ဆန်ချိုကိုပွဲထွက်ခွင့်မပေးခဲ့တာနဲ့ပတ်သက်ပြီး ဒေါ့တ်မန်နည်းပြတုံ့ပြန်

PC ; Internet

ဖရိုင်းဘတ်နဲ့ ၂ဂိုးစီသရေကျတဲ့ပွဲမှာ ကွင်းလယ်တိုက်စစ်သမားလေးဆန်ချိုကို အရန်ခုံပို့ခဲ့တာနဲ့ပတ်သက်ပြီး ဒေါ့တ်မန်နည်းပြလူစီယန်ဖာဗရီက ကာကွယ်ပြောဆိုလိုက်ပါတယ်။အင်္ဂလန်ကစားသမားဟာ သေဆုံးနေပြီဖြစ်ပြီး အနားယူဖို့လိုအပ်တယ်လို့ ပွဲပန်းနေတဲ့အပေါ် တင်စားတုံ့ပြန်လိုက်တာပါ။အသက် ၁၉နှစ်သာရှိသေးတဲ့ လူငယ်ကြယ်ပွင့်လေးဟာ ၆၃မိနစ်ရောက်မှ ဟာဇက်အစားဝင်လာခဲ့ပေမယ့် ဟာကီမီဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဥရောပထိပ်တန်းအသင်းကြီးတွေ မျက်စိကျတာခံနေရတဲ့ ဒီကစားသမားလေးဟာ သူ့ရဲ့ခြေစွမ်းကောင်းကို ဒီရာသီမှာလည်းဆက်ထိန်းထားနိုင်ပြီး ဘွန်ဒက်စ်လီဂါ ၇ပွဲမှာ ၃ဂိုးသွင်း၊၅ဂိုးဖန်တီးပေးထားပါတယ်။

PC ; Internet

ဒါပေမဲ့ တစ်ပတ်အတွင်းမှာ ၃ပွဲဆက် ကစားခဲ့ရတာကြောင့် သူ့ရဲ့ဆယ်ကျော်သက်လေးဟာ ပွဲထွက်ကစားဖို့ သိပ်ကိုပင်ပန်းနေခဲ့တယ်လို့ ဖာဗရီက ပြောဆိုသွားတာပါ။“ သူ သေဆုံးသွားခဲ့တယ်။ဒါကြောင့် အနားယူဖို့ လိုအပ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ အသင်းအတွက် ပွဲတွေအားလုံး ကစားပေးခဲ့ရလို့ပါ။အင်္ဂလိပ်တွေရဲ့ပြိုင်ပွဲလိုပေါ့။သူကတော့ အဲဒီပွဲကျပ်တွေအားလုံး ကစားခဲ့ရတာပါ။သူ့အသက်က ၁၉နှစ်ပဲရှိပါသေးတယ်။အင်္ဂလိပ်ပွဲတွေလို ကစားဖို့မလွယ်သေးပါဘူး ”လို့ ဖာဗရီက ဖြေရှင်းလိုက်ပါတယ်။

PC ; Internet

ဖရိုင်းဘတ်နဲ့ပွဲမှာ ဝှစ်ဆဲလ်ရဲ့ဂိုးနဲ့ ဒေါ့တ်မန် ဦးဆောင်နိုင်ခဲ့ပြီး အိမ်ရှင်အတွက် လူကာကပြန်လည်ချေပသွားခဲ့ပါတယ်။ဆန်ချိုရဲ့ဖန်တီးနဲ့ ဟာကီမီက ဒုတိယဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့်လည်း ၈၉မိနစ်မှာ ကန်ဂျီရဲ့OG ဂိုးကြောင့် တစ်မှတ်သာရခဲ့ပါတယ်။ဒါကြောင့် အသင်းရဲ့ဒုတိယပိုင်းခြေစွမ်းကိုအားမရကြောင်း၊အမှားတွေအများကြီးလုပ်ခဲ့ကြောင်း ဖာဗရီက ဝန်ခံသွားခဲ့ပါတယ်။ဒေါ့တ်မန်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ အဆင့် ၇ နေရာမှာရပ်တည်နေရပေမယ့် ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ၂မှတ်သာကွာနေတာပါ။

(zawgyi)

ဖရိုင္းဘတ္နဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲမွာ ကြင္းလယ္တိုက္စစ္သမားေလးဆန္ခ်ိဳကို အရန္ခံုပို႔ခဲ့တာနဲ႔ပတ္သက္ၿပီး ေဒါ့တ္မန္နည္းျပလူစီယန္ဖာဗရီက ကာကြယ္ေျပာဆိုလိုက္ပါတယ္။အဂၤလန္ကစားသမားဟာ ေသဆံုးေနၿပီျဖစ္ၿပီး အနားယူဖို႔လိုအပ္တယ္လို႔ ပြဲပန္းေနတဲ့အေပၚ တင္စားတံု႔ျပန္လိုက္တာပါ။အသက္ ၁၉ႏွစ္သာရွိေသးတဲ့ လူငယ္ၾကယ္ပြင့္ေလးဟာ ၆၃မိနစ္ေရာက္မွ ဟာဇက္အစား၀င္လာခဲ့ေပမယ့္ ဟာကီမီဂိုးသြင္းႏိုင္ဖို႕ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ဥေရာပထိပ္တန္းအသင္းႀကီးေတြ မ်က္စိက်တာခံေနရတဲ့ ဒီကစားသမားေလးဟာ သူ႔ရဲ႕ေျခစြမ္းေကာင္းကို ဒီရာသီမွာလည္းဆက္ထိန္းထားႏိုင္ၿပီး ဘြန္ဒက္စ္လီဂါ ၇ပြဲမွာ ၃ဂိုးသြင္း၊၅ဂိုးဖန္တီးေပးထားပါတယ္။ဒါေပမဲ့ တစ္ပတ္အတြင္းမွာ ၃ပြဲဆက္ ကစားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ဆယ္ေက်ာ္သက္ေလးဟာ ပြဲထြက္ကစားဖို႔ သိပ္ကိုပင္ပန္းေနခဲ့တယ္လို႔ ဖာဗရီက ေျပာဆိုသြားတာပါ။“ သူ ေသဆံုးသြားခဲ့တယ္။ဒါေၾကာင့္ အနားယူဖို႔ လိုအပ္ခဲ့တယ္။ဘာေၾကာင့္လဲဆိုေတာ့ အသင္းအတြက္ ပြဲေတြအားလံုး ကစားေပးခဲ့ရလို႔ပါ။အဂၤလိပ္ေတြရဲ႕ၿပိဳင္ပြဲလိုေပါ့။သူကေတာ့ အဲဒီပြဲက်ပ္ေတြအားလံုး ကစားခဲ့ရတာပါ။သူ႔အသက္က ၁၉ႏွစ္ပဲရွိပါေသးတယ္။အဂၤလိပ္ပြဲေတြလို ကစားဖို႔မလြယ္ေသးပါဘူး ”လို႔ ဖာဗရီက ေျဖရွင္းလိုက္ပါတယ္။ဖရိုင္းဘတ္နဲ႔ပြဲမွာ ၀ွစ္ဆဲလ္ရဲ႕ဂိုးနဲ႔ ေဒါ့တ္မန္ ဦးေဆာင္ႏိုင္ခဲ့ၿပီး အိမ္ရွင္အတြက္ လူကာကျပန္လည္ေခ်ပသြားခဲ့ပါတယ္။ဆန္ခ်ိဳရဲ႕ဖန္တီးနဲ႔ ဟာကီမီက ဒုတိယဂိုးထပ္သြင္းႏိုင္ခဲ့ေပမယ့္လည္း ၈၉မိနစ္မွာ ကန္ဂ်ီရဲ႕OG ဂိုးေၾကာင့္ တစ္မွတ္သာရခဲ့ပါတယ္။ဒါေၾကာင့္ အသင္းရဲ႕ဒုတိယပိုင္းေျခစြမ္းကိုအားမရေၾကာင္း၊အမွားေတြအမ်ားႀကီးလုပ္ခဲ့ေၾကာင္း ဖာဗရီက ၀န္ခံသြားခဲ့ပါတယ္။ေဒါ့တ္မန္ဟာ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားမွာ အဆင့္ ၇ ေနရာမွာရပ္တည္ေနရေပမယ့္ ထိပ္ဆံုးက ဘိုင္ယန္ျမဴးနစ္နဲ႔ ၂မွတ္သာကြာေနတာပါ။