ဆန်ချိုကို အပြီးသတ် ပြောင်းရွှေ့ကြေး ပေါင် (၇၂.၆) သန်းနဲ့ ခေါ်ဖို့ ဒေါ့မွန်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တဲ့ မန်ယူ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းဟာ အင်္ဂလန် လက်ရွေးစင် ဒေါ့မွန် တောင်ပံ ကစားသမား ဆန်ချိုကို အပြီးသတ် ပြောင်းရွေ့ကြေး ပေါင် (၇၂.၆) သန်း ခေါ်ယူဖို့ ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး မကြာခင် အပြောင်းရွေ့ ပြီးမြောက်တော့မှာပါ။
မန်ယူအသင်း နဲ့ ဆနိချိုဟာ အပြောင်းအရွေ့ ပြီးမြောက်နိုင်ဖို့အတွက် ဆေးစစ်မှုး နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပြီး ဆေးစစ်မှူးထက် ပုဂ္ဂိုလ်ရေး သဘောတူညီမှုကို အရင် ပြုလုပ်မှာ ဖြစ်တယ်လို့ သတင်းထွက်ပါတယ်။
အသက် (၂၁) နှစ် အရွယ် ဆန်ချိုဟာ မန်ယူအသင်းနဲ့ (၅) နှစ်ကြာ ကာလရှည် စာချုပ်ကို ချုပ်ဆိုသွားမယ်လို့ ခိုင်လုံတဲ့ သတင်း ထွက်ပေါ်နေပြီး လက်ရှိမှာတော့ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားနေတာပါ။
ဒေါ့မွန်အသင်းဟာ အရင်က ဆန်ချိုနဲ့ သဘောတူညီမှု စာချုပ် တစ်ခု ပြုလုပ်ခဲ့ပြီး အဲဒီစာချုပ်ထဲမှာ ပါတာက သူ့ရဲ့တန်ကြေးနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် လက်ရှိ ရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အသင်း ပြောင်းနိုင်တယ် ဆိုတဲ့ စာချုပ်ပါပဲ။
Athletic သတင်းကတော့ မန်ယူအသင်းဟာ ဆန်ချိုရဲ့ တန်ကြေးနဲ့ ကမ်းလှမ်းနိုင်တယ်လို့ ဖော်ပြခဲ့ပြီး ဆန်ချိုအနေနဲ့ မန်ယူ ကစားသမားအဖြစ် ပွဲထုတ် မမိတ်ဆက်ခင်မှာ ဆေးစစ်မှုး ခံယူသွားရမယ်လို့လည်း ထပ်လောင်းဖော်ပြသွားခဲ့ပါတယ်။
ဆန်ချိုဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် မန်စီးတီးအသင်းကနေ ဒေ့ါမွန်အသင်းကို ပြောင်းရွေ့ခဲ့စဉ်ကတည်းက ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၁၃၇) ပွဲ ကစားထားပြီးရာမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး (၅၀) ဂိုး သွင်းယူးထားပါတယ်။
ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် ဆန်ချိုဟာ လက်ရှိမှာတော့ မန်ယူအသင်းကို ပြောင်းလာဖို့ မန်ချက်စတာမြို့မှာ အိမ်ရှာနေပြီလို့ သတင်း ထွက်လာပြီး မန်ယူအသင်းကို ပြောင်းရွေ့လာဖို့က (၁၀၀) မှာ (၁၀၀) ရာခိုင်နှုန်း လုံးဝကို သေချာနေလျက်ပါပဲ။
မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အသင်းကြီးတွေကို စိန်ခေါ်ဖို့အတွက် အသင်းရဲ့ အင်အားကို ဖြည့်တင်းရလိမ့်မယ်လို့ ပြောခဲ့ဖူးပြီး တောင်ပံ ကစားသမား ဆန်ချိုက မန်ယူအသင်းရဲ့ အင်အားသစ် ဖြစ်လာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi