ဆန်ချိုကို ထူးထူးခြားခြားနေရာမှာပြောင်းလဲကစားခိုင်းဖို့ ပြင်ဆင်နေတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကတော့ ရလဒ်ဆိုးတွေကြောင့် ဖိအားများနေချိန်မှာ ပေါက်ကရတွေလုပ်ဖို့စဉ်းစားနေပြီး

အခု တောင်ပံတိုက်စစ်ကစားသမားဆန်ချိုကို သူတစ်ခါမှမကစားဖူးတဲ့ ညာခြမ်း Wing Back အဖြစ်အသုံးပြုသွားဖို့ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ဒေ့ါမွန်အသင်းကနေ ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်လူငယ်တိုက်စစ်ကစားသမားဆန်ချိုဟာ

ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်၊ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပြီး အခုလည်း နေရာပြောင်းလဲကစားရမယ့်အနေအထားနဲ့ရင်ဆိုင်နေရပါပြီ။

ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ(၁၃)ပွဲသာကစားခဲ့ရပြီး မိနစ်ပေါင်း(၅၆၄)မိနစ်သာကစားခွင့်ရခဲ့သလို ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲမှာသာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဆန်ချိုအနေနဲ့ တိုက်စစ်အတွက်အခွင့်အရေးဖန်တီးနိုင်မှု အားနည်းပေမယ့် ခံစစ်ကို လိုက်ပါကစားတဲ့နေရာမှာ ကောင်းမွန်ပြီး

ပြီးခဲ့တဲ့မန်စီးတီးနဲ့ပွဲတုန်းက ခံစစ်အထိဆင်းကူခဲ့တာကြောင့် ဆိုးလ်ရှားက သူ့ကို Wing Back အဖြစ်အသုံးပြုဖို့ဆန္ဒရှိနေတာပါ။

ဆိုးလ်ရှားက အခုနောက်ပိုင်း (၃-၄-၁-၂)ကစားကွက်ကို အသုံးပြုနေပြီး ညာခြမ်းက ဘစ်ဆာကာဟာ Wing Back အဖြစ်ကစားတာမှာ အားနည်းချက်တွေရှိနေတာကြောင့် ဆန်ချိုကို ဘစ်ဆာကာရဲ့နေရာမှာ စမ်းသပ်ကစားစေဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့အစီအစဉ်အပေါ် ယူနိုက်တက်ပရိသတ်တချို့ကတော့ သဘောမတူကြဘဲ ဆန်ချိုလို တိုက်စစ်ကစားသမားတစ်ဦးကို နောက်တန်းမှာအသုံးပြုတာက မဖြစ်သင့်ဘူးလို့ဝေဖန်နေကြပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးက “ဆန်ချိုကို ညာခြမ်း Wing Back မှာ ကစားခိုင်းမယ်??

ဘယ်လောက်များ ေ-ာက်သုံးမကျလိုက်တဲ့အတွေးအခေါ်လဲကွာ . ..

ဆန်ချိုကိုခေါ်ဖို့ (၃)နှစ်လောက်အချိန်ပေးပြီးတော့ အခု အရန်ခုံပို့ထားတာနဲ့တင်အားမရဘဲ သူ့ကစားသမားဘဝမှာ တစ်ခါမှမကစားဖူးတဲ့နေရာမှာ သုံးဖို့လုပ်နေပြန်ပြီ။

ဘာမှ အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေပဲ။

ယူနိုက်တက်ပရိသတ်တွေက အသင်းပိုင်ရှင်တွေကို အပြစ်တင်နေကြပေမယ့် တကယ်တန်းက နည်းပြရဲ့အသုံးမကျမှုနဲ့အများကြီးဆိုင်ပါတယ်”လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆန္ခ်ိဳကို ထူးထူးျခားျခားေနရာမွာေျပာင္းလဲကစားခိုင္းဖို႔ ျပင္ဆင္ေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားကေတာ့ ရလဒ္ဆိုးေတြေၾကာင့္ ဖိအားမ်ားေနခ်ိန္မွာ ေပါက္ကရေတြလုပ္ဖို႔စဥ္းစားေနၿပီး အခု ေတာင္ပံတိုက္စစ္ကစားသမားဆန္ခ်ိဳကို သူတစ္ခါမွမကစားဖူးတဲ့ ညာျခမ္း Wing Back အျဖစ္အသုံးျပဳသြားဖို႔ျပင္ဆင္ေနပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေဒ့ါမြန္အသင္းကေန ေပါင္(၇၃)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ အဂၤလန္လူငယ္တိုက္စစ္ကစားသမားဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္၊ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔႐ုန္းကန္ေနရၿပီး အခုလည္း ေနရာေျပာင္းလဲကစားရမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရပါၿပီ။

ဆန္ခ်ိဳဟာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ(၁၃)ပြဲသာကစားခဲ့ရၿပီး မိနစ္ေပါင္း(၅၆၄)မိနစ္သာကစားခြင့္ရခဲ့သလို ဝက္စ္ဟမ္းအသင္းကို ရႈံးနိမ့္ခဲ့တဲ့ လိဂ္ဖလားပြဲမွာသာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳအေနနဲ႔ တိုက္စစ္အတြက္အခြင့္အေရးဖန္တီးႏိုင္မႈ အားနည္းေပမယ့္ ခံစစ္ကို လိုက္ပါကစားတဲ့ေနရာမွာ ေကာင္းမြန္ၿပီး ၿပီးခဲ့တဲ့မန္စီးတီးနဲ႔ပြဲတုန္းက ခံစစ္အထိဆင္းကူခဲ့တာေၾကာင့္ ဆိုးလ္ရွားက သူ႔ကို Wing Back အျဖစ္အသုံးျပဳဖို႔ဆႏၵရွိေနတာပါ။

ဆိုးလ္ရွားက အခုေနာက္ပိုင္း (၃-၄-၁-၂)ကစားကြက္ကို အသုံးျပဳေနၿပီး ညာျခမ္းက ဘစ္ဆာကာဟာ Wing Back အျဖစ္ကစားတာမွာ အားနည္းခ်က္ေတြရွိေနတာေၾကာင့္ ဆန္ခ်ိဳကို ဘစ္ဆာကာရဲ႕ေနရာမွာ စမ္းသပ္ကစားေစဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ဆိုးလ္ရွားရဲ႕အစီအစဥ္အေပၚ ယူႏိုက္တက္ပရိသတ္တခ်ိဳ႕ကေတာ့ သေဘာမတူၾကဘဲ ဆန္ခ်ိဳလို တိုက္စစ္ကစားသမားတစ္ဦးကို ေနာက္တန္းမွာအသုံးျပဳတာက မျဖစ္သင့္ဘူးလို႔ေဝဖန္ေနၾကပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးက “ဆန္ခ်ိဳကို ညာျခမ္း Wing Back မွာ ကစားခိုင္းမယ္??ဘယ္ေလာက္မ်ား ေ-ာက္သုံးမက်လိုက္တဲ့အေတြးအေခၚလဲကြာ . .ဆန္ခ်ိဳကိုေခၚဖို႔ (၃)ႏွစ္ေလာက္အခ်ိန္ေပးၿပီးေတာ့ အခု အရန္ခုံပို႔ထားတာနဲ႔တင္အားမရဘဲ သူ႔ကစားသမားဘဝမွာ တစ္ခါမွမကစားဖူးတဲ့ေနရာမွာ သုံးဖို႔လုပ္ေနျပန္ၿပီ။

ဘာမွ အဓိပၸါယ္မရွိတဲ့လုပ္ရပ္ေတြပဲ။ ယူႏိုက္တက္ပရိသတ္ေတြက အသင္းပိုင္ရွင္ေတြကို အျပစ္တင္ေနၾကေပမယ့္ တကယ္တန္းက နည္းျပရဲ႕အသုံးမက်မႈနဲ႔အမ်ားႀကီးဆိုင္ပါတယ္”လို႔ ေဝဖန္ေရးသားခဲ့ပါတယ္။