ဆန်ချို မန်ယူအသင်း ပြောင်းရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဒေါ့မွန် ဥက္ကဌ နဲ့ နည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မွန် ဥက္ကဌ ဝက်စ်ကီး နဲ့ နည်းပြ မာကိုရို့စ်တို့ကတော့ အသင်းရဲ့ တောင်ပံလူ ဆန်ချိုအနေနဲ့ ဘာကြောင့် ဒေါ့မွန်အသင်းကနေ မန်ယူအသင်းကို ပြောင်းသွားရသလဲ ဆိုတဲ့ အကြောင်းကို ​သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ကြပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပေါင် (၇၃) သန်းနဲ့ မန်ယူအသင်းကို ရောင်းချခဲ့ပြီး ကစားသမားအနေနဲ့ လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲ ပြီးသွားရင် ဒေ့ါမွန်အသင်းကနေ မန်ယူအသင်းကို (၅) နှစ်ကြာ စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ရမှာပါပဲ။

ဒေါ့မွန်အသင်းဟာ ယခုအပတ် ကြာသပတေးနေ့က ဆန်ချိုအနေနဲ့ မန်ယူအသင်းကို ပြောင်းမယ်လို့ ရုတ်တရက် အတည်ပြုကြေညာခဲ့ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ဆေးစစ်ဖို့ တစ်ခုပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒေါ့မွန် ဥက္ကဌ ဝက်ဇ်ကီးကတော့ ဆန်ချိုကို မရောင်းချင်ပေမယ့်လည်း ငွေကြေးကြောင့်သာ ရောင်းချရတာ ဖြစ်တယ်လို့ ပြောခဲ့ပြီး နည်းပြ ရို့စ်ကတော့ ဆန်ချိုဟာ နောက်ခံလူနဲ့ တစ်ဦးချင်း တွေ့ချိန်မှာ သန်မာတယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒေါ့မွန် ဥက္ကဌ ဝက်ဇ်ကီးက “မန်ယူအသင်းနဲ့ အခြေခံ သဘောတူညီမှု ရှိပေမယ့် ရှင်းရပါဦးမယ့် အရာတွေက ရှိနေဆဲပါပဲ။

အသင်းပြောင်းချင်တာက ဆန်ချိုရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ သူ့ကို အသင်းမှာပဲ ဆက်ထိန်းထားချင်ခဲ့တာပါ´´

“ဆန်ချိုက ပြီးခဲ့တဲ့ ရာသီက ဒုတိယ ရာသီဝက်မှာ ခြေစွမ်းပြခဲ့ပြီး ကျွန်တော်တို့အသင်းကိုလည်း တိုးတတ်စေခဲ့တယ်။

ကျွန်တော်တို့ ငွေကြေးကြောင့် ဝမ်းနည်းရပြီး သူ ထွက်သွားတာကြောင့် ပို ဝမ်းနည်းရပါတယ်´´လို့ ပြောသွားခဲ့ပါတယ်။

ဒေါ့မွန် နည်းပြ ရို့စ်က “ဆန်ချိုရဲ့ အရည်အချင်းက ခန့်မှန်းလို့ မရဘူး။

သူက နောက်ခံလူနဲ့ တစ်ယောက်ချင်း တွေ့တဲ့ အ​ခြေနေမှာ သန်မာတယ်။ နောက်ပြီး ဂိုးသွင်းရှင်လည်းပဲ ဖြစ်နေပါတယ်။

ဘယ်နည်းပြပဲ ဖြစ်ဖြစ် သူ့ရဲ့ အသင်းမှာ ဆန်ချိုလို ကစားသမားမျိုးကို ကြိုက်နှစ်ကြပါတယ်´´

“အခုကတော့ တွေ့ကြတဲ့ အတိုင်းပဲ သူကတော့ ထွက်သွားပြီ။

သူ့ရဲ့ အရည်အချင်းကို ဘယ်လိုအစားထိုးနိုင်မလဲ ဆိုတာကို ပြောကြပါတယ်။

ကျွန်တော်တို့ တီထွင်ဆန်သစ်တဲ့ အဖြေတွေကို ရှာပါမယ်။

ကျွန်တော်တို့ ဒီအရာကို အသင်းရဲ့ နေရာ အချို ပြောင်းလဲနိုင်တဲ့ အခွင့်အရေး တစ်ခုလိုပဲ ကျွန်တော်တို့ မြင်ပါတယ်´´လို့ ​ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆန္ခ်ိဳ မန္ယူအသင္း ေျပာင္းရတဲ့ အေၾကာင္းအရင္းကို ေျပာျပလာတဲ့ ေဒါ့မြန္ ဥကၠဌ နဲ႔ နည္းျပ

ေဒါ့မြန္ ဥကၠဌ ဝက္စ္ကီး နဲ႔ နည္းျပ မာကို႐ို႕စ္တို႔ကေတာ့ အသင္းရဲ႕ ေတာင္ပံလူ ဆန္ခ်ိဳအေနနဲ႔ ဘာေၾကာင့္ ေဒါ့မြန္အသင္းကေန မန္ယူအသင္းကို ေျပာင္းသြားရသလဲ ဆိုတဲ့ အေၾကာင္းကို ​သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ၾကပါတယ္။

ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳကို ေပါင္ (၇၃) သန္းနဲ႔ မန္ယူအသင္းကို ေရာင္းခ်ခဲ့ၿပီး ကစားသမားအေနနဲ႔ လက္ရွိ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲ ၿပီးသြားရင္ ေဒ့ါမြန္အသင္းကေန မန္ယူအသင္းကို (၅) ႏွစ္ၾကာ စာခ်ဳပ္နဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕ရမွာပါပဲ။

ေဒါ့မြန္အသင္းဟာ ယခုအပတ္ ၾကာသပေတးေန႔က ဆန္ခ်ိဳအေနနဲ႔ မန္ယူအသင္းကို ေျပာင္းမယ္လို႔ ႐ုတ္တရက္ အတည္ျပဳေၾကညာခဲ့ၿပီး ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိသြားခဲ့ၿပီ ျဖစ္တာေၾကာင့္ ေဆးစစ္ဖို႔ တစ္ခုပဲ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္ ဥကၠဌ ဝက္ဇ္ကီးကေတာ့ ဆန္ခ်ိဳကို မေရာင္းခ်င္ေပမယ့္လည္း ေငြေၾကးေၾကာင့္သာ ေရာင္းခ်ရတာ ျဖစ္တယ္လို႔ ေျပာခဲ့ၿပီး နည္းျပ ႐ို႕စ္ကေတာ့ ဆန္ခ်ိဳဟာ ေနာက္ခံလူနဲ႔ တစ္ဦးခ်င္း ေတြ႕ခ်ိန္မွာ သန္မာတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ေဒါ့မြန္ ဥကၠဌ ဝက္ဇ္ကီးက “မန္ယူအသင္းနဲ႔ အေျခခံ သေဘာတူညီမႈ ရွိေပမယ့္ ရွင္းရပါဦးမယ့္ အရာေတြက ရွိေနဆဲပါပဲ။ အသင္းေျပာင္းခ်င္တာက ဆန္ခ်ိဳရဲ႕ ဆႏၵပါပဲ။ ကြၽန္ေတာ္တို႔ကေတာ့ သူ႔ကို အသင္းမွာပဲ ဆက္ထိန္းထားခ်င္ခဲ့တာပါ´´

“ဆန္ခ်ိဳက ၿပီးခဲ့တဲ့ ရာသီက ဒုတိယ ရာသီဝက္မွာ ေျခစြမ္းျပခဲ့ၿပီး ကြၽန္ေတာ္တို႔အသင္းကိုလည္း တိုးတတ္ေစခဲ့တယ္။ ကြၽန္ေတာ္တို႔ ေငြေၾကးေၾကာင့္ ဝမ္းနည္းရၿပီး သူ ထြက္သြားတာေၾကာင့္ ပို ဝမ္းနည္းရပါတယ္´´လို႔ ေျပာသြားခဲ့ပါတယ္။

ေဒါ့မြန္ နည္းျပ ႐ို႕စ္က “ဆန္ခ်ိဳရဲ႕ အရည္အခ်င္းက ခန္႔မွန္းလို႔ မရဘူး။ သူက ေနာက္ခံလူနဲ႔ တစ္ေယာက္ခ်င္း ေတြ႕တဲ့ အ​ေျခေနမွာ သန္မာတယ္။ ေနာက္ၿပီး ဂိုးသြင္းရွင္လည္းပဲ ျဖစ္ေနပါတယ္။ ဘယ္နည္းျပပဲ ျဖစ္ျဖစ္ သူ႔ရဲ႕ အသင္းမွာ ဆန္ခ်ိဳလို ကစားသမားမ်ိဳးကို ႀကိဳက္ႏွစ္ၾကပါတယ္´´

“အခုကေတာ့ ေတြ႕ၾကတဲ့ အတိုင္းပဲ သူကေတာ့ ထြက္သြားၿပီ။ သူ႔ရဲ႕ အရည္အခ်င္းကို ဘယ္လိုအစားထိုးႏိုင္မလဲ ဆိုတာကို ေျပာၾကပါတယ္။ ကြၽန္ေတာ္တို႔ တီထြင္ဆန္သစ္တဲ့ အေျဖေတြကို ရွာပါမယ္။ ကြၽန္ေတာ္တို႔ ဒီအရာကို အသင္းရဲ႕ ေနရာ အခ်ိဳ ေျပာင္းလဲႏိုင္တဲ့ အခြင့္အေရး တစ္ခုလိုပဲ ကြၽန္ေတာ္တို႔ ျမင္ပါတယ္´´လို႔ ​ဆိုပါတယ္။