ဆန်ချိုကို ဒီနှစ်မှမခေါ်ရင် နောက်နှစ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ယူနိုက်တက်ကို ကာရေဂါ သတိပေး

Photo Credit

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်အနေနဲ့ ယခုနွေရာသီအတွင်း ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေကြောင်းနဲ့ တကယ်လို့ မခေါ်ယူနိုင်ခဲ့ရင် နောက်နှစ်မှာ ဆန်ချိုကို ခေါ်ယူရေးအတွက် လီဗာပူးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ လီဗာပူးဂန္ထဝင် နောက်ခံလူ ဂျေမီကာရေဂါက သတိပေးလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဒေါ့မွန်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းရမှ လက်သင့်ခံဖို့ ဆွေးနွေးမယ်လို့ အကြောင်းကြားထားပါတယ်။

Photo Credit

ဆန်ချိုကတော့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေအပေါ် စိတ်ဝင်စားခြင်းမရှိဘဲ ကွင်းတွင်းခြေစွမ်းပြသနိုင်ရေးကိုပဲ အာရုံစိုက်ထားတယ်လို့ စနေနေ့က ဖွင့်ဟခဲ့ပါတယ်။ ကာရေဂါက ယူနိုက်တက်အနေနဲ့ နောက်ဆုံးမှာတော့ ဒေါ့မွန်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးချေလိမ့်မယ်လို့ ယုံကြည်နေပြီး ဒီလိုမှမဟုတ်ရင် အခါးသီးဆုံးပြိုင်ဘက်နဲ့ အားပြိုင်ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit

”ဒီနှစ်မှာ ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူရေးအတွက် တစ်သင်းတည်းကြိုးစားနေရတာမှန်ပေမယ့် နောက်နှစ်ဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။ ၂၀၂၁ နွေရာသီအတွင်း ဆန်ချိုကို ခေါ်ယူဖို့ လီဗာပူးအသင်း မကြိုးစားဘူးဆိုရင် ကျွန်တော် အရမ်းအံ့အားသင့်မိပါလိမ့်မယ်”

Photo Credit

”ဒီအတွက်ကြောင့် ယူနိုက်တက်အနေနဲ့ ဒီနွေရာသီမှာ ဆန်ချိုအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးရမယ်လို့ ကျွန်တော် ထင်နေတာပါ။ အရင်တုန်းက ကစားသမားတွေကို ယူနိုက်တက်အသင်း ဈေးကြီးပေး ခေါ်ခဲ့တုန်းက ကျွန်တော်တို့အသင်း ရယ်မောခဲ့ကြပြီး သူတို့ ထပ်ပေးရပြန်ပြီလို့ ပြောခဲ့ကြပါတယ်”

 

Photo Credit

”အခု ဒေါ့မွန်ကလည်း ပေါင် ၁၀၈ သန်းတောင်းဆိုထားပါတယ်။ ယူနိုက်တက် အမှုဆောင်အကြီးအကဲ ဝုဒ်ဝါ့ဒ်အတွက် ဒေါ့မွန်ေတောင်းတဲ့ဈေး ပေးရင်လည်း အပြောခံရမှာဖြစ်သလို မပေးပြန်ရင်လည်း အပြောခံရမှာဖြစ်ပါတယ်”လို့ ကာရေဂါက ပြောပါတယ်။

 

Photo Credit

ယူနိုက်တက်ဟာ ယမန်နှစ်ရာသီက အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၃၃ မှတ်အထိ ကွာဟကာ တတိယနေရာရရှိခဲ့ပေမယ့် ကာရေဂါကတော့ ယူနိုက်တက်ဟာ သူ့အသင်းဟောင်းကို စိန်ခေါ်နိုင်ရေးအတွက် အဝေးကြီးမှာ ရှိမနေဘူးလို့ အခိုင်အမာပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဆန္ခ်ိဳကို ဒီႏွစ္မွမေခၚရင္ ေနာက္ႏွစ္မွာ လီဗာပူးနဲ႔ရင္ဆိုင္ရလိမ့္မယ္လုိ႔ ယူႏိုက္တက္ကို ကာေရဂါ သတိေပး

ယူႏုိက္တက္အေနနဲ႔ ယခုေႏြရာသီအတြင္း ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို မျဖစ္မေန ေခၚယူဖို႔ လုိအပ္ေနေၾကာင္းနဲ႔ တကယ္လုိ႔ မေခၚယူႏိုင္ခဲ့ရင္ ေနာက္ႏွစ္မွာ ဆန္ခ်ိဳကို ေခၚယူေရးအတြက္ လီဗာပူးနဲ႔ ရင္ဆိုင္ရလိမ့္မယ္လုိ႔ လီဗာပူးဂႏၳ၀င္ ေနာက္ခံလူ ေဂ်မီကာေရဂါက သတိေပးလုိက္ပါတယ္။
ယူႏိုက္တက္ဟာ ယခုေႏြရာသီအတြင္း အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳကို အဓိကပစ္မွတ္အျဖစ္ ေခၚယူဖုိ႔ ႀကိဳးစားေနေပမယ့္ ေဒါ့မြန္အသင္းက သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၀၈ သန္းရမွ လက္သင့္ခံဖို႔ ေဆြးေႏြးမယ္လုိ႔ အေၾကာင္းၾကားထားပါတယ္။
ဆန္ခ်ိဳကေတာ့ သူ႕ရဲ႕အေျပာင္းအေရႊ႕သတင္းေတြအေပၚ စိတ္၀င္စားျခင္းမရွိဘဲ ကြင္းတြင္းေျခစြမ္းျပသႏုိင္ေရးကိုပဲ အာရုံစုိက္ထားတယ္လုိ႔ စေနေန႔က ဖြင့္ဟခဲ့ပါတယ္။ ကာေရဂါက ယူႏိုက္တက္အေနနဲ႔ ေနာက္ဆုံးမွာေတာ့ ေဒါ့မြန္အသင္း သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပးေခ်လိမ့္မယ္လုိ႔ ယုံၾကည္ေနၿပီး ဒီလုိမွမဟုတ္ရင္ အခါးသီးဆုံးၿပိဳင္ဘက္နဲ႔ အားၿပိဳင္ရလိမ့္မယ္လုိ႔ ဆုိခဲ့ပါတယ္။
”ဒီႏွစ္မွာ ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူေရးအတြက္ တစ္သင္းတည္းႀကိဳးစားေနရတာမွန္ေပမယ့္ ေနာက္ႏွစ္ဆုိရင္ေတာ့ အေျခအေနက ေျပာင္းလဲသြားႏိုင္ပါတယ္။ ၂၀၂၁ ေႏြရာသီအတြင္း ဆန္ခ်ိဳကို ေခၚယူဖို႔ လီဗာပူးအသင္း မႀကိဳးစားဘူးဆုိရင္ ကၽြန္ေတာ္ အရမ္းအ့ံအားသင့္မိပါလိမ့္မယ္”
”ဒီအတြက္ေၾကာင့္ ယူႏုိက္တက္အေနနဲ႔ ဒီေႏြရာသီမွာ ဆန္ခ်ိဳအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပးရမယ္လုိ႔ ကၽြန္ေတာ္ ထင္ေနတာပါ။ အရင္တုန္းက ကစားသမားေတြကို ယူႏုိက္တက္အသင္း ေစ်းႀကီးေပး ေခၚခဲ့တုန္းက ကၽြန္ေတာ္တို႔အသင္း ရယ္ေမာခဲ့ၾကၿပီး သူတုိ႔ ထပ္ေပးရျပန္ၿပီလုိ႔ ေျပာခဲ့ၾကပါတယ္”
”အခု ေဒါ့မြန္ကလည္း ေပါင္ ၁၀၈ သန္းေတာင္းဆိုထားပါတယ္။ ယူႏုိက္တက္ အမႈေဆာင္အႀကီးအကဲ ၀ုဒ္၀ါ့ဒ္အတြက္ ေဒါ့မြန္ေေတာင္းတဲ့ေစ်း ေပးရင္လည္း အေျပာခံရမွာျဖစ္သလုိ မေပးျပန္ရင္လည္း အေျပာခံရမွာျဖစ္ပါတယ္”လုိ႔ ကာေရဂါက ေျပာပါတယ္။
ယူႏုိက္တက္ဟာ ယမန္ႏွစ္ရာသီက အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၃၃ မွတ္အထိ ကြာဟကာ တတိယေနရာရရွိခဲ့ေပမယ့္ ကာေရဂါကေတာ့ ယူႏုိက္တက္ဟာ သူ႕အသင္းေဟာင္းကို စိန္ေခၚႏိုင္ေရးအတြက္ အေ၀းႀကီးမွာ ရွိမေနဘူးလုိ႔ အခုိင္အမာေျပာပါတယ္။