
Photo Credit ; Getty Images
Photo Credit ; Getty Images
စီးရီးေအကလပ္ ႐ိုးမားအသင္းဟာ ခ်ီလီလက္ေရြးစင္တုိက္စစ္မွဴး ဆန္းခ်က္ဇ္ကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ေရးအတြက္ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရပါတယ္။
Photo Credit ; AFP
အသက္ ၃၀အရြယ္ရွိ အူဒီးနိစ္နဲ႔ ဘာစီလုိနာတုိက္စစ္မွဴးေဟာင္း ဆန္းခ်က္ဇ္ဟာ ၂၀၁၇ ခုႏွစ္က အာဆင္နယ္အသင္းကေန ယူႏုိက္တက္ကို ေရာက္ရွိလာၿပီးခ်ိန္ကတည္းက ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး ၿပိဳင္ပြဲစုံစုေပါင္း ၄၅ပြဲသာ ကစားခြင့္ရထားသလုိ ၅ဂိုးပဲ သြင္းယူထားႏိုင္ပါတယ္။
Photo Credit ; AFP
ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက တုိက္စစ္မွဴးလူကာကူ အင္တာမီလန္အသင္းထံ ေရာက္ရွိသြားၿပီးေနာက္ အသင္းမွာ ဆန္းခ်က္ဇ္ ဆက္ကစားဖို႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ဖြင့္ဟခဲ့ေပမယ့္ တယ္လီဂရပ္ဖ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ႐ိုးမားအသင္းက သူ႕ကို အငွားနဲ႔ေခၚယူဖုိ႔ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးေနတယ္လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
Photo Credit
ပရီးမီးယားလိဂ္ရဲ႕ေႏြရာသီေစ်းကြက္က ပိတ္သိမ္းသြားၿပီျဖစ္ေပမယ့္ အီတလီေစ်းကြက္ကေတာ့ ဖြင့္လွစ္ထားဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြက ကစားသမားေခၚယူခြင့္မရေတာ့ေပမယ့္ ေရာင္းခ်ႏိုင္ခြင့္ေတာ့ရရွိထားပါတယ္။
Photo Credit
အသင္း ၂သင္းၾကား သေဘာတူညီမႈရဖုိ႔ေတာ့ အေတာ္ေလးညႇိႏႈိင္းရဖြယ္ရွိေနၿပီး လက္ရွိအခ်ိန္မွာ ဆန္းခ်က္ဇ္က တစ္ပတ္လုပ္ခလစာ ၃၉၁၀၀၀ အထိရရွိေနကာ အပိုဆုေၾကးေတြပါ ထည့္ေပါင္းလုိက္မယ္ဆုိရင္ သူ႕ရဲ႕တစ္ပတ္လုပ္ခလစာက ေပါင္ ၅၀၀၀၀၀ အထိ ျမင့္တက္သြားႏိုင္ပါတယ္။
Photo Credit
တကယ္လုိ႔ ယူႏုိက္တက္အေနနဲ႔ ဆန္းခ်က္ဇ္ကို ႐ိုးမားအသင္းထံ အငွားနဲ႔ေစလႊတ္မယ္ဆုိရင္လည္း ႐ိုးမားအသင္းက သူ႕ရဲ႕လုပ္ခလစာကို အျပည့္ေပးေခ်မွာမဟုတ္လုိ႔ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ေပးေခ်ရဖြယ္ရွိေနၿပီး လစာ ဘယ္ေလာက္ေပးေခ်မလဲဆုိတာက ေဆြးေႏြးမႈမွာ အဓိကက်လာႏိုင္ပါတယ္။
Photo Credit ; Getty Images
ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ခ်ီလီအသင္းနဲ႔အတူ ကုိပါအေမရိကဖလားၿပိဳင္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့လုိ႔ ယူႏိုက္တက္ရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို ေနာက္က်မွ ပူးေပါင္းႏိုင္ၿပီး ရာသီအေစာပိုင္းကာလေတြမွာ ပါ၀င္ကစားဖုိ႔ မေသခ်ာပါဘူး။
Photo Credit
ဒါေပမဲ့ ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားကေတာ့ ဆန္းခ်က္ဇ္ရဲ႕ႀကိဳးစားအားထုတ္မႈကို ခ်ီးက်ဴးထားၿပီး ယခုရာသီမွာ အဲဒီကစားသမားကို ပုံမွန္ပြဲထြက္ခြင့္ေပးဖြယ္ရွိေနကာ လက္ရွိအခ်ိန္မွာ စီနီယာတုိက္စစ္ကစားသမားဆုိလုိ႔ ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ ဆန္းခ်က္ဇ္တုိ႔ပဲရွိေနပါတယ္။
Photo Credit ; Sky Sports
Unicode
ဆန်းချက်ဇ်ကို တစ်ရာသီအငှားနဲ့ခေါ်ဖို့ ယူနိုက်တက်နဲ့ ရိုးမားအသင်း ဆွေးနွေးနေ
စီးရီးအေကလပ် ရိုးမားအသင်းဟာ ချီလီလက်ရွေးစင်တိုက်စစ်မှူး ဆန်းချက်ဇ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။
အသက် ၃၀အရွယ်ရှိ အူဒီးနိစ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆန်းချက်ဇ်ဟာ ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီးချိန်ကတည်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံစုပေါင်း ၄၅ပွဲသာ ကစားခွင့်ရထားသလို ၅ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူးလူကာကူ အင်တာမီလန်အသင်းထံ ရောက်ရှိသွားပြီးနောက် အသင်းမှာ ဆန်းချက်ဇ် ဆက်ကစားဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟခဲ့ပေမယ့် တယ်လီဂရပ်ဖ်သတင်းစာရဲ့ဖော်ပြချက်အရ ရိုးမားအသင်းက သူ့ကို အငှားနဲ့ခေါ်ယူဖို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့နွေရာသီဈေးကွက်က ပိတ်သိမ်းသွားပြီဖြစ်ပေမယ့် အီတလီဈေးကွက်ကတော့ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ကစားသမားခေါ်ယူခွင့်မရတော့ပေမယ့် ရောင်းချနိုင်ခွင့်တော့ရရှိထားပါတယ်။
အသင်း ၂သင်းကြား သဘောတူညီမှုရဖို့တော့ အတော်လေးညှိနှိုင်းရဖွယ်ရှိနေပြီး လက်ရှိအချိန်မှာ ဆန်းချက်ဇ်က တစ်ပတ်လုပ်ခလစာ ၃၉၁၀၀၀ အထိရရှိနေကာ အပိုဆုကြေးတွေပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် သူ့ရဲ့တစ်ပတ်လုပ်ခလစာက ပေါင် ၅၀၀၀၀၀ အထိ မြင့်တက်သွားနိုင်ပါတယ်။
တကယ်လို့ ယူနိုက်တက်အနေနဲ့ ဆန်းချက်ဇ်ကို ရိုးမားအသင်းထံ အငှားနဲ့စေလွှတ်မယ်ဆိုရင်လည်း ရိုးမားအသင်းက သူ့ရဲ့လုပ်ခလစာကို အပြည့်ပေးချေမှာမဟုတ်လို့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပေးချေရဖွယ်ရှိနေပြီး လစာ ဘယ်လောက်ပေးချေမလဲဆိုတာက ဆွေးနွေးမှုမှာ အဓိကကျလာနိုင်ပါတယ်။
ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ချီလီအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို နောက်ကျမှ ပူးပေါင်းနိုင်ပြီး ရာသီအစောပိုင်းကာလတွေမှာ ပါဝင်ကစားဖို့ မသေချာပါဘူး။
ဒါပေမဲ့ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ဆန်းချက်ဇ်ရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးထားပြီး ယခုရာသီမှာ အဲဒီကစားသမားကို ပုံမှန်ပွဲထွက်ခွင့်ပေးဖွယ်ရှိနေကာ လက်ရှိအချိန်မှာ စီနီယာတိုက်စစ်ကစားသမားဆိုလို့ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဆန်းချက်ဇ်တို့ပဲရှိနေပါတယ်။