ဆယ်ကျော်သက်အရွယ်မှာ ၄၈၃ဂိုးသွင်းထားတဲ့ အေစီမီလန် လူငယ်လေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူငယ်တွေကို ပြုစုပျိုးထောင်မွေးထုတ်ပေးနေတဲ့ ကလပ်အသင်းကြီးများဟာ ခြေစွမ်းထက် ဂိုးသွင်းကောင်းတဲ့ ကောင်လေးတွေရှိလာတဲ့အခါ အားတက်ကြရပါတယ်။အခုဖော်ပြပေးချင်တာကတော့ အေစီမီလန်က ကြယ်ပွင့်တစ်ပွင့် အကြောင်းပါ။

အသက်၁၃နှစ်အရွယ်ရှိအေစီမီလန်လူငယ်တိုက်စစ်မှူးလေးဟာမီလန်လူငယ်အသင်းများအတွက်၈၇ပွဲကစားထားရာမှာ၄၈၃ဂိုးအထိသွင်းယူထားပြီးမည်သည့်ဘောလုံးအကယ်ဒမီက ကစားသမားမှမရရှိဖူးတဲ့အံ့မခန်းဂိုးသွင်းစံချိန်ရရှိထားပါတယ်။

ဖရန်ဆစ္စကိုကာမာဒါဟာပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းကမီလန်အကယ်ဒမီတွင်ထွန်းတောက်လာမယ့်လူငယ်တစ်ဦးအဖြစ်အားလုံးရဲ့အသိအမှတ်ပြုခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။

သူဟာ၂၀၁၇-၁၈ရာသီမှာပွဲ၄၀ကစားပြီး၂၄၇ဂိုးသွင်းခဲ့ပြီး၂၀၁၈-၁၉ရာသီမှာ၃၁ပွဲမှာ၁၇၂ဂိုးသွင်းထားနိုင်ပါတယ်။

ဒါ့အပြင်သူဟာ၂၀၁၉-၂၀ရာသီမှာ၁၆ပွဲတွင်၆၄ဂိုးသွင်းထားနိုင်ပါတယ်။ကောင်လေးဟာတစ်ပွဲပျှမ်းမျှ၅.၅ဂိုးနှုန်းသွင်းနေတာလည်းဖြစ်ပါတယ်။

ကာမာဒါအမြင့်ဆုံးအသင်းအဖြစ်ကစားတာကအေစီမီလန်ယူ-၁၅အသင်းဖြစ်ပြီးအသင်းများက ၁၁ ယောက်စီယှဉ်ပြိုင်ရတဲ့ပွဲမျိုးမဟုတ်ပါဘူး။

သူဟာအေစီမီလန်ယူ-၁၅အသင်းမှာဆီးဒေါ့ဖ်ရဲ့သား ဒန်ဇဲလ်မီဂွယ်ဗီယာနာဆီးဒေါ့ဖ်နှင့်အတူကစားနေသူလည်းဖြစ်ပါတယ်။

ကာမာဒါဟာယခုနှစ် U15 National A/B Championship ပြိုင်ပွဲမှာသူ့ထက်အသက်ရောခန္ဓာကိုယ်ပါကြီးထွားသူများနှင့်ရင်ဆိုင်ကစားကာအကောင်းဆုံးခြေစွမ်းပြကစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





