
Photo Credit
Photo Credit
ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ တောင်ပံကစားသမား ဆန်ချိုအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ကို ကျော်ဖြတ်နိုင်လိမ်မယ့်လို့ ယုံကြည်နေသလို လာမယ့်ဇန်နဝါရီလ ဒါမှမဟုတ် နွေရာသီအတွင်း ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
Photo Credit
ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရပေမယ့် အပြောင်းအရွှေ့စီမံကိန်းကို ကြိုတင်ချမှတ်ထားပြီး ယမန်နှစ်နွေရာသီက ဂိုးသမားကီပါကို ဘီလ်ဘာအိုအသင်းကနေ ခေါ်ယူခဲ့စဉ်က ကုန်ကျခဲ့ရတဲ့ ပေါင် ၇၂သန်းထက် ပိုမြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ဆန်ချိုကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
Photo Credit
ဆန်ချိုဟာ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှူးအေဘရာဟမ်နဲ့ တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းတို့အပါအဝင် ချဲလ်ဆီးကစားသမားအများစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ချဲလ်ဆီးအသင်းက သူ့ကို ရေရှည်စီမံကိန်းမှာ အဓိကနေရာကနေ ထည့်သွင်းလိုနေပါတယ်။ ဆန်ချိုဟာ ဒီရာသီမှာလည်း ဆက်လက်ခြေစွမ်းပြနေပေမယ့် စည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို အသင်းကလည်း ရလဒ်တွေဆိုးရွားနေလို့ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
Photo Credit
အသက် ၁၉နှစ်အရွယ်ရှိ ဆန်ချိုဟာ ဘိုင်ယန်မြူးနစ်ကို အရှက်ရဖွယ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲချိန် ၃၆ မိနစ်အရောက်မှာပဲ စောစောစီးစီးလူစားလဲခံခဲ့ရပြီး နည်းပြဖာဗရီက ပွဲကစားဖို့ လုံလောက်တဲ့အရည်အချင်းမရှိသူလို့ ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘာစီလိုနာကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ပွဲမတိုင်မီ အသင်းရဲ့အစည်းအဝေးကို ဆန်ချို တက်ရောက်ဖု့ိ နောက်ကျခဲ့တာကြောင့်လို့ သိရပါတယ်။
Photo Credit
အဲဒီလိုအခြေအနေတွေကြောင့် ဒေါ့မွန်လည်း ဆန်ချိုကို မူလမျှော်မှန်းထားတာထက် ပိုမိုစောလျင်စွာရောင်းချရဖွယ်ရှိနေပြီး သူ့နေရာမှာ ဆော်ပေါ်လိုကစားသမား အန်တိုနီဖြစ်ဖြစ် ဂရီမီယိုတောင်ပံကစားသမား အဲဗာတန်ဖြစ်ဖြစ် အစားထိုးခေါ်ယူဖို့လည်း ကြိုတင်ပြင်ဆင်နေပါတယ်။ ဒေါ့မွန်ဟာ ၂၀၁၇ နွေရာသီက လူငယ်တောင်ပံကစားသမား ဒမ်ဘီလီကို ဘာစီလိုနာအသင်းထံ ယူရို ၁၀၅သန်းနဲ့ ရောင်းချဖွယ်ရှိနေပြီး ဆန်ချိုရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ရောက်မှ ကုန်ဆုံးမှာဖြစ်လို့ ပြောင်းရွှေ့ကြေး မြင့်မားစွာတောင်းဆိုဖွယ်ရှိနေပါတယ်။
Photo Credit
ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူးကလည်း စိတ်ဝင်စားနေပေမယ့် နည်းပြကလော့ပ်က သူ့ရဲ့ပြောင်းရွှေ့ကြေးက အသင်းအတွက်တော့ မြင့်မားလွန်းတယ်လို့ ဝန်ခံထားပါတယ်။ ယူနိုက်တက်အသင်းကလည်း ဇန်နဝါရီလအတွင်း ဆန်ချိုကို ယူရိုသန်း ၁၄၀နဲ့ ကမ်းလှမ်းဖွယ်ရှိနေပေမယ့် ယနေ့ညကစားရမယ့်စပါးနဲ့ပွဲမတိုင်မီ အမှတ်ပေးဇယားရဲ့အဆင့် ၁၀နေရာမှာသာ ရပ်တည်ထားနိုင်တာက အဓိကအတားအဆီးဖြစ်လာနိုင်ပါတယ်။
Photo Credit
Zawgyi
ဆန္ခ်ိဳအတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ယူႏုိက္တက္ကို ေနာက္ေကာက္ခ်ႏိုင္လိမ့္မယ္လုိ႔ ခ်ဲလ္ဆီး ယုံၾကည္
ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မြန္အသင္းကေန ထြက္ခြာဖို႔ စိုင္းျပင္းေနတဲ့ ေတာင္ပံကစားသမား ဆန္ခ်ိဳအတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး ယူႏုိက္တက္ကို ေက်ာ္ျဖတ္ႏိုင္လိမ္မယ့္လုိ႔ ယုံၾကည္ေနသလုိ လာမယ့္ဇန္န၀ါရီလ ဒါမွမဟုတ္ ေႏြရာသီအတြင္း ကမ္းလွမ္းဖြယ္ရွိေနပါတယ္။
ခ်ဲလ္ဆီးဟာ လက္ရွိအခ်ိန္မွာ ေစ်းကြက္အတြင္း ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရေပမယ့္ အေျပာင္းအေရႊ႕စီမံကိန္းကို ႀကိဳတင္ခ်မွတ္ထားၿပီး ယမန္ႏွစ္ေႏြရာသီက ဂိုးသမားကီပါကို ဘီလ္ဘာအိုအသင္းကေန ေခၚယူခ့ဲစဥ္က ကုန္က်ခဲ့ရတဲ့ ေပါင္ ၇၂သန္းထက္ ပိုျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ဆန္ခ်ိဳကို ကမ္းလွမ္းဖြယ္ရွိေနပါတယ္။
ဆန္ခ်ိဳဟာ အဂၤလန္အသင္းေဖာ္ေတြျဖစ္တဲ့ တုိက္စစ္မွဴးေအဘရာဟမ္နဲ႔ ေတာင္ပံကစားသမား ဟက္ဆန္အိုဒြိဳင္းတို႔အပါအ၀င္ ခ်ဲလ္ဆီးကစားသမားအမ်ားစုနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက သူ႕ကို ေရရွည္စီမံကိန္းမွာ အဓိကေနရာကေန ထည့္သြင္းလုိေနပါတယ္။ ဆန္ခ်ိဳဟာ ဒီရာသီမွာလည္း ဆက္လက္ေျခစြမ္းျပေနေပမယ့္ စည္းကမ္းပုိင္းဆုိင္ရာနဲ႔ပတ္သက္လုိ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရသလုိ အသင္းကလည္း ရလဒ္ေတြဆုိးရြားေနလုိ႔ အသင္းေျပာင္းေရႊ႕ဖြယ္ရွိေနပါတယ္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ဆန္ခ်ိဳဟာ ဘုိင္ယန္ျမဴးနစ္ကို အရွက္ရဖြယ္ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၃၆ မိနစ္အေရာက္မွာပဲ ေစာေစာစီးစီးလူစားလဲခံခဲ့ရၿပီး နည္းျပဖာဗရီက ပြဲကစားဖို႔ လုံေလာက္တဲ့အရည္အခ်င္းမရွိသူလုိ႔ ေ၀ဖန္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ဘာစီလုိနာကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာလည္း ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပြဲမတိုင္မီ အသင္းရဲ႕အစည္းအေ၀းကို ဆန္ခ်ိဳ တက္ေရာက္ဖု႔ိ ေနာက္က်ခဲ့တာေၾကာင့္လုိ႔ သိရပါတယ္။
အဲဒီလုိအေျခအေနေတြေၾကာင့္ ေဒါ့မြန္လည္း ဆန္ခ်ိဳကို မူလေမွ်ာ္မွန္းထားတာထက္ ပိုမိုေစာလ်င္စြာေရာင္းခ်ရဖြယ္ရွိေနၿပီး သူ႕ေနရာမွာ ေဆာ္ေပၚလုိကစားသမား အန္တိုနီျဖစ္ျဖစ္ ဂရီမီယိုေတာင္ပံကစားသမား အဲဗာတန္ျဖစ္ျဖစ္ အစားထိုးေခၚယူဖို႔လည္း ႀကိဳတင္ျပင္ဆင္ေနပါတယ္။ ေဒါ့မြန္ဟာ ၂၀၁၇ ေႏြရာသီက လူငယ္ေတာင္ပံကစားသမား ဒမ္ဘီလီကို ဘာစီလုိနာအသင္းထံ ယူ႐ို ၁၀၅သန္းနဲ႔ ေရာင္းခ်ဖြယ္ရွိေနၿပီး ဆန္ခ်ဳိရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂ ေရာက္မွ ကုန္ဆုံးမွာျဖစ္လုိ႔ ေျပာင္းေရႊ႕ေၾကး ျမင့္မားစြာေတာင္းဆုိဖြယ္ရွိေနပါတယ္။
ဆန္ခ်ိဳကို ေခၚယူဖို႔ လီဗာပူးကလည္း စိတ္၀င္စားေနေပမယ့္ နည္းျပကေလာ့ပ္က သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးက အသင္းအတြက္ေတာ့ ျမင့္မားလြန္းတယ္လုိ႔ ၀န္ခံထားပါတယ္။ ယူႏုိက္တက္အသင္းကလည္း ဇန္န၀ါရီလအတြင္း ဆန္ခ်ိဳကို ယူ႐ိုသန္း ၁၄၀နဲ႔ ကမ္းလွမ္းဖြယ္ရွိေနေပမယ့္ ယေန႔ညကစားရမယ့္စပါးနဲ႔ပြဲမတုိင္မီ အမွတ္ေပးဇယားရဲ႕အဆင့္ ၁၀ေနရာမွာသာ ရပ္တည္ထားႏုိင္တာက အဓိကအတားအဆီးျဖစ္လာႏုိင္ပါတယ္။