ဆန်မာရီနိုနဲ့ပွဲမှာ လွယ်လွယ်ကူကူနိုင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ရင်ဆိုင်သွားမှာမဟုတ်ဘူးလို့ ဆောက်ဂိတ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ဒီညကစားမယ့်ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူတို့အသင်းခပ်လွယ်လွယ်အနိုင်ယူပြီး ခြေစစ်ပွဲအောင်ဖို့သေချာနေပြီဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ရင်ဆိုင်မှာ မဟုတ်ဘူးလို့ဖွင့်ဟပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲအုပ်စုတွင်းမှာ (၉)ပွဲကစား၊ (၂၃)မှတ်နဲ့ ဒုတိယနေရာက ပိုလန်အသင်းကို (၃)မှတ်ဖြတ်ထားသလို၊

ဂိုးကွာခြားချက်အသာရနေတာကြောင့် ဆန်မာရီနိုနဲ့ကစားမယ့်အဝေးကွင်းပွဲမှာ သရေတစ်မှတ်ရရင်ပဲ ၂၀၂၂ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

ဆန်မာရီနိုအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးအဖြစ်အဆင့်(၂၁၀)နေရာရရှိနေပြီး (၂၉)နှစ်အတွင်း အဓိကပြိုင်ပွဲကြီးတွေမှာတစ်ပွဲမှမနိုင်သေးတဲ့အပြင် အင်္ဂလန်နဲ့ဆုံတွေ့ခဲ့တဲ့(၇)ကြိမ်စလုံး ဂိုးပြတ်တွေနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆောက်ဂိတ်က အီတလီ၊ နယ်သာလန်အသင်းတို့နဲ့ဥပမာပေးပြီးတော့ သူတို့အသင်းခြေစစ်ပွဲအောင်ပြီဆိုပြီးတော့ သေချာပေါက်မသတ်မှတ်နိုင်ဘူးလို့ ဆိုခဲ့တာပါ။

ဆောက်ဂိတ်က “ကျွန်တော်တို့အသင်း သေချာပေါက်ခြေစစ်ပွဲအောင်ပြီလို့ သတ်မှတ်လို့မရသေးပါဘူး။

အခုဆိုရင် ထိပ်သီးအသင်းတွေဖြစ်တဲ့ အီတလီအသင်းက ခြေစစ်ပွဲအောင်ဖို့ မသေချာသေးသလို၊ နယ်သာလန်အသင်းဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့ရုန်းကန်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

ခြေစစ်ပွဲအုပ်စုတွင်းမှာ အမှားတွေအများကြီးလုပ်လို့မရဘဲ ကျွန်တော်တို့အသင်းဟာ ၀ါဆောမှာ(ပိုလန်နဲ့)ကစားခဲ့တဲ့ပွဲ၊

ဘူဒါပတ်စ်မှာ(ဟန်ဂေရီနဲ့)ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တာက အခုလိုအခြေအနေကောင်းတစ်ခုပိုင်ဆိုင်ဖို့ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဥရောပဇုန်ခြေစစ်ပွဲကစားခဲ့တဲ့အသင်းတွေထဲမှာ ကျွန်တော်တို့အသင်းက ခံစစ်စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေသလို

သွင်းဂိုးနဲ့အခွင့်အရေးဖန်တီးမှုအပိုင်းမှာလည်း ပဥ္စမမြောက်အကောင်းဆုံးအသင်းဖြစ်နေပြီး အဲဒီမှတ်တမ်းတွေ အခုထက်ပိုကောင်းအောင်စွမ်းဆောင်သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆန္မာရီႏိုနဲ႔ပြဲမွာ လြယ္လြယ္ကူကူႏိုင္မယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ရင္ဆိုင္သြားမွာမဟုတ္ဘူးလို႔ ေဆာက္ဂိတ္ဆို

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ဒီညကစားမယ့္ဆန္မာရီႏိုနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲမွာ သူတို႔အသင္းခပ္လြယ္လြယ္အႏိုင္ယူၿပီး ေျခစစ္ပြဲေအာင္ဖို႔ေသခ်ာေနၿပီဆိုတဲ့စိတ္ဓာတ္မ်ိဳးနဲ႔ရင္ဆိုင္မွာ မဟုတ္ဘူးလို႔ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

အဂၤလန္အသင္းဟာ ေျခစစ္ပြဲအုပ္စုတြင္းမွာ (၉)ပြဲကစား၊ (၂၃)မွတ္နဲ႔ ဒုတိယေနရာက ပိုလန္အသင္းကို (၃)မွတ္ျဖတ္ထားသလို၊ ဂိုးကြာျခားခ်က္အသာရေနတာေၾကာင့္ ဆန္မာရီႏိုနဲ႔ကစားမယ့္အေဝးကြင္းပြဲမွာ သေရတစ္မွတ္ရရင္ပဲ ၂၀၂၂ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ပါတယ္။

ဆန္မာရီႏိုအသင္းဟာ ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ ေနာက္ဆုံးအျဖစ္အဆင့္(၂၁၀)ေနရာရရွိေနၿပီး (၂၉)ႏွစ္အတြင္း အဓိကၿပိဳင္ပြဲႀကီးေတြမွာတစ္ပြဲမွမႏိုင္ေသးတဲ့အျပင္ အဂၤလန္နဲ႔ဆုံေတြ႕ခဲ့တဲ့(၇)ႀကိမ္စလုံး ဂိုးျပတ္ေတြနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ေဆာက္ဂိတ္က အီတလီ၊ နယ္သာလန္အသင္းတို႔နဲ႔ဥပမာေပးၿပီးေတာ့ သူတို႔အသင္းေျခစစ္ပြဲေအာင္ၿပီဆိုၿပီးေတာ့ ေသခ်ာေပါက္မသတ္မွတ္ႏိုင္ဘူးလို႔ ဆိုခဲ့တာပါ။

ေဆာက္ဂိတ္က “ကြၽန္ေတာ္တို႔အသင္း ေသခ်ာေပါက္ေျခစစ္ပြဲေအာင္ၿပီလို႔ သတ္မွတ္လို႔မရေသးပါဘူး။ အခုဆိုရင္ ထိပ္သီးအသင္းေတြျဖစ္တဲ့ အီတလီအသင္းက ေျခစစ္ပြဲေအာင္ဖို႔ မေသခ်ာေသးသလို၊ နယ္သာလန္အသင္းဆိုရင္ ေျခစစ္ပြဲေအာင္ျမင္ဖို႔႐ုန္းကန္ရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေျခစစ္ပြဲအုပ္စုတြင္းမွာ အမွားေတြအမ်ားႀကီးလုပ္လို႔မရဘဲ ကြၽန္ေတာ္တို႔အသင္းဟာ ၀ါေဆာမွာ(ပိုလန္နဲ႔)ကစားခဲ့တဲ့ပြဲ၊ ဘူဒါပတ္စ္မွာ(ဟန္ေဂရီနဲ႔)ကစားခဲ့တဲ့ပြဲေတြမွာ ရလဒ္ေကာင္းေတြရယူႏိုင္ခဲ့တာက အခုလိုအေျခအေနေကာင္းတစ္ခုပိုင္ဆိုင္ဖို႔ျဖစ္လာတယ္လို႔ ထင္ပါတယ္။

ဥေရာပဇုန္ေျခစစ္ပြဲကစားခဲ့တဲ့အသင္းေတြထဲမွာ ကြၽန္ေတာ္တို႔အသင္းက ခံစစ္စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေနသလို သြင္းဂိုးနဲ႔အခြင့္အေရးဖန္တီးမႈအပိုင္းမွာလည္း ပၪၥမေျမာက္အေကာင္းဆုံးအသင္းျဖစ္ေနၿပီး အဲဒီမွတ္တမ္းေတြ အခုထက္ပိုေကာင္းေအာင္စြမ္းေဆာင္သြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။