ဆန်ချိုကို လူသိရှင်ကြားကမ်းလှမ်းခဲ့ပြီး ဘာစီလိုနာက ဖာတီကိုတော့ အေးဂျင့် ဂျော့ချ်မန်ဒက်ကတစ်ဆင့် ပေါင် ၁၃၃ ဈေးနဲ့ မန်ယူ ချဉ်းကပ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာတုန်းက ညာ တောင်ပံတိုက်စစ်အတွက်အားဖြည့်ဖို့ ဒေါ့မန်က တောင်ပံကစားသမား ဆန်ချိုကို လူသိရှင်ကြားချဉ်းကပ်ခဲ့တာ အားလုံးအသိပါပဲ။

ဒါပေမဲ့ ပရိသတ်တွေမသိခဲ့တာ က ဆန်ချိုအပြင် မန်ယူဟာ နာမည်ကြီးအေးဂျင့် ဂျော့ချ်မန်ဒက်ရဲ့အကူအညီနဲ့ ဘာစီလိုနာက ဖာတီကို ပေါင် ၁၃၃ သန်းအထိအသုံးပြုပြီး ခေါ်ယူဖို့ တိတ်တဆိတ်စီစဉ်ခဲ့တယ်ဆိုတာပါပဲ။

ဒါပေမဲ့ ဂျော့ချ်မန်ဒက်ရဲ့ကြိုးစားမှုကို ဘာစီ လိုနာဘက်က ပယ်ချခဲ့ပြီး ဖာတီကို ဆက်ထိန်းနိုင်ခဲ့တာကြောင့် မန်ယူဟာ မအောင်မြင်ခဲ့တာပါ။

အဲဒီတုန်းက ဖာတီဟာ အသက် ၁၈ နှစ်တောင်မပြည့်သေး ဘဲ ဥရောပရဲ့အကောင်းဆုံးဆယ်ကျော်သက် ကြယ်ပွင့်တွေထဲမှာ တစ်ဦးအပါအ ဝင်ဖြစ်ခဲ့ပြီး လာလီဂါပွဲစဉ် ၂၄ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသက် ၁၆ နှစ်နဲ့ ဘာစီလိုနာအတွက် ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာတီဟာ အသင်းသမိုင်း မှာ အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့သလို လာလီဂါသမိုင်းတစ်လျှောက်မှာ လည်း တတိယမြောက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့သူဖြစ်ခဲ့တာပါ။

ဖာတီဟာ ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက အသက် ၁၇ နှစ်ကျော်အချိန်မှာ အင်တာမီလန်ဘက်ကို ဂိုးသွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်း တစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူလည်း ဖြစ်ခဲ့ပါသေးတယ်။

မန်ယူက ဂျော့ချ်မန်ဒက်ကနေတစ်ဆင့် ဖာတီအတွက် ပေါင် ၁၃၃သန်း(ယူရို သန်း ၁၅၀) ဈေးပေးပြီး ခေါ်ယူနိုင်ဖို့ စကားပါးခဲ့ပေမယ့် ဘာစီလိုနာဘက်က သူတို့ရဲ့ကစား သမားကိုထွက်မသွားအောင် စာချုပ်ချုပ်နိုင်ခဲ့ပြီး လက်ရှိစာချုပ်အရ ဖာတီရဲ့စာချုပ်က ၂၀၂၂ မှာပြည့်မှာဖြစ်ပေမယ့် ရွေးချယ်မှုတစ်ခုအနေနဲ့ နောက်ထပ် ၂ ရာသီ စာချုပ်သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။

ဒါ့အပြင် စာချုပ်ထဲမှာ ထွက် ခွာခွင့်လျော်ကြေးအနေနဲ့ ပေါင် ၃၅၇ သန်း(ယူရိုသန်း ၄၀၀) ကိုလည်း ထည့်သွင်း ချုပ်ဆိုထားပါတယ်။ ဖာတီဟာ ဒီရာသီမှာ လာလီဂါ ၁၀ ပွဲကစားပေးပြီး ၅ ဂိုးသွင်း နိုင်ခဲ့သလို ၃ ဂိုးဖန်တီးပေးနိုင်တဲ့အထိ ခြေစွမ်းပြနေခဲ့ပေမယ့် ဒီလအစောပိုင်းက ဘက်တစ်နဲ့ပွဲမှာ ဒူးဒဏ်ရာရသွားခဲ့ပြီး ၄ လလောက်နားရမယ့်အခြေအနေ ရှိနေ ပါတယ်။

ဖာတီနဲ့ ဆန်ချိုကိစ္စမှာ အဆင်မပြေတဲ့အတွက် မန်ယူဟာ အရန်အစီအစဉ်အနေနဲ့ အတ္တလန္တာက အေမက်ဒီရယ်လိုကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့သလို ဥရုဂွေးလူငယ်ကစားသမား ပယ်လီစထရီကိုလည်း ခေါ်ယူခဲ့ပါ တယ်။

ဒီရယ်လိုဟာ မန်ယူကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောက်ရှိလာမှာဖြစ်ပြီး ပယ်လီစထရီကတော့ ရောက်ရှိနေပြီး စီနီယာအသင်းမှာ နေရာရဖို့ ကြိုးစားနေတဲ့ သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆန္ခ်ဳိကို လူသိရွင္ၾကားကမ္းလွမ္းခဲဲ့ၿပီး ဘာစီလိုနာက ဖာတီကိုေတာ့ ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္ကတစ္ဆင့္ ေပါင္ ၁၃၃ ေစ်းနဲ႔ မန္ယူ ခ်ဥ္းကပ္ခဲ့

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာတုန္းက ညာ ေတာင္ပံတုိက္စစ္အတြက္အားျဖည့္ဖို႔ ေဒါ့မန္က ေတာင္ပံကစားသမား ဆန္ခ်ဳိကို လူသိရွင္ၾကားခ်ဥ္းကပ္ခဲ့တာ အားလံုးအသိပါပဲ။

ဒါေပမဲ့ ပရိသတ္ေတြမသိခဲ့တာ က ဆန္ခ်ဳိအျပင္ မန္ယူဟာ နာမည္ႀကီးေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္ရဲ႕အကူအညီနဲ႔ ဘာစီလိုနာက ဖာတီကို ေပါင္ ၁၃၃ သန္းအထိအသံုးျပဳၿပီး ေခၚယူဖို႔ တိတ္တဆိတ္စီစဥ္ခဲ့တယ္ဆိုတာပါပဲ။

ဒါေပမဲ့ ေဂ်ာ့ခ်္မန္ဒက္ရဲ႕ႀကိဳးစားမႈကို ဘာစီ လိုနာဘက္က ပယ္ခ်ခဲ့ၿပီး ဖာတီကို ဆက္ထိန္းႏိုင္ခဲ့တာေၾကာင့္ မန္ယူဟာ မေအာင္ျမင္ခဲ့တာပါ။ အဲဒီတုန္းက ဖာတီဟာ အသက္ ၁၈ ႏွစ္ေတာင္မျပည့္ေသး ဘဲ ဥေရာပရဲ႕အေကာင္းဆံုးဆယ္ေက်ာ္သက္ ၾကယ္ပြင့္ေတြထဲမွာ တစ္ဦးအပါအ ၀င္ျဖစ္ခဲ့ၿပီး လာလီဂါပြဲစဥ္ ၂၄ ပဲြမွာ ၇ ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အသက္ ၁၆ ႏွစ္နဲ႔ ဘာစီလိုနာအတြက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဖာတီဟာ အသင္းသမုိင္း မွာ အသက္အငယ္ဆံုးဂိုးသြင္းသူျဖစ္ခဲ့သလို လာလီဂါသမိုင္းတစ္ေလွ်ာက္မွာ လည္း တတိယေျမာက္အငယ္ဆံုး ဂိုးသြငး္ႏိုင္တဲ့သူျဖစ္ခဲ့တာပါ။

ဖာတီဟာ ခ်န္ပီယံလိဂ္မွာလည္း ေျခစြမ္းျပခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာတုန္းက အသက္ ၁၇ ႏွစ္ေက်ာ္အခ်ိန္မွာ အင္တာမီလန္ဘက္ကို ဂိုးသြင္းႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္သမိုင္း တစ္ေလွ်ာက္ အသက္အငယ္ဆံုးဂိုးသြင္းသူလည္း ျဖစ္ခဲ့ပါေသးတယ္။

မန္ယူက ေဂ်ာ့ခ်္မန္ဒက္ကေနတစ္ဆင့္ ဖာတီအတြက္ ေပါင္ ၁၃၃သန္း(ယူရို သန္း ၁၅၀) ေစ်းေပးၿပီး ေခၚယူႏိုင္ဖို႔ စကားပါးခဲ့ေပမယ့္ ဘာစီလိုနာဘက္က သူတို႔ရဲ႕ကစား သမားကိုထြက္မသြားေအာင္ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ၿပီး လက္ရွိစာခ်ဳပ္အရ ဖာတီရဲ႕စာခ်ဳပ္က ၂၀၂၂ မွာျပည့္မွာျဖစ္ေပမယ့္ ေရြးခ်ယ္မႈတစ္ခုအေနနဲ႔ ေနာက္ထပ္ ၂ ရာသီ စာခ်ဳပ္သက္တမ္းတိုးခြင့္လည္း ရွိေနပါတယ္။

ဒါ့အျပင္ စာခ်ဳပ္ထဲမွာ ထြက္ ခြာခြင့္ေလ်ာ္ေၾကးအေနနဲ႔ ေပါင္ ၃၅၇ သန္း(ယူရိုသန္း ၄၀၀) ကိုလည္း ထည့္သြင္း ခ်ဳပ္ဆုိထားပါတယ္။ ဖာတီဟာ ဒီရာသီမွာ လာလီဂါ ၁၀ ပြဲကစားေပးၿပီး ၅ ဂိုးသြင္း ႏိုင္ခဲ့သလို ၃ ဂိုးဖန္တီးေပးႏိုင္တဲ့အထိ ေျခစြမ္းျပေနခဲ့ေပမယ့္ ဒီလအေစာပိုင္းက ဘက္တစ္နဲ႔ပြဲမွာ ဒူးဒဏ္ရာရသြားခဲ့ၿပီး ၄ လေလာက္နားရမယ့္အေျခအေန ရွိေန ပါတယ္။

ဖာတီနဲ႔ ဆန္ခ်ဳိကိစၥမွာ အဆင္မေျပတဲ့အတြက္ မန္ယူဟာ အရန္အစီအစဥ္အေနနဲ႔ အတၱလႏၱာက ေအမက္ဒီရယ္လိုကို ေပါင္ ၃၇ သန္းနဲ႔ ေခၚယူခဲ့သလို ဥရုေဂြးလူငယ္ကစားသမား ပယ္လီစထရီကိုလည္း ေခၚယူခဲ့ပါ တယ္။ ဒီရယ္လိုဟာ မန္ယူကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေရာက္ရွိလာမွာျဖစ္ၿပီး ပယ္လီစထရီကေတာ့ ေရာက္ရွိေနၿပီး စီနီယာအသင္းမွာ ေနရာရဖို႔ ႀကိဳးစားေနတဲ့ သူပါ။