
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီမှာ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ မန်ယူအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ မန်ယူအသင်းက ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်ကြတဲ့ ဆန်ချို နဲ့ ဗာရန်း တို့ကို ဆက်တိုက်ဆိုသလို ခေါ်ယူအားဖြည့်ခဲ့တာကြောင့် ပေါ့ဘာ ဟာ အသင်းမှာဆက်နေဖို့ ပြန်လည်ပြီး ဆန္ဒရှိလာခဲ့တာလို့ သိရပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းဖော် ဗာရန်း ကို မန်ယူအသင်းက ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာပြီးတဲ့အချိန်မှာလည်း ပေါ့ဘာ က ဗာရန်း နဲ့ ဗီဒီယိုကော်လ် ပြောနေတဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။
ပေါ့ဘာ နဲ့ မန်ယူအသင်း ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ ၁ နှစ် သာကျန်ရှိတော့တာကြောင့် အမြန်ဆုံးသက်တမ်းတိုးနိုင်ဖို့ မန်ယူ အသင်းရဲ့ တာဝန်ရှိသူတွေက ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ပေါ့ဘာ က အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ရဲ့ အကြံပေးချက်အတိုင်း စာချုပ်သစ်ကမ်းလှမ်းမှုကို အခုချိန်ထိ ဆိုင်းငံ့ထားပါတယ်။
ရွိုင်အိုလာ က ပေါ့ဘာ ကို တခြားအသင်းသို့ပြောင်းရွှေ့စေချင်နေပြီး ပြင်သစ်ကလပ် PSG နဲ့ မန်ယူအသင်းရဲ့ အခါးသီးဆုံးပြိုင်ဖက် လီဗာပူးလ် တို့ဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပေါ့ဘာ ရဲ့ မိခင်အပါအဝင် မိသားစုတွေက ပြင်သစ်ကလပ် မာဆေးလ် ရဲ့ အမာခံပရိသတ်တွေဖြစ်တာကြောင့် PSG ပရိသတ်တွေက သူတို့အသင်းဆီကို ပေါ့ဘာ ပြောင်းရွှေ့လာမှာကို မလိုလားကြပဲ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
လီဗာပူးလ် နည်းပြ ယာဂင်ကလောပ့် ကလည်း ရွိုင်အိုလာ ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့်မို့ ပေါ့ဘာ ဟာ မန်ယူအသင်းမှာ ဆက်နေဖို့ များနေပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို ပြန်လည်စဉ်းစားသွားဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
နည်းပြ ဆိုးလ်ရှား နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ပေါ့ဘာ ဟာ မန်ယူအသင်းရဲ့ အနာဂတ်စီမံကိန်းမှာ တထောင့်တနေရာကနေ ဆက်လက်ပါဝင်သွားဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆန္ခ်ိဳ နဲ႔ ဗာရန္း တို႔ကိုေခၚယူၿပီးခဲ့တဲ့ မန္ယူ မွာ ဆက္ကစားဖို႔ ေပါ့ဘာ ဆႏၵရွိေန
ဒီရာသီမွာ အသင္းေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြက်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနတဲ့ မန္ယူအသင္းရဲ႕ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာ က သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြမွာ မန္ယူအသင္းက ကမာၻ႔အဆင့္ ကစားသမားေတြျဖစ္ၾကတဲ့ ဆန္ခ်ိဳ နဲ႔ ဗာရန္း တို႔ကို ဆက္တိုက္ဆိုသလို ေခၚယူအားျဖည့္ခဲ့တာေၾကာင့္ ေပါ့ဘာ ဟာ အသင္းမွာဆက္ေနဖို႔ ျပန္လည္ၿပီး ဆႏၵရွိလာခဲ့တာလို႔ သိရပါတယ္။
ျပင္သစ္လက္ေ႐ြးစင္အသင္းေဖာ္ ဗာရန္း ကို မန္ယူအသင္းက ေခၚယူႏိုင္ခဲ့ေၾကာင္း ေၾကညာၿပီးတဲ့အခ်ိန္မွာလည္း ေပါ့ဘာ က ဗာရန္း နဲ႔ ဗီဒီယိုေကာ္လ္ ေျပာေနတဲ့ ပုံရိပ္ေတြကို ဆိုရွယ္မီဒီယာေပၚမွာ မွ်ေဝခဲ့ပါတယ္။
ေပါ့ဘာ နဲ႔ မန္ယူအသင္း ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္းဟာ ၁ ႏွစ္ သာက်န္ရွိေတာ့တာေၾကာင့္ အျမန္ဆုံးသက္တမ္းတိုးႏိုင္ဖို႔ မန္ယူ အသင္းရဲ႕ တာဝန္ရွိသူေတြက ႀကိဳးစားေနၾကပါတယ္။ ဒါေပမဲ့ ေပါ့ဘာ က ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာ ရဲ႕ အႀကံေပးခ်က္အတိုင္း စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို အခုခ်ိန္ထိ ဆိုင္းငံ့ထားပါတယ္။
႐ြိဳင္အိုလာ က ေပါ့ဘာ ကို တျခားအသင္းသို႔ေျပာင္းေ႐ႊ႕ေစခ်င္ေနၿပီး ျပင္သစ္ကလပ္ PSG နဲ႔ မန္ယူအသင္းရဲ႕ အခါးသီးဆုံးၿပိဳင္ဖက္ လီဗာပူးလ္ တို႔ဆီကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ပါတယ္။
ဒါေပမဲ့ ေပါ့ဘာ ရဲ႕ မိခင္အပါအဝင္ မိသားစုေတြက ျပင္သစ္ကလပ္ မာေဆးလ္ ရဲ႕ အမာခံပရိသတ္ေတြျဖစ္တာေၾကာင့္ PSG ပရိသတ္ေတြက သူတို႔အသင္းဆီကို ေပါ့ဘာ ေျပာင္းေ႐ႊ႕လာမွာကို မလိုလားၾကပဲ ဆႏၵျပမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ လီဗာပူးလ္ နည္းျပ ယာဂင္ကေလာပ့္ ကလည္း ႐ြိဳင္အိုလာ ရဲ႕ ကမ္းလွမ္းမႈကို စိတ္ဝင္စားျခင္းမရွိဘူးလို႔ သိရပါတယ္။
ဒါေၾကာင့္မို႔ ေပါ့ဘာ ဟာ မန္ယူအသင္းမွာ ဆက္ေနဖို႔ မ်ားေနၿပီး စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျပန္လည္စဥ္းစားသြားဖို႔ ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ နည္းျပ ဆိုးလ္ရွား နဲ႔လည္း ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ ေပါ့ဘာ ဟာ မန္ယူအသင္းရဲ႕ အနာဂတ္စီမံကိန္းမွာ တေထာင့္တေနရာကေန ဆက္လက္ပါဝင္သြားဖို႔ ရာခိုင္ႏႈန္းမ်ားေနတယ္လို႔ သိရပါတယ္။