

ပရိသတ်အများစုစိတ်ဝင်တစားစောင့်ကြည့်ကြမယ့် မန်ယူနဲ့ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ဆပ်ကပ်ပွဲတစ်ခုလိုဖြစ်နေပြီး သူတို့ဟာလည်းအဲဒီဗဟိုချက်မှာရောက်နေရတယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။သူ့အနေနဲ့ကတော့ ဒီလိုအလွန်အမင်း တစ်စားနေကြတဲ့ပွဲမျိုးကို အသိအမှတ်မပြုဖို့ ၊မသိချင်ယောင်ဆောင်နေကြဖို့ ကစားသမားတွေကိုညွှန်ကြားထားတယ်လို့လည်း ဂျာမန်သားနည်းပြက ဖွင့်ဟသွားပါတယ်။ပရီးမီးယားလိဂ် ၁၇ပွဲဆက်အနိုင်ရထားတဲ့အသင်း၊တစ်နည်းအားဖြင့် ရာသီသစ်မှာရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူ ဇယားထိပ်ကဦးဆောင်နေတဲ့အသင်းအဖြစ် လီဗာပူးဟာ အိုးလ်ထရက်ဖို့ဒ်ကို အလည်လာရမှာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ အဆင့်၁၂နေရာက ပြိုင်ဘက်သရဲနီတွေနဲ့သူတို့ကြား အမှတ်ကွာဟမှုက ၁၅မှတ်တောင်ရှိနေသလို အိပ်မက်ကဇာတ်ခုံမှာ ကြိုးကြာနီတွေကို မန်ယူရပ်တန့်ဖို့မလွယ်ဘူးဆိုတဲ့ ခန့်မှန်းမှုတွေလည်းထွက်ပေါ်နေပါတယ်။ဂျာဂင်ကလော့ပ်ကတော့ မီဒီယာတွေရဲ့ဒီလိုအရေးအသားမျိုးဟာ သူ့အသင်းအတွက် နစ်နာဖို့သာရှိကြောင်းကို “ ဒါတွေကို မသိချင်ယောင်ဆောင်နေလိုက်စမ်းပါ။ဒီပွဲကလည်းလွယ်ပါတယ်။ပွဲနဲ့ပတ်သက်သူတိုင်းကသာ ကစားနေကြတာပါ။Sky ကလုပ်ခဲ့တဲ့ လီဗာပူးပွဲထွက် ၁၁ယောက်ဆိုတာမျိုးက ငှက်ပျောခွံနဲ့ဆောက်ထားတဲ့ ပြက်လုံးတစ်ခုလိုပါပဲ။လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးဟာ ဆပ်ကပ်ပွဲထဲရောက်နေပါတယ်။ကျွန်တော်တို့က အဲဒီအလယ်မှာပေါ့။တစ်ချို့က ကျွန်တော်တို့ကို နိုင်စေချင်ပြီး တစ်ချို့ကတော့ရှုံးစေချင်ကြပါတယ် ” လို့ တုံ့ပြန်လိုက်တာပါ။

အထူးသဖြင့် မီဒီယာတွေအတွက်သာ စိတ်လှုပ်ရှားစရာပွဲမျိုးဖြစ်နေကြောင်း၊မန်ယူကိုအောက်အသင်းအဖြစ်ရေးသားနေကြတာဟာ သရဲနီတွေကို ပုံစံတစ်ခုအပြောင်းအလဲဖြစ်စေဖို့ လှုံ့ဆော်ပေးရာရောက်ကြောင်းလည်း ဂျာဂင်ကလော့ပ်က ပြောဆိုသွားပါတယ်။လီဗာပူးဟာ ၁၉၉၆ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားဦးဆောင်သူအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကိုလာရောက်မှာဖြစ်ပါတယ်။အိမ်ရှင်တွေဘက်မှာတော့ ပေါ့ဘာ၊ဒီဂီရာ၊မာရှယ်တို့လို အဓိကကြယ်ပွင့်တွေလွဲဖို့ရှိနေပါတယ်။

ဒါပေမဲ့ အဲဒီကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားဟာ စကားလုံးတိုက်ပွဲတွေဆင်နွှဲနေသလို ရှေ့နောက်ပြောစကားတွေမညီကြောင်းလည်း ဂျာဂင်ကလော့ပ်က ထောက်ပြသွားပါတယ်။“ လွန်ခဲ့တဲ့ ၄ရက်အကြာလောက်တုန်းက သူတို့အတွက်အခွင့်အရေးမရှိဘူးလို့ ဆိုးလ်ရှားကပြောခဲ့ပေမယ့် ဒီနေ့တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့။မနက်ဖြန်ဆိုရင်တော့ ရာနှုန်းပြည့်လို့ပြောလိမ့်မယ်။ဒါ အခုပွဲရဲ့ ကစားနေပုံပဲ။ဒါတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ချဉ်းကပ်ဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့အတွေ့အကြုံရှိပါတယ် ” လို့ ဂျာမန်သားနည်းပြကပြောကြားလိုက်တာပါ။
(zawgyi)
ပရိသတ္အမ်ားစုစိတ္၀င္တစားေစာင့္ၾကည့္ၾကမယ့္ မန္ယူနဲ႔ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္ဟာ ဆပ္ကပ္ပြဲတစ္ခုလိုျဖစ္ေနၿပီး သူတို႔ဟာလည္းအဲဒီဗဟိုခ်က္မွာေရာက္ေနရတယ္လို႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။သူ႔အေနနဲ႔ကေတာ့ ဒီလိုအလြန္အမင္း တစ္စားေနၾကတဲ့ပြဲမ်ိဳးကို အသိအမွတ္မျပဳဖို႔ ၊မသိခ်င္ေယာင္ေဆာင္ေနၾကဖို႔ ကစားသမားေတြကိုညႊန္ၾကားထားတယ္လို႔လည္း ဂ်ာမန္သားနည္းျပက ဖြင့္ဟသြားပါတယ္။ပရီးမီးယားလိဂ္ ၁၇ပြဲဆက္အႏိုင္ရထားတဲ့အသင္း၊တစ္နည္းအားျဖင့္ ရာသီသစ္မွာရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈနဲ႔အတူ ဇယားထိပ္ကဦးေဆာင္ေနတဲ့အသင္းအျဖစ္ လီဗာပူးဟာ အိုးလ္ထရက္ဖို႔ဒ္ကို အလည္လာရမွာျဖစ္ပါတယ္။ဒီလိုအခ်ိန္မွာ အဆင့္၁၂ေနရာက ၿပိဳင္ဘက္သရဲနီေတြနဲ႔သူတို႔ၾကား အမွတ္ကြာဟမႈက ၁၅မွတ္ေတာင္ရွိေနသလို အိပ္မက္ကဇာတ္ခံုမွာ ႀကိဳးၾကာနီေတြကို မန္ယူရပ္တန္႔ဖို႔မလြယ္ဘူးဆိုတဲ့ ခန္႔မွန္းမႈေတြလည္းထြက္ေပၚေနပါတယ္။ဂ်ာဂင္ကေလာ့ပ္ကေတာ့ မီဒီယာေတြရဲ႕ဒီလိုအေရးအသားမ်ိဳးဟာ သူ႔အသင္းအတြက္ နစ္နာဖို႔သာရွိေၾကာင္းကို “ ဒါေတြကို မသိခ်င္ေယာင္ေဆာင္ေနလိုက္စမ္းပါ။ဒီပြဲကလည္းလြယ္ပါတယ္။ပြဲနဲ႔ပတ္သက္သူတိုင္းကသာ ကစားေနၾကတာပါ။Sky ကလုပ္ခဲ့တဲ့ လီဗာပူးပြဲထြက္ ၁၁ေယာက္ဆိုတာမ်ိဳးက ငွက္ေပ်ာခြံနဲ႔ေဆာက္ထားတဲ့ ျပက္လံုးတစ္ခုလိုပါပဲ။လက္ရွိအခ်ိန္မွာေတာ့ ကမာၻႀကီးဟာ ဆပ္ကပ္ပြဲထဲေရာက္ေနပါတယ္။ကၽြန္ေတာ္တို႔က အဲဒီအလယ္မွာေပါ့။တစ္ခ်ိဳ႔က ကၽြန္ေတာ္တို႔ကို ႏိုင္ေစခ်င္ၿပီး တစ္ခ်ိဳ႕ကေတာ့ရံႈးေစခ်င္ၾကပါတယ္ ” လို႔ တံု႔ျပန္လိုက္တာပါ။အထူးသျဖင့္ မီဒီယာေတြအတြက္သာ စိတ္လႈပ္ရွားစရာပြဲမ်ိဳးျဖစ္ေနေၾကာင္း၊မန္ယူကိုေအာက္အသင္းအျဖစ္ေရးသားေနၾကတာဟာ သရဲနီေတြကို ပံုစံတစ္ခုအေျပာင္းအလဲျဖစ္ေစဖို႔ လံႈ႔ေဆာ္ေပးရာေရာက္ေၾကာင္းလည္း ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုသြားပါတယ္။လီဗာပူးဟာ ၁၉၉၆ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အမွတ္ေပးဇယားဦးေဆာင္သူအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကိုလာေရာက္မွာျဖစ္ပါတယ္။အိမ္ရွင္ေတြဘက္မွာေတာ့ ေပါ့ဘာ၊ဒီဂီရာ၊မာရွယ္တို႔လို အဓိကၾကယ္ပြင့္ေတြလြဲဖို႔ရွိေနပါတယ္။ဒါေပမဲ့ အဲဒီကစားသမားေတြရဲ႕ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားဟာ စကားလံုးတိုက္ပြဲေတြဆင္ႏႊဲေနသလို ေရွ႔ေနာက္ေျပာစကားေတြမညီေၾကာင္းလည္း ဂ်ာဂင္ကေလာ့ပ္က ေထာက္ျပသြားပါတယ္။“ လြန္ခဲ့တဲ့ ၄ရက္အၾကာေလာက္တုန္းက သူတို႔အတြက္အခြင့္အေရးမရွိဘူးလို႔ ဆိုးလ္ရွားကေျပာခဲ့ေပမယ့္ ဒီေန႔ေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္တဲ့။မနက္ျဖန္ဆိုရင္ေတာ့ ရာႏႈန္းျပည့္လို႔ေျပာလိမ့္မယ္။ဒါ အခုပြဲရဲ႕ ကစားေနပံုပဲ။ဒါေတြကို မွန္ကန္တဲ့နည္းလမ္းနဲ႔ခ်ဥ္းကပ္ဖို႔ ကၽြန္ေတာ္တို႔မွာ လံုေလာက္တဲ့အေတြ႔အႀကံဳရွိပါတယ္ ” လို႔ ဂ်ာမန္သားနည္းျပကေျပာၾကားလိုက္တာပါ။