐ႊ႕ခဲ့တဲ့စီေရာ္နယ္လ္ဒိုအတြက္ ရီးယဲလ္အသင္းက ေပါင္(၉၉)သန္းအထိရရွိခဲ့ၿပီး ဒါဟာ ရီးယဲလ္အသင္းသမိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရခဲ့တာျဖစ္သလို ဂ်ဴဗင္တပ္စ္အတြက္လည္း ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုၿပီးရင္ ဒုတိယေျမာက္ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရရွိခဲ့တာက မိုရာတာရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းဆီ ေပါင္(၆၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာပါ။

၂၀၁၄ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေပါင္(၅၉.၇)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဒီမာရီယာရဲ႕အေျပာင္းအေ႐ႊ႕ကလည္း အခုစာရင္းမွာ တတိယေနရာခ်ိတ္ခဲ့ၿပီး စတုတၳေနရာမွာေတာ့ ၂၀၁၃ ခုႏွစ္မွာ အာဆင္နယ္အသင္းဆီ ေပါင္(၄၂.၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ အိုေဇးလ္ကရပ္တည္ေနပါတယ္။ ဒါ့အျပင္ ဟာကီမီ (အင္တာမီလန္- ေပါင္၄၀.၅သန္း)၊ ကိုဗာခ်စ္ (ခ်ယ္လ္ဆီး- ေပါင္သန္း၄၀)၊ မားကို႔စ္ေလာ္ရန္ေတး(အက္သလက္တီကို- ေပါင္၃၅သန္း)၊ ဟီဂြါအင္(နာပိုလီ- ေပါင္ ၃၄.၅သန္း)၊ ဗာရန္း(မန္ခ်က္စတာယူႏိုက္တက္ – ေပါင္ ၃၄.၂သန္း)၊ ေရာ္ဘင္ဟို (မန္စီးတီး – ေပါင္၃၂.၅သန္း)တို႔ဟာလည္း ရီးယဲလ္အသင္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရရွိခဲ့တဲ့ကစားသမားေရာင္းခ်မႈ စာရင္းထဲမွာပါဝင္ခဲ့ၾကပါတယ္။