
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒေ့ါမွန်အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆက်ဘက်ရှန်ခါးလ်က ဆန်ချိုရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦးရှာဖွေနေပြီး တိုက်စစ်မှူးဟာလန်းကတော့ အသင်းမှာဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေ့ါမွန်အသင်းအတွက် ဘွန်ဒစ်လီဂါ(၃၂)ပွဲမှာ ဂိုး(၃၀)အထိသွင်းယူခဲ့ပြီး အသင်းနဲ့အတူ ဂျာမန်ဖလားဆွတ်ခူးနိုင်အောင်ခြေစွမ်းပြကစားခဲ့တာကြောင့် ဥရောပထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒေ့ါမွန်အသင်းကတော့ သူတို့ရဲ့အဓိက,ကစားသမားနောက်တစ်ဦးကို ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး အခု အသင်းရဲ့ဘောလုံးဒါရိုက်တာဆက်ဘက်ရှန်ခါးလ်ကလည်း အသင်းမှာ ဟာလန်းဆက်ရှိနေမယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။
Sky Germany ရုပ်သံနဲ့အင်တာဗျူးမှာ ဟာလန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆက်ဘက်ရှန်ခါးလ်က “ဒီကိစ္စကတော့ ဘာမှအထွေအထူးပြောစရာမလိုပါဘူး။
ဟာလန်းဟာ အသင်းရဲ့စီမံကိန်းထဲမှာ ပါဝင်နေဆဲပါပဲ။
အခုတစ်ပတ်အတွင်း အသင်းနဲ့အတူ ဟာလန်းပူးပေါင်းတော့မှာဖြစ်ပြီး သူဟာ အောင်မြင်မှုတွေရယူဖို့ ဆန္ဒပြင်းပြနေပါလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ဟာလန်းကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်၊ PSG ၊ မန်စီးတီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဟာလန်းဟာ လာမယ့်ရာသီကျရင် ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့နီးစပ်နေတယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ဟာလန်းရဲ့အပြောင်းအရွှေ့အတွက် သူ့အေးဂျင့်ကို တရားဝင်ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး ဟာလန်းရဲ့ပြောင်းရွှေ့ကြေးက ပေါင်သန်း(၁၅၀)အထိရှိနိုင်တယ်လို့ အကြောင်းပြန်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း အချိန်ယူစဉ်းစားမယ့်အနေအထားပါပဲ။
ဒေ့ါမွန်အသင်းဟာ သူတို့ရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဆန်ချိုကို ယူနိုက်တက်အသင်းဆီ ပေါင်(၇၃)သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် ဟာလန်းကို ဆက်ထိန်းသွားမှာဖြစ်ပြီး
ဆန်ချိုရဲ့နေရာမှာအစားထိုးဖို့အတွက် အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ PSV ကစားသမားမာဒူကီကို ကြိုးပမ်းနေတယ်လို့ သတင်းထွက်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဆန်ချိုကို လက်လွတ်ခဲ့ရပေမယ့် ဟာလန်းကို ဆက်ထိန်းထားမယ့် ဒေါ့မွန်
ဒေါ့မွန်အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆက်ဘက်ရှန်ခါးလ်က ဆန်ချိုရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦးရှာဖွေနေပြီး တိုက်စစ်မှူးဟာလန်းကတော့ အသင်းမှာဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ(၃၂)ပွဲမှာ ဂိုး(၃၀)အထိသွင်းယူခဲ့ပြီး အသင်းနဲ့အတူ ဂျာမန်ဖလားဆွတ်ခူးနိုင်အောင်ခြေစွမ်းပြကစားခဲ့တာကြောင့် ဥရောပထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့အဓိက,ကစားသမားနောက်တစ်ဦးကို ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး အခု အသင်းရဲ့ဘောလုံးဒါရိုက်တာဆက်ဘက်ရှန်ခါးလ်ကလည်း အသင်းမှာ ဟာလန်းဆက်ရှိနေမယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ သူတို့ရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဆန်ချိုကို ယူနိုက်တက်အသင်းဆီ ပေါင်(၇၃)သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် ဟာလန်းကို ဆက်ထိန်းသွားမှာဖြစ်ပြီး ဆန်ချိုရဲ့နေရာမှာအစားထိုးဖို့အတွက် အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ PSV ကစားသမားမာဒူကီကို ကြိုးပမ်းနေတယ်လို့ သတင်းထွက်နေပါတယ်။