

ချဲလ်ဆီးအသင်းဟာ ဒေါ့မန်တောင်ပံကစားသမား ဆန်ချိုကိုပေါင်သန်း ၁၂၀ နဲ့ခေါ်ဖို့နီးစပ်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် ကမ္ဘာပေါ်မှာအတောက်ပဆုံးလူငယ် ကစားသမားလို့ သတ်မှတ်ထားတဲ့ ဆန်ချို ကိုခေါ်ယူနိုင်ရေးအတွက် လုပ်ဆောင်စရာရှိတာတွေကို စတင်စီစဉ်နေတယ်လို့လည်းဆိုပါတယ်။
အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ဆန်ချိုကို ဒေါ့မန်ကရောင်းချဖို့ဆန္ဒမရှိပေမယ့်လည်းပေါင်သန်း ၁၀၀ ရရင်တော့လက်လွှတ်ဖွယ်ရှိနေပါတယ်။ ဒါကြောင့်လည်းသူ့ကို မန်ယူနဲ့လီဗာပူးတို့ကပါခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ ဒါပေမယ့် ချဲလ်ဆီးကပေါင်သန်း ၁၂၀ အထိပေးဖို့ပြင်ဆင်ထားတဲ့အတွက် ဒေါ့မန်ကလက်ခံလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆန်ချိုဟာဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ချဲလ်ဆီးဟာပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကိုသူတို့ရောင်းချလိုက်တဲ့ ဟာဇတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆန်ချိုကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

လောလောဆယ်မှာ ဒေါ့မန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဆန်ချိုကိုလာမယ့်ဆောင်းရာသီဈေးကွက်ထဲမှာ ရောင်းဖို့အစီအစဉ်မရှိဘူးလို့ ပြောထားပေမယ့် ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို ပြင်းပယ်ဖို့ခဲယဉ်းနေမယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်ကဆန်ချိုကိုသာရမယ်ဆိုရင် မလိုခြင်တဲ့သူမရှိဘူးလို့ ပြောထားပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီဘွန်ဒက်စ်လီဂါမှာ ၁၂ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးခဲ့တဲ့အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်းပါဝင်ခဲ့သူဖြစ်ပါတယ်။

Zawgyi
ဆန္ခ်ဳိကို ေပါင္သန္း ၁၂၀ နဲ႔ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းနီးစပ္ေန
ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မန္ေတာင္ပံကစားသမား ဆန္ခ်ဳိကိုေပါင္သန္း ၁၂၀ နဲ႔ေခၚဖို႔နီးစပ္ေနတယ္လို႔ သိရပါတယ္။ အခုဆိုရင္ ကမၻာေပၚမွာအေတာက္ပဆုံးလူငယ္ ကစားသမားလို႔ သတ္မွတ္ထားတဲ႔ ဆန္ခ်ဳိ ကိုေခၚယူႏိုင္ေရးအတြက္ လုပ္ေဆာင္စရာရွိတာေတြကို စတင္စီစဥ္ေနတယ္လို႔လည္းဆိုပါတယ္။
အဂၤလန္လက္ေရြးစင္ျဖစ္တဲ႔ ဆန္ခ်ဳိကို ေဒါ့မန္ကေရာင္းခ်ဖို႔ဆႏၵမရွိေပမယ္႔လည္းေပါင္သန္း ၁၀၀ ရရင္ေတာ႔လက္လႊတ္ဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္လည္းသူ႔ကို မန္ယူနဲ႔လီဗာပူးတို႔ကပါေခၚယူဖို႔ စိတ္၀င္စားေနၾကတာပါ။ ဒါေပမယ္႔ ခ်ဲလ္ဆီးကေပါင္သန္း ၁၂၀ အထိေပးဖို႔ျပင္ဆင္ထားတဲ႔အတြက္ ေဒါ့မန္ကလက္ခံလိမ့္မယ္လို႔ သုံးသပ္ေနၾကပါတယ္။
အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဆန္ခ်ဳိဟာဘြန္ဒက္စ္လီဂါၿပိဳင္ပြဲရဲ႕အေကာင္းဆုံးလူငယ္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ႔ေႏြရာသီက ရီးရဲလ္ကိုသူတို႔ေရာင္းခ်လိုက္တဲ႔ ဟာဇတ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဆန္ခ်ဳိကိုေခၚယူလိုေနတာျဖစ္ပါတယ္။
ေလာေလာဆယ္မွာ ေဒါ့မန္အသင္းအားကစားဒါရိုက္တာ မိုက္ကယ္ေဇာ႔က ဆန္ခ်ဳိကိုလာမယ္႔ေဆာင္းရာသီေစ်းကြက္ထဲမွာ ေရာင္းဖို႔အစီအစဥ္မရွိဘူးလို႔ ေျပာထားေပမယ္႔ ခ်ဲလ္ဆီးရဲ႕ကမ္းလွမ္းမႈကို ျပင္းပယ္ဖို႔ခဲယဥ္းေနမယ္လို႔ ဆိုပါတယ္။
ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကဆန္ခ်ဳိကိုသာရမယ္ဆိုရင္ မလိုျခင္တဲ႔သူမရွိဘူးလို႔ ေျပာထားပါတယ္။ သူဟာၿပီးခဲ့တဲ႔ရာသီဘြန္ဒက္စ္လီဂါမွာ ၁၂ ဂိုးသြင္းၿပီး ၁၄ ဂိုးဖန္တီးေပးခဲ့တဲ႔အတြက္ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာလည္းပါ၀င္ခဲ့သူျဖစ္ပါတယ္။