ဆယ်ကျော်သက် အရွယ်နဲ့ မိဘအတွက်ရော၊ မိန်းမနဲ့ ကလေးအတွက်ပါ သန်းချီဝင်ငွေနဲ့ ထောက်ပံ့နိုင်တဲ့ ဖိုဒန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်း အားထားရတဲ့ လူငယ်ကစားသမားထဲမှာ ဖိုဒန်လည်း ပါပါတယ်။

လက်ရှိယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန် အသင်းမှာ ဖိုဒန်ရဲ့ခြေစွမ်းက တော်တော်လေး အားကိုးလို့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။

ဖိုဒန်ဟာ မန်စီးတီးပထမအသင်းမှာ အသက် ၁၇ နှစ်အရွယ်ကတည်းက ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်ပါတယ်။

ဖိုဒန်ဟာ လက်ရှိ အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် သူ့အသက် ၁၈ နှစ်အရွယ်ကတည်းက ကလေးအဖေတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဖိုဒန်ဟာ သာမန်မိသားစုတစ်စုကမွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ပါပဲ။

သူဟာ တစ်ဦးတည်းသောသားတော့မဟုတ်ပါဘူး။ သူ့မှာ တစ်နှစ်၊ နှစ်နှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက်ရှိပါသေးတယ်။

သူ့ရဲ့မိသားစုဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ပရိသတ်တွေဖြစ်ကြပြီး သူကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက ဘောလုံးကို ဝါသနာပါတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဖိုဒန်နဲ့ ရေဘက်ကာ ကွက်ကီ တို့ဟာ အထက်တန်းကျောင်းကတည်းက ခင်မင်လာခဲ့ကြတာဖြစ်ပြီး အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် နားလည်တဲ့ချစ်သူတွေ၊ အဲဒီနောက် ဇနီးမောင်နှံတွေ ဖြစ်လာခဲ့ကြပါတယ်။

ဖိုဒန်ရဲ့ သားဦးလေးနာမည်ကတော့ ရွန်နီပါ။

ဒုတိယမြောက်ကလေးကတော့ ပြီးခဲ့တဲ့ ဧပြီလကပဲ ဖိုဒန်နဲ့ရေဘက်ကာတို့ဘဝထဲဝင်ရောက်လာခဲ့တာပါ။

ဖိုဒန်ဟာ ၂၀၁၈ တုန်းက စာချုပ်ကို တစ်ပတ်ပေါင် ၃၀၀၀၀ အထိရပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဲဒီစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် ဖိုဒန်က သူ့မိဘတွေအတွက် ပေါင် ၂ သန်းတန် အိမ်တစ်လုံးကို ဝယ်ယူပေးခဲ့ပါတယ်။

ဖိုဒန်ဟာ စတော့ပို့အနီးရှိ ဘရမ်ဟေးလ်မှာ ပေါင် ၂ သန်းတန် ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဝယ်ယူပြီး မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတယ်။

အဲဒီမှာ ဖိုဒန်က ရွန်နီရဲ့လှည်းလေးကိုတွန်းပြီး ရေဘက်ကာနဲ့အတူ လမ်းလျှောက်ရတာကို နှစ်သက်ခဲ့ပါတယ်။

သန်းချီကြွယ်ဝနေတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာ ဖိုဒန်ဟာ သူ့ရဲ့ငယ်ဘဝက သူငယ်ချင်းတွေ၊ ဆရာ၊ဆရာမတွေနဲ့မိတ်ဆွေတွေအပေါ်သူပံ့ပိုးပေးနိုင်သလောက်ပံ့ပိုးပေးနေပါသေးတယ်။

ဖိုဒန်က ငါးမျှားထွက်ရတာကို လည်း အတော်ကြိုက်ပါတယ်။

ဖိုဒန်က “ဘောလုံးကစားပြီးတိုင်း ငါးမျှားထွက်လိုက်ရင် တစ်ကိုယ်လုံးပေါ့ပါးပြီး အရမ်းကို လန်းဆန်းသွားပါတယ်။

ငါးမျှားတဲ့နေရာမှာလည်း နည်းစနစ်တွေ ရှိပါတယ်။

ငါးရှိတဲ့နေရာကို သိဖို့ရယ်၊ ငါးတွေဘယ်လိုသွားလဲ သိဖို့ရယ်၊ ငါးမျှားကြိုးကို ထိန်းတတ်ဖို့ စသဖြင့်ပေါ့။

အားကစားနဲ့ပတ်သက်ရင်တော့ အစုံကြိုက်တယ်။ ငါးမျှားရတာကတော့ ရိုးရှင်းတယ်။

အဲဒါကြောင့် ငါးမျှားတာနဲ့ တခြားအားကစားတွေနဲ့ နှိုင်းယှဉ်လို့တော့မရပါဘူး”လို့ ပြောဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆယ္​ေက်ာ္သက္ အ႐ြယ္နဲ႔ မိဘအတြက္​ေရာ၊ မိန္းမနဲ႔ က​ေလးအတြက္ပါ သန္းခ်ီ၀င္​​ေငြနဲ႔ ​ေထာက္ပံ့ႏိုင္တဲ့ ဖိုဒန္

မန္စီးတီးအသင္း အားထားရတဲ့ လူငယ္ကစားသမားထဲမွာ ဖိုဒန္လည္း ပါပါတယ္။ လက္ရွိယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္ အသင္းမွာ ဖိုဒန္ရဲ႕ေျခစြမ္းက ေတာ္ေတာ္ေလး အားကိုးလို႔ရတဲ့ အေနအထားတစ္ခုကို ေရာက္ရွိလာခဲ့ပါတယ္။

ဖိုဒန္ဟာ မန္စီးတီးပထမအသင္းမွာ အသက္ ၁၇ ႏွစ္အ႐ြယ္ကတည္းက ပြဲထြက္ခြင့္ ရရွိခဲ့သူျဖစ္ပါတယ္။ ဖိုဒန္ဟာ လက္ရွိ အသက္ ၂၁ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ေပမယ့္ သူ႔အသက္ ၁၈ ႏွစ္အ႐ြယ္ကတည္းက ကေလးအေဖတစ္ဦး ျဖစ္လာခဲ့ပါတယ္။

ဖိုဒန္ဟာ သာမန္မိသားစုတစ္စုကေမြးဖြားလာတဲ့ ေကာင္ေလးတစ္ေယာက္ပါပဲ။ သူဟာ တစ္ဦးတည္းေသာသားေတာ့မဟုတ္ပါဘူး။ သူ႔မွာ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ငယ္တဲ့ ညီမေလးတစ္ေယာက္ရွိပါေသးတယ္။ သူ႔ရဲ႕မိသားစုဟာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပရိသတ္ေတြျဖစ္ၾကၿပီး သူကိုယ္တိုင္ကလည္း ငယ္စဥ္ကတည္းက ေဘာလုံးကို ဝါသနာပါတဲ့ကေလးတစ္ေယာက္ျဖစ္ခဲ့ပါတယ္။

ဖိုဒန္နဲ႔ ေရဘက္ကာ ကြက္ကီ တို႔ဟာ အထက္တန္းေက်ာင္းကတည္းက ခင္မင္လာခဲ့ၾကတာျဖစ္ၿပီး အခ်ိန္တန္အ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ နားလည္တဲ့ခ်စ္သူေတြ၊ အဲဒီ​ေနာက္ ဇနီး​ေမာင္ႏွံ​​ေတြ ျဖစ္လာခဲ့ၾကပါတယ္။ ဖိုဒန္ရဲ႕ သား​ဦးေလးနာမည္က​ေတာ့ ႐ြန္နီပါ။ ဒုတိယေျမာက္ကေလးက​ေတာ့ ၿပီးခဲ့တဲ့ ဧၿပီလကပဲ ဖိုဒန္နဲ႔ေရဘက္ကာတို႔ဘ၀ထဲ၀င္​ေရာက္လာခဲ့တာပါ။

ဖိုဒန္ဟာ ၂၀၁၈ တုန္းက စာခ်ဳပ္ကို တစ္ပတ္ေပါင္ ၃၀၀၀၀ အထိရၿပီး ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ အဲဒီစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီးေနာက္ ဖိုဒန္က သူ႔မိဘေတြအတြက္ ေပါင္ ၂ သန္းတန္ အိမ္တစ္လုံးကို ဝယ္ယူေပးခဲ့ပါတယ္။

ဖိုဒန္ဟာ စေတာ့ပို႔အနီးရွိ ဘရမ္ေဟးလ္မွာ ေပါင္ ၂ သန္းတန္ ဇိမ္ခံအိမ္ႀကီးတစ္လုံးကို ဝယ္ယူၿပီး မိသားစုနဲ႔အတူ ေနထိုင္ခဲ့ပါတယ္။အဲဒီမွာ ဖိုဒန္က ႐ြန္နီရဲ႕လွည္းေလးကိုတြန္းၿပီး ​ေရဘက္ကာနဲ႔အတူ လမ္းေလွ်ာက္ရတာကို ႏွစ္သက္ခဲ့ပါတယ္။

သန္းခ်ီႂကြယ္ဝေနတဲ့ ေဘာလုံးသမားတစ္ေယာက္ျဖစ္လာတဲ့အခါမွာ ဖိုဒန္ဟာ သူ႔ရဲ႕ငယ္ဘဝက သူငယ္ခ်င္းေတြ၊ ဆရာ၊ဆရာမေတြနဲ႔မိတ္ေဆြေတြအေပၚသူပံ့ပိုးေပးႏိုင္သေလာက္ပံ့ပိုးေပးေနပါ​ေသးတယ္။

ဖိုဒန္က ငါးမွ်ားထြက္ရတာကို လည္း အ​​ေတာ္ႀကိဳက္ပါတယ္။ ဖိုဒန္က “ေဘာလုံးကစားၿပီးတိုင္း ငါးမွ်ားထြက္လိုက္ရင္ တစ္ကိုယ္လုံးေပါ့ပါးၿပီး အရမ္းကို လန္းဆန္းသြားပါတယ္။ ငါးမွ်ားတဲ့ေနရာမွာလည္း နည္းစနစ္ေတြ ရွိပါတယ္။ ငါးရွိတဲ့ေနရာကို သိဖို႔ရယ္၊ ငါးေတြဘယ္လိုသြားလဲ သိဖို႔ရယ္၊ ငါးမွ်ားႀကိဳးကို ထိန္းတတ္ဖို႔ စသျဖင့္ေပါ့။ အားကစားနဲ႔ပတ္သက္ရင္ေတာ့ အစုံႀကိဳက္တယ္။ ငါးမွ်ားရတာကေတာ့ ႐ိုးရွင္းတယ္။ အဲဒါေၾကာင့္ ငါးမွ်ားတာနဲ႔ တျခားအားကစားေတြနဲ႔ ႏႈိင္းယွဥ္လို႔​ေတာ့မရပါဘူး”လို႔ ေျပာဖူးပါတယ္။