
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာလင်းဟာလန်းရဲ့ ဖခင်ကတော့ ယူနိုက်တက်ကို ဂျေဒန်ဆန်ချို ပြောင်းရွှေ့သွားခဲ့တဲ့ အပေါ် အံ့အားသင့်ကာ စိတ်ပျက်သွားပုံရပါတယ်။
သူ့ရဲ့သား အာလင်းဟာလန်းနဲ့ ဆန်ချိုတို့ဟာ ပြီးခဲ့တဲ့ ၁၈ လ အတောအတွင်း ဒေါ့မွန်အသင်းနဲ့အတူ ကွင်းတွင်းကွင်းပြင်မှာ အရမ်းကိုအတွဲညီခဲ့ကြတဲ့ ကစားဖော်တွေဖြစ်ကြပါတယ်။
ဟာလန်း ရဲ့ဖခင် အယ်လ်ဖီဟာလန်း ဟာ မန်စီးတီး အသင်းမှာ ကစားခဲ့ပြီး ရွိုင်ကိန်းရဲ့ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်ပုံကြောင့် ကစားသမားဘဝက အနားယူတဲ့အထိ ဖြစ်ခဲ့ရတာပါ။
အဲဒါကြောင့် အယ်လ်ဖီ ဟာလန်း ဟာ မန်ချက်စတာယူနိုက်တက် ကို မုန်းတီးပြီး ဆန်ချို သရဲနီဘ၀ ခံယူတာကို ပေါက်ကွဲခဲ့ပုံရှိပါတယ်။
အယ်လ်ဖီက သူ့ရဲ့တွစ်တာမှာ “F**k ၊ ဆန်ချိုရာ မင်းတော့ဒီအသင်းကို သတိရနေတော့မှာပဲ၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတွေပဲ ဖြစ်လာပါစေ”ဆိုပြီး တင်ခဲ့ပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အသင်းဆီကို ယူရို(၈၅)သန်းနဲ့ ရောက်ရှိလာမှာဖြစ်ပြီးတော့ အပိုဆုကြေး တစ်စုံတစ်ရာ မပါဝင်ဘူးလို့လည်း သိရပါတယ်။
စာချုပ်ကတော့ 2026+တစ်နှစ်ထပ်တိုးစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ဂန္တဝင်ကျောနံပါတ် ၇ကိုလည်း ဝတ်ဆင်ရဖွယ် ရှိနေပါတယ်။
ယူနိုက်တက် ကို ရောက်ရှိလာမယ့် ဆန်ချို ဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၁၃၇)ပွဲပါဝင်ကစားထားပြီး ဂိုး(၅၀)သွင်းယူကာ (၅၇)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
၂၁ နှစ်အရွယ် တောင်ပံကစားသမားကို ယူရို ၂၀၂၀ အပြီးမှာ ဆေးစစ်သွားမှာပဲ ဖြစ်ပါတယ်။
တစ်ဖက်မှာ ဟာလန်းကလည်း ဒီနွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါမှာ အဆင့် ၃ နဲ့ ရာသီသိမ်းခဲ့သလို DFB ပိုကယ်ဖလားကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကဟာလန်းကို အရင်က ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မန်စီးတီး၊ချယ်လ်ဆီး၊ရီးရဲလ် စတဲ့ အသင်းကြီး အချို့ကဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆန္ခ်ိဳ ယူႏိုက္တက္ေရာက္တာကို မေက်မနပ္ေပါက္ကြဲတဲ့ ဟာလန္းရဲ႕ ဖခင္
အာလင္းဟာလန္းရဲ႕ ဖခင္ကေတာ့ ယူႏိုက္တက္ကို ေဂ်ဒန္ဆန္ခ်ိဳ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အေပၚ အံ့အားသင့္ကာ စိတ္ပ်က္သြားပုံရပါတယ္။ သူ႔ရဲ႕သား အာလင္းဟာလန္းနဲ႔ ဆန္ခ်ိဳတို႔ဟာ ၿပီးခဲ့တဲ့ ၁၈ လ အေတာအတြင္း ေဒါ့မြန္အသင္းနဲ႔အတူ ကြင္းတြင္းကြင္းျပင္မွာ အရမ္းကိုအတြဲညီခဲ့ၾကတဲ့ ကစားေဖာ္ေတြျဖစ္ၾကပါတယ္။
ဟာလန္း ရဲ႕ဖခင္ အယ္လ္ဖီဟာလန္း ဟာ မန္စီးတီး အသင္းမွာ ကစားခဲ့ၿပီး ႐ြိဳင္ကိန္းရဲ႕ရည္႐ြယ္ခ်က္ရွိရွိ ဖ်က္ထုတ္ပုံေၾကာင့္ ကစားသမားဘဝက အနားယူတဲ့အထိ ျဖစ္ခဲ့ရတာပါ။အဲဒါေၾကာင့္ အယ္လ္ဖီ ဟာလန္း ဟာ မန္ခ်က္စတာယူႏိုက္တက္ ကို မုန္းတီးၿပီး ဆန္ခ်ိဳ သရဲနီဘ၀ ခံယူတာကို ေပါက္ကြဲခဲ့ပုံရွိပါတယ္။
အယ္လ္ဖီက သူ႔ရဲ႕တြစ္တာမွာ “F**k ၊ ဆန္ခ်ိဳရာ မင္းေတာ့ဒီအသင္းကို သတိရေနေတာ့မွာပဲ၊ ဘာပဲျဖစ္ျဖစ္ အေကာင္းဆုံးေတြပဲ ျဖစ္လာပါေစ”ဆိုၿပီး တင္ခဲ့ပါတယ္။
ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းဆီကို ယူ႐ို(၈၅)သန္းနဲ႔ ေရာက္ရွိလာမွာျဖစ္ၿပီးေတာ့ အပိုဆုေၾကး တစ္စုံတစ္ရာ မပါဝင္ဘူးလို႔လည္း သိရပါတယ္။ စာခ်ဳပ္ကေတာ့ 2026+တစ္ႏွစ္ထပ္တိုးစာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ၿပီး ဂႏၲဝင္ေက်ာနံပါတ္ ၇ကိုလည္း ဝတ္ဆင္ရဖြယ္ ရွိေနပါတယ္။
ယူႏိုက္တက္ ကို ေရာက္ရွိလာမယ့္ ဆန္ခ်ိဳ ဟာ ေဒါ့မြန္ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၃၇)ပြဲပါဝင္ကစားထားၿပီး ဂိုး(၅၀)သြင္းယူကာ (၅၇)ဂိုးဖန္တီးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားကို ယူ႐ို ၂၀၂၀ အၿပီးမွာ ေဆးစစ္သြားမွာပဲ ျဖစ္ပါတယ္။
တစ္ဖက္မွာ ဟာလန္းကလည္း ဒီေႏြရာသီမွာ ေဒါ့မြန္ကေန ထြက္ခြာေတာ့မယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက ေဒါ့မြန္အသင္းဟာ ဘြန္ဒက္လီဂါမွာ အဆင့္ ၃ နဲ႔ ရာသီသိမ္းခဲ့သလို DFB ပိုကယ္ဖလားကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ကဟာလန္းကို အရင္က ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ မန္စီးတီး၊ခ်ယ္လ္ဆီး၊ရီးရဲလ္ စတဲ့ အသင္းႀကီး အခ်ိဳ႕ကဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။