photo-fifa
photo-gettyimages
photo-gettyimages
photo-fifa
[Unicode]
ဖီဖာက ထုတ်ပြန်လိုက်တဲ့ Fifpro ရဲ့နေရာအလိုက် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အတွက် ဆန်ခါတင် ၅၅ ဦးပါစာရင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကိုယ်စားပြုအနေနဲ့ အများဆုံးဖြစ်နေပါတယ်။ Fifpro ရဲ့ဆန်ခါတင်စာရင်းမှာ ပရီးမီးယားလိဂ်က အခုလိုစိုးမိုးနိုင်ခဲ့တာဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အရင်က Fifpro ရဲ့နေရာအလိုက် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အတွက် ဆန်ခါတင်စာရင်းကို လာလီဂါပြိုင်ပွဲကပဲ ကြီးစိုးနိုင်ခဲ့တာ ၉ နှစ်တိုင်ရှိပါပြီ။
ဒီနှစ်ကျတော့ ပရီးမီးယားလိဂ်က ကိုယ်စားပြုအနေနဲ့ အများဆုံးဖြစ်နေပေမယ့် လာလီဂါထက် တစ်ယောက်ပဲသာခဲ့တာပါ။ ပရီးမီးယားလိဂ်အနေနဲ့ ဒီဆန်ခါတင်စာရင်းမှာ ၂၁ ပါဝင်ခဲ့တာဖြစ်ပြီး လာလီဂါကတော့ ကိုယ်စားပြု ၂၀ ဦးပါဝင်ခဲ့တာပါ။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာမှ ဥရောပချန်ပီယံလီဗာပူးက ကိုယ်စားပြုအများဆုံးအဖြစ် ၇ ဦးပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လီဗာပူးရဲ့အဲဒီအရေအတွက်ဟာ ဘာစီလိုနာ၊ရီးရဲလ်တို့နဲ့ယှဉ်ရင် နည်းနေပါသေးတယ်။ အသင်းလိုက်မှာ ဘာစီလိုနာက ၉ ဦးနဲ့အမာျးဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာ ရီးရဲလ်က ၈ ဦးပါဝင်ကာ လီဗာပူးနဲ့မန်စီးတီးတို့က ၇ ဦးစီပါဝင်ခဲ့ကြတာပါ။
Fifpro ဆိုတာ ကမ္ဘာတစ်ဝန်းလုံးက ပရော်ဖက်ရှင်နယ်ကစားသမားသမားတွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်ပြီး နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ပရော်ဖက်ရှင်နယ်ကစားသမားတွေကပဲ မဲပေးရွေးချယ်ပေးကြတာဖြစ်ကာ ၂၀၁၈ ဇူလိုင်ကနေ ၂၀၁၉ ဇူလိုင်အတွင်း စွမ်းဆောင်မှုကို အခြေခံရွေးကြတာပါ။ ဒီနေရာအလိုက်အကောင်းဆုံးအသင်းမှာ ဂိုးသမားတစ်ဦး၊နောက်ခံလူ ၄ ဦး၊ ကွင်းလယ်လူ ၃ ဦးနဲ့ တိုက်စစ်မှုး ၃ ဦးပါဝင်ပါတယ်။ နေရာအလိုက်ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်ကိုတော့ လာမယ့်စက်တင်ဘာ ၂၃ ရက်နေ့ မီလန်မြို့မှာကျင်းပမယ့် ဖီဖာကမ္ဘာ့အကောင်းဆုံးဆုပေးပွဲမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
Fifpro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်စာရင်း
ဂိုး – Alisson Becker (Liverpool), David De Gea (Manchester United), Ederson Moraes (Manchester City), Jan Oblak (Atletico Madrid), Marc-Andre ter Stegen (Barcelona)
နောက်တန်း – Jordi Alba (Barcelona), Trent Alexander-Arnold (Liverpool), Daniel Alves (Paris St-Germain/Sao Paulo), Joao Cancelo (Juventus/Manchester City), Daniel Carvajal (Real Madrid), Giorgio Chiellini (Juventus), Virgil van Dijk (Liverpool), Diego Godin (Atletico/Inter Milan), Joshua Kimmich (Bayern Munich), Kalidou Koulibaly (Napoli), Aymeric Laporte (Manchester City), Matthijs de Ligt (Ajax/Juventus), Gerard Pique (Barcelona), Sergio Ramos (Real Madrid), Andrew Robertson (Liverpool), Alex Sandro (Juventus), Thiago Silva (Paris St-Germain), Raphael Varane (Real Madrid), Marcelo (Real Madrid), Kyle Walker (Manchester City)
အလယ်တန်း – Sergio Busquets (Barcelona), Casemiro (Real Madrid), Kevin de Bruyne (Manchester City), Christian Eriksen (Tottenham Hotspur), Frenkie de Jong (Ajax/Barcelona), Eden Hazard (Chelsea/Real Madrid), N’Golo Kante (Chelsea), Toni Kroos (Real Madrid), Arthur Melo (Barcelona), Luka Modric (Real Madrid), Paul Pogba (Manchester United), Ivan Rakitic (Barcelona), Bernardo Silva (Manchester City), Dusan Tadic (Ajax), Arturo Vidal (Barcelona)
ရှေ့တန်း – Sergio Aguero (Manchester City), Karim Benzema (Real Madrid), Roberto Firmino (Liverpool), Antoine Griezmann (Atletico/Barcelona), Harry Kane (Tottenham Hotspur), Robert Lewandowski (Bayern Munich), Sadio Mane (Liverpool), Kylian Mbappe (Paris St-Germain), Lionel Messi (Barcelona), Neymar (Paris St-Germain), Cristiano Ronaldo (Juventus), Mohammed Salah (Liverpool), Son Heung-min (Tottenham Hotspur), Raheem Sterling (Manchester City), Luis Suarez (Barcelona)