

ချယ်လ်ဆီးအသင်းဟာ လိုင်လီနဲ့ပွဲမှာ အနိုင်ရခဲ့ပေမယ့် ပွဲပြီးခါနီးမှာ လှုပ်လှုပ်ရှားရှားကစားခဲ့ရပါတယ်။ လိုင်လီကို အနိုင်ရပြီးနောက်မှာတော့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆သင်းအဆင့်ကိုလည်း ချယ်လ်ဆီးအသင်း တက်ရောက် သွားနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ချယ်လ်ဆီးအတွက် ကစားသမားအသစ်ခေါ်ယူဖို့ကတော့ ကျိန်းသေလိုအပ်တဲ့အနေအထားဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ထားမှုကို အယူခံအောင်မြင်ပြီးနောက်မှာတော့ လာမယ့်နှစ်မှာ ဘယ်သူ့ကိုခေါ်ယူရမယ်ဆိုတာရွေးချယ်နေပြီဖြစ်ပါတယ်။ နည်းပြလမ်းပတ်အနေနဲ့အသင်း ပြောင်းသွားတဲ့ ဟာဇက်နေရာမှာ အစားထိုးဖို့ကစားသမားအသစ်ကိုခေါ်ယူမှာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းအားသန်တဲ့တောင်ပံကစားသမားတစ်ယောက်ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းအနေနဲ့စီစဉ်နေတာဖြစ် ပါတယ်။

အခုလောလောဆယ်ခေါ်ယူဖို့ကြံစည်ထားတဲ့ကစားသမားကတော့ အသက် 19 နှစ်အရွယ် ဒေါ့မွန်ကစားသမား ဆန်ချိုဖြစ်ပါတယ်။ ဆန်ချိုဟာ 2017 မှာ မန်စီးတီးအသင်းကနေ ဒေါ့မွန်ကိုပြောင်းရွှေ့သွားတာဖြစ်ပါတယ်။ “ဟာဇက်အသင်းပြောင်းသွားပြီးနောက်မှာ ကျွန်တော်တို့အသင်းအနေနဲ့ သွင်းဂိုးအချို့ဆုံးရှုံးခဲ့ရပါတယ်။ အခွင့်အရေးကောင်းတွေလက်လွှတ်ခဲ့ရတာလည်း ရှိတာကြောင့် ကျွန်တော်တို့အနေနဲ့ပိုကောင်းတဲ့အသင်း အဖွဲ့ဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့လိုအပ်နေပါတယ်”လို့ နည်းပြလမ်းပတ်ကပြောပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းအတွက် ၃၅၂ပွဲကစားခဲ့ပြီး ၁၁၀ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၉၂ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ဟာဇက်ဟာ ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဆန်ချိုကိုခေါ်ယူဖို့အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင်အသုံးပြုသွားမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။

(Zawgyi Version)
ဆန်ချိုကို ပေါင်သန်း 100 ၀န်းကျင်သုံးပြီးခေါ်ဖို့ကြံစည်နေတဲ့ ချယ်လ်ဆီးအသင်း