ဆန်ချိုအတွက် ဘိုင်ယန်မှာ နေရာမရှိဘူးလို့ ရစ်ဘာရီ ပြော

Photo Credit

Photo Credit

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားဟောင်း ဖရန့်ရစ်ဘာရီက အသင်းဟောင်းအနေနဲ့ လက်ရှိအနေအထားအရ ပြည်တွင်းပြိုင်ဘက် ဒေါ့မွန်အသင်းထံမှ တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ မလိုအပ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

အသက် ၁၇နှစ်အရွယ် ၂၀၁၇ ခုနှစ်က စီးတီးကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ယမန်နှစ်ရာသီက ဘွန်ဒက်စ်လီဂါမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်အသင်းမှာလည်း အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိနေပါတယ်။

Photo Credit

ဒီလိုခြေစွမ်းပြနေမှုကြောင့် ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်အပါအဝင် အသင်းကြီးအများအပြား စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ကလည်း အရင်က ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမားအများအပြားကို ခေါ်ယူခဲ့ဖူးတဲ့အစဉ်အလာရှိကာ အဲဒီလိုခေါ်ယူမှုအများစုကလည်း အောင်မြင်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။

Photo Credit

ရစ်ဘာရီဟာ ပြီးခဲ့တဲ့ရာသီအကုန်က အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် အသင်းနဲ့ ၁၂နှစ်ကြာလက်တွဲလာမှုကို အဆုံးသတ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit

ဘယ်လိုပဲဖြစ်ဖြစ် ရစ်ဘာရီကတော့ အသင်းဟောင်းအပေါ် သံယောဇဉ်မကုန်သေးဘဲ အသစ်ခေါ်ယူထားတဲ့ ပါရီဆစ်နဲ့ ကော်တင်ညိုတို့အပြင် အသင်းမှာရှိပြီးသား ဂနာဘရီ၊ ကိုမန်၊ သောမတ်စ်မူလာနဲ့ လီဝန်ဒေါစကီးတို့လို တိုက်စစ်ကစားသမားတွေကြောင့် တိုက်စစ်ပိုင်းက ထပ်ဖြည့်စရာမလိုကြောင်း ဆိုပါတယ်။

Photo Credit

”ဆန်ချိုက ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ သူ့နေရာအတွက် ဘိုင်ယန်မှာ ကစားသမားကောင်းတွေနဲ့ လုံလောက်ပြီးသားပါ။ သူဘယ်နေရာမှာကစားသင့်လဲ။ အသင်းမှာ မူလာ၊ ဂနာဘရီ၊ ပါရီဆစ်၊ ကိုမန်၊ ကော်တင်ညိုနဲ့ လီဝန်ဒေါစကီးတို့ရှိနေပြီးသားဆိုတော့ ပွဲထွက်ခွင့်အတွက် အားပြိုင်မှုကလည်း ပြင်းထန်ပါတယ်”

Photo Credit

”ဆန်ချို ဆက်လက်ခြေစွမ်းပြဖို့ မျှော်လင့်ပေမယ့် သူ့အတွက် ဘိုင်ယန်မြူးနစ်အသင်းမှာ နေရာမရှိဘူးလို့ ထင်ပါတယ်”လို့ ရစ်ဘာရီက ပြောပါတယ်။ ရစ်ဘာရီထွက်ခွာသွားပြီးနောက် သူ့နေရာမှာ ဂနာဘရီက အကောင်းဆုံးဖြည့်ဆည်းထားပြီး တော့တင်ဟမ်ကို ၂-၇ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

ဆန္ခ်ိဳအတြက္ ဘိုင္ယန္မွာ ေနရာမရွိဘူးလို႔ ရစ္ဘာရီ ေျပာ

ဘိုင္ယန္ျမဴးနစ္ေတာင္ပံကစားသမားေဟာင္း ဖရန႔္ရစ္ဘာရီက အသင္းေဟာင္းအေနနဲ႔ လက္ရွိအေနအထားအရ ျပည္တြင္းၿပိဳင္ဘက္ ေဒါ့မြန္အသင္းထံမွ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ မလိုအပ္ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။
အသက္ ၁၇ႏွစ္အ႐ြယ္ ၂၀၁၇ ခုႏွစ္က စီးတီးကေန ေဒါ့မြန္ကို ေရာက္ရွိလာခဲ့တဲ့ ဆန္ခ်ိဳဟာ ယမန္ႏွစ္ရာသီက ဘြန္ဒက္စ္လီဂါမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အဂၤလန္အသင္းမွာလည္း အဓိကကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိေနပါတယ္။
ဒီလိုေျခစြမ္းျပေနမႈေၾကာင့္ ဆန္ခ်ိဳကို ေခၚယူဖို႔ ယူႏိုက္တက္အပါအဝင္ အသင္းႀကီးအမ်ားအျပား စိတ္ဝင္စားေနၿပီး ဘိုင္ယန္ျမဴးနစ္ကလည္း အရင္က ေဒါ့မြန္အသင္းရဲ႕ၾကယ္ပြင့္ကစားသမားအမ်ားအျပားကို ေခၚယူခဲ့ဖူးတဲ့အစဥ္အလာရွိကာ အဲဒီလိုေခၚယူမႈအမ်ားစုကလည္း ေအာင္ျမင္တဲ့ေခၚယူမႈေတြျဖစ္ခဲ့ပါတယ္။
ရစ္ဘာရီဟာ ၿပီးခဲ့တဲ့ရာသီအကုန္က အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီးေနာက္ အသင္းနဲ႔ ၁၂ႏွစ္ၾကာလက္တြဲလာမႈကို အဆုံးသတ္ခဲ့ၿပီး ဖီအိုရင္တီးနားအသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ရစ္ဘာရီကေတာ့ အသင္းေဟာင္းအေပၚ သံေယာဇဥ္မကုန္ေသးဘဲ အသစ္ေခၚယူထားတဲ့ ပါရီဆစ္နဲ႔ ေကာ္တင္ညိဳတို႔အျပင္ အသင္းမွာရွိၿပီးသား ဂနာဘရီ၊ ကိုမန္၊ ေသာမတ္စ္မူလာနဲ႔ လီဝန္ေဒါစကီးတို႔လို တိုက္စစ္ကစားသမားေတြေၾကာင့္ တိုက္စစ္ပိုင္းက ထပ္ျဖည့္စရာမလိုေၾကာင္း ဆိုပါတယ္။
”ဆန္ခ်ိဳက ကစားသမားေကာင္းတစ္ေယာက္ပါ။ ဒါေပမဲ့ သူ႔ေနရာအတြက္ ဘိုင္ယန္မွာ ကစားသမားေကာင္းေတြနဲ႔ လုံေလာက္ၿပီးသားပါ။ သူဘယ္ေနရာမွာကစားသင့္လဲ။ အသင္းမွာ မူလာ၊ ဂနာဘရီ၊ ပါရီဆစ္၊ ကိုမန္၊ ေကာ္တင္ညိဳနဲ႔ လီဝန္ေဒါစကီးတို႔ရွိေနၿပီးသားဆိုေတာ့ ပြဲထြက္ခြင့္အတြက္ အားၿပိဳင္မႈကလည္း ျပင္းထန္ပါတယ္”
”ဆန္ခ်ိဳ ဆက္လက္ေျခစြမ္းျပဖို႔ ေမွ်ာ္လင့္ေပမယ့္ သူ႔အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ေနရာမရွိဘူးလို႔ ထင္ပါတယ္”လို႔ ရစ္ဘာရီက ေျပာပါတယ္။ ရစ္ဘာရီထြက္ခြာသြားၿပီးေနာက္ သူ႔ေနရာမွာ ဂနာဘရီက အေကာင္းဆုံးျဖည့္ဆည္းထားၿပီး ေတာ့တင္ဟမ္ကို ၂-၇ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ တစ္ဦးတည္း ၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။