ဆန်ချိုကို ခေါ်ခွင့်ရဖို့ မျှော်လင့်နေဆဲ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဟာ အသင်းရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ်ကို အားဖြည့်ဖို့အတွက် ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကို ပြီးခဲ့တဲ့ နှစ် အပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သို့ပေမယ့်လည်း ယူနိုက်တက်ဟာ ဆန်ချိုကို အခုအချိန်အထိ ခေါ်ယူဖို့ စိတ်ဝင်စားလျှက်ရှိနေတာဖြစ်ပြီး အခွင့်အရေးရရင် ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိအသင်းရဲ့ တောင်ပံကစားသမားစာရင်းမှာ ဂရင်းဝုဒ် ခြေစွမ်းပိုင်း တိုးတက်လာမှုနဲ့အတူ လူငယ်ခြေတက် ကစားသမားလေး အာမက်ဒီယာလိုကိုပါ ခေါ်ယူထားပြီးဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ အင်္ဂလန်မီဒီယာတွေမှာ ဖော်ပြထားခဲ့ကြပါတယ်။

ဒါပေမယ့် ဂျာမန် မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ဆန်ချိုပေါ်မှာ စိတ်ဝင်စားမှုလျော့နည်းသွားခြင်းလုံးဝမရှိသေးဘဲ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုများပင် စတင်ဆောင်ရွက်နေပြီလို့ဆိုပါတယ်။

ဒါ့ကြောင့် ပြီးတဲ့ ရာသီကတည်းက ဆန်ချို ကို ရရှိဖို့ အသည်းအသန်ကြိုးပမ်းနေတဲ့ ယူနိုက်တက်ရဲ့ နွေဦးတော်လှန်ရေးဟာ ဒီတစ်ခေါက်မှာတော့ အောင်မြင်နိုင်မယ့် အနေအထားရှိလာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဒါ့အပြင် ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှုးသစ်တစ်ယောက်အပြင် ဗဟိုနောက်ခံလူတစ်ယောက်ကိုပါ ထပ်မံဖြည့်တင်းဖို့ စိတ်ကူးထားတယ်လို့သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ဟာ အသင္းရဲ႕ အားနည္းေနတဲ့ ေတာင္ပံတိုက္စစ္ကို အားျဖည့္ဖို႔အတြက္ ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ၿပီးခဲ့တဲ့ ႏွစ္ အေျပာင္းအေ႐ႊ႕မွာကတည္းက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ သို႔ေပမယ့္လည္း ယူႏိုက္တက္ဟာ ဆန္ခ်ိဳကို အခုအခ်ိန္အထိ ေခၚယူဖို႔ စိတ္ဝင္စားလွ်က္ရွိေနတာျဖစ္ၿပီး အခြင့္အေရးရရင္ ေခၚယူဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ပါတယ္။

လက္ရွိအသင္းရဲ႕ ေတာင္ပံကစားသမားစာရင္းမွာ ဂရင္းဝုဒ္ ေျခစြမ္းပိုင္း တိုးတက္လာမႈနဲ႔အတူ လူငယ္ေျခတက္ ကစားသမားေလး အာမက္ဒီယာလိုကိုပါ ေခၚယူထားၿပီးျဖစ္တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကိုေခၚယူဖို႔ လက္ေလွ်ာ့လိုက္ၿပီလို႔ အဂၤလန္မီဒီယာေတြမွာ ေဖာ္ျပထားခဲ့ၾကပါတယ္။

ဒါေပမယ့္ ဂ်ာမန္ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ယူႏိုက္တက္ဟာ ဆန္ခ်ိဳေပၚမွာ စိတ္ဝင္စားမႈေလ်ာ့နည္းသြားျခင္းလုံးဝမရွိေသးဘဲ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူႏိုင္ဖို႔ ေဆြးေႏြးမႈမ်ားပင္ စတင္ေဆာင္႐ြက္ေနၿပီလို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ ၿပီးတဲ့ ရာသီကတည္းက ဆန္ခ်ိဳ ကို ရရွိဖို႔ အသည္းအသန္ႀကိဳးပမ္းေနတဲ့ ယူႏိုက္တက္ရဲ႕ ေႏြဦးေတာ္လွန္ေရးဟာ ဒီတစ္ေခါက္မွာေတာ့ ေအာင္ျမင္ႏိုင္မယ့္ အေနအထားရွိလာမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

ဒါ့အျပင္ ယူႏိုက္တက္ဟာ လာမယ့္ေႏြရာသီမွာ တိုက္စစ္မႈးသစ္တစ္ေယာက္အျပင္ ဗဟိုေနာက္ခံလူတစ္ေယာက္ကိုပါ ထပ္မံျဖည့္တင္းဖို႔ စိတ္ကူးထားတယ္လို႔သိရပါတယ္။