ဆန်ချိုကို ယူနိုက်တက် နောက်ဆုံးရက် ခေါ်ယူရမယ့်ရက်ကို သတ်မှတ်လိုက်တဲ့ ဒေါ့မွန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

သတင်းတွေအရ ဒေါ့မွန်အသင်းဟာ ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကိုခေါ်ယူချင်တယ်ဆိုရင် သြဂုတ်လ ၁၀ ရက်နေ့နောက်ဆုံးထားခေါ်ယူရမယ်လို့ ရက်သတ်မှတ်လိုက်ပါတယ်။ ဒေ့ါမွန်အသင်းကတော့ ဆန်ချိုအတွက် တန်ကြေးကိုပေါင် ၁၀၀ သန်းသတ်မှတ်ထားပြီး နည်းပြ ဆိုးလ်ရှားကလည်း ခေါ်ယူချင်နေပါတယ်။


ဒါပေမဲ့ ဒေါ့မွန်သတ်မှတ်ထားတဲ့တန်ကြေးက ယူနိုက်တက်အတွက် များလွန်းနေတာကြောင့် ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာနတစ်ခုကတော့ သြဂုတ်လနောက်ဆုံးထားခေါ်ယူမှသာ ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုပေါင်သန်း ၁၀၀ နဲ့ ရနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။


ဂျာမနီကလာတဲ့သတင်းတွေအရ ဒေါ့မွန်ဟာ သူတို့တောင်ပံကစားသမားကို ဆက်ထိန်းဖို့ ပြင်ဆင်နေတယ်ဆိုပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းကို ဆန်ချိုကိုခေါ်ယူနိုင်မယ့်ရက်ကို သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။


မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ မကြာသေးခင်က သူဟာ ဆန်ချိုကိုပြန်လည်ခေါ်ယူမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ တစ်သင်းတည်း လွတ်လွတ်လပ်လပ်ခေါ်ယူခွင့်ရှိနေပါတယ်။


ဆန်ချိုဟာ ဒီရာသီမှာလည်းဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပြီး အသင်းကို ဘိုင်ယန်အသင်းရဲ့ဒုတိယနေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် ၃၂ ပွဲမှာ ၁၇ ဂိုးသွင်း ၁၆ ဂိုးအထိလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။


အင်္ဂလန်သားဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းထံကနေ ပေါင် ၇ သန်းနဲ့ ဒေါ့မွန်ကိုရောက်ရှိလာခဲ့တာဖြစ်ကာ အဲ့နောက်ပိုင်းမှာ အသင်းရဲ့ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်လာတဲ့အထိ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကိုဗစ် – ၁၉ ကြောင့် ဆန်ချိုကိုခေါ်ယူဖို့ မတတ်နိုင်ဖြစ်နေပြီး ကစားသမားအလဲအထပ်နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ မကြာသေးခင်က အသင်းနဲ့စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ အသက် ၁၈ နှစ်သား မေဆင်ဂရင်းဝုဒ်နဲ့ အလဲအထပ်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ဟာ ဒီရာသီယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြနေပြီး ဘုန်းမောက်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီအသင်းအတွက် ၈ ဂိုးအထိရှိလာခဲ့ပါတယ်။

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။