ဆန္းၾကယ္တဲ့အ၀ါကတ္ေၾကာင့္ ဒုိင္လူႀကီးရဲ႕ေတာင္းပန္မႈကို ရရွိခဲဲ့တဲ့ရာမို႔စ္

photo-sportbible

photo-AP

ရိုေမးနီးယားနဲ႔ကစားခဲ့တဲ့ ၾကာသပေတးည ယူရိုေျခစစ္ပြဲစဥ္မွာ စပိန္အသင္းေခါင္းေဆာင္ရာမို႔စ္ဟာ မထိုက္တန္တဲ့အ၀ါကတ္တစ္ခုကို ရရွိခဲ့ပါတယ္။ သူဟာ အဲဒီပြဲရဲ႕ပထမပိုင္းမွာ ကြင္းလယ္လူဆီဘယ္ေလာ့စ္ေၾကာင့္ရတဲ့ ပင္နယ္တီကို စပိန္အတြက္ ဦးေဆာင္ဂုိးအျဖစ္ ကန္သြင္းေပးခဲ့ၿပီး မ်က္မွန္တပ္ထားတဲ့ဟန္အမူအယာမ်ိဳးနဲ႔ ေအာင္ပြဲခံမႈလုပ္ခဲ့တာပါ။ ဒါေပမဲ့ စကၠန္႔ပိုင္းအၾကာမွာပဲ ပြဲၾကည့္စင္ဘက္ကို ရာမို႔စ္လုပ္ခဲ့တဲ့အမူအယာနဲ႔ပတ္သက္လို႔ ကြင္းလယ္ဒိုင္က အထင္လြဲၿပီး အ၀ါကတ္ျပလိုက္ပါတယ္။

photo-gettyimages

အဲဒါနဲ႔ပတ္သက္လုိ႔ ရာမို႔စ္က အ၀ါကတ္ျပခံရခ်င္းခ်င္း သူလုပ္ခဲ့တဲ့ေအာင္ပြဲခံမႈအတုိင္း ရွင္းျပခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က လက္မခံခဲ့ပါဘူး။ ေနာက္ပိုင္းမွ ဒိုင္လူႀကီးက သူ႔အမွားကို သေဘာေပါက္ၿပီး ပထမပိုင္းအၿပီးမွာ ရာမုိ႔စ္ကို လာေရာက္ေတာင္းပန္ခဲ့တာပါ။ ပြဲအၿပီးမွာလည္း ရာမို႔စ္က သူ႔ရဲ႕အဲဒီေအာင္ပြဲခံမႈဟာ တိုက္တိုက္ဆုိင္ဆိုင္ပဲ မ်က္မွန္တပ္ၿပီးလာၾကည့္တဲ့သူ႔ရဲ႕တူျဖစ္သူအတြက္ ရည္ရြယ္တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

photo-gettyimages

”ရႈ႔ပ္ေထြးသြားမႈအခ်ိဳ႕ကေန အဲဒီအ၀ါကတ္ကို ရခဲ့တာပါ။ အဲဒါဟာ ကၽြန္ေတာ့္တူေလးအတြက္ ျဖစ္ပါတယ္။ ကၽြန္ေတာ္တု႔ိႏွစ္ေယာက္စလုံးမ်က္မွန္တပ္ထားတဲ့ပုံစံနဲ႔ သူ႔ကိုအားေပးခဲ့တာပါ။ ဒီဂိုးကလည္း သူ႔အတြက္ပါပဲ။ ပြဲၾကည့္စင္ဘက္ကို ကၽြန္ေတာ္က မလိုလားအပ္တဲ့အမူအယာလုပ္လုိက္တယ္လုိ႔ ဒိုင္က ထင္သြားခဲ့တာပါ။ ပထမပိုင္းၿပီးခ်ိန္မွာပဲ သူ႔အမွားအတြက္ ကၽြန္ေတာ့္ကို လာေတာင္းပန္ခဲ့ပါတယ္”လုိ႔ ရာမို႔စ္က ပြဲအၿပီးမွာ ေျပာခဲ့တာပါ။ အဲဒီရီးရဲလ္ေနာက္ခံလူဟာ စပိန္အသင္းအတြက္ သူ႔ရဲ႕ေနာက္ဆုံး ၉ ပြဲမွာ ၈ ဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

[Unicode]

ရိုမေးနီးယားနဲ့ကစားခဲ့တဲ့ ကြာသပတေးည ယူရိုခြေစစ်ပွဲစဉ်မှာ စပိန်အသင်းခေါင်းဆောင်ရာမို့စ်ဟာ မထိုက်တန်တဲ့အဝါကတ်တစ်ခုကို ရရှိခဲ့ပါတယ်။ သူဟာ အဲဒီပွဲရဲ့ပထမပိုင်းမှာ ကွင်းလယ်လူဆီဘယ်လော့စ်ကြောင့်ရတဲ့ ပင်နယ်တီကို စပိန်အတွက် ဦးဆောင်ဂိုးအဖြစ် ကန်သွင်းပေးခဲ့ပြီး မျက်မှန်တပ်ထားတဲ့ဟန်အမူအယာမျိုးနဲ့ အောင်ပွဲခံမှုလုပ်ခဲ့တာပါ။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ ပွဲကြည့်စင်ဘက်ကို ရာမို့စ်လုပ်ခဲ့တဲ့အမူအယာနဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်က အထင်လွဲပြီး အဝါကတ်ပြလိုက်ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ရာမို့စ်က အဝါကတ်ပြခံရချင်းချင်း သူလုပ်ခဲ့တဲ့အောင်ပွဲခံမှုအတိုင်း ရှင်းပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှ ဒိုင်လူကြီးက သူ့အမှားကို သဘောပေါက်ပြီး ပထမပိုင်းအပြီးမှာ ရာမို့စ်ကို လာရောက်တောင်းပန်ခဲ့တာပါ။ ပွဲအပြီးမှာလည်း ရာမို့စ်က သူ့ရဲ့အဲဒီအောင်ပွဲခံမှုဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မျက်မှန်တပ်ပြီးလာကြည့်တဲ့သူ့ရဲ့တူဖြစ်သူအတွက် ရည်ရွယ်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

”ရှု့ပ်ထွေးသွားမှုအချို့ကနေ အဲဒီအဝါကတ်ကို ရခဲ့တာပါ။ အဲဒါဟာ ကျွန်တော့်တူလေးအတွက် ဖြစ်ပါတယ်။ ကျွန်တော်တု့ိနှစ်ယောက်စလုံးမျက်မှန်တပ်ထားတဲ့ပုံစံနဲ့ သူ့ကိုအားပေးခဲ့တာပါ။ ဒီဂိုးကလည်း သူ့အတွက်ပါပဲ။ ပွဲကြည့်စင်ဘက်ကို ကျွန်တော်က မလိုလားအပ်တဲ့အမူအယာလုပ်လိုက်တယ်လို့ ဒိုင်က ထင်သွားခဲ့တာပါ။ ပထမပိုင်းပြီးချိန်မှာပဲ သူ့အမှားအတွက် ကျွန်တော့်ကို လာတောင်းပန်ခဲ့ပါတယ်”လို့ ရာမို့စ်က ပွဲအပြီးမှာ ပြောခဲ့တာပါ။ အဲဒီရီးရဲလ်နောက်ခံလူဟာ စပိန်အသင်းအတွက် သူ့ရဲ့နောက်ဆုံး ၉ ပွဲမှာ ၈ ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။