ဆန္ဒပြရကျိုးနပ်ခဲ့တဲ့ ချယ်လ်ဆီးပရိသတ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဥရောပစူပါလိဂ်ပြိုင်ပွဲကိစ္စကို ချယ်လ်ဆီးပရိသတ်တွေကလည်း မကြိုက်နှစ်သက်ကြပါဘူး။ ဒါကြောင့် မနေ့က ဘရိုက်တန်နဲ့ပွဲစဉ်မတိုင်ခင်ချယ်လ်ဆီးအသင်းပရိသတ်များဟာ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းအပြင်ဘက်တွင် စုဝေးပြီး အသင်းရဲ့ ဥရောပစူပါလိဂ်တွင် ပါဝင်တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အသင်းပိုင်ရှင် အဘရာမိုဗစ်ချ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချရန် တောင်းဆိုမှုများရှိခဲ့သလို သူတို့ အစဉ်တစိုက်အားပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို လက်မလွှတ်လိုကြောင်းတွေကိုလည်း ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းပရိသတ်များ ကွင်းရှေ့မှာစုဝေးဆန္ဒပြရကျိုးနပ်ခဲ့ပါတယ်။ အခုတော့ ချယ်လ်ဆီးအသင်း ဥရောပစူပါလိဂ်ကနေ နှုတ်ထွက်ခဲ့ပါပြီ။

ပရိသတ်တွေလည်း ပျော်ရွှင်နေကြပါတယ်။ ပရိသတ်များ ကွင်းရှေ့တွင် ဆန္ဒပြနေစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပီတာဆက်ချ် ဟာ ကွင်းပြင်ထွက်ပြီး ပရိသတ်အချို့နှင့် တွေ့ဆုံခဲ့ပါတယ်။

ပီတာတစ်ယောက် မေတ္တာရပ်ခံခဲ့လို့သာ အသင်းဘတ်စ်ကားက ထွက်ခွာခွင့်ရခဲ့တာဖြစ်ပါတယ်။ မနေ့က ချယ်လ်ဆီးနဲ့ ဘရိုက်တန်ပွဲစဉ်ကတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ဘဲနဲ့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ဆန္ဒပြခံရတာရဲ့ အကျိုးဆက်အနေနဲ့ နည်းပြ တူချယ်လ်အသင်းသားတွေရဲ့ ကွင်းတွင်းခြေစွမ်း ထိခိုက်သွားတာမျိုးဖြစ်သွားနိုင်ပါတယ်။ နည်းပြတူချယ်လ်ကတော့ အသင်းသားတွေအကုန်လုံး စိတ်ဖိအားများနေကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

“မိမိကစားသမားတွေဟာ ပရိသတ်တွေရဲ့ ငြိုငြင်မှုကြောင့် စိတ်ညှိုးငယ်ခဲ့ကြပါတယ်။ အသင်းရဲ့ အရှိန်အဟုန်ပြင်းပြင်း ရွေ့လျားနေမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွနေမှုတွေက ဟန်ချက်ပျက်သွားခဲ့တာပါ” ဆိုပြီး တူချယ်လ်က ပွဲအပြီးမှာပြော ဆိုပါတယ်။တူချယ်လ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်ကမှ ချန်ပီယံလိဂ်ဆီမီးနဲ့ FA ဖလားဖိုင်နယ်ကို တက်ရောက်ထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆႏၵျပရက်ိဳးနပ္ခဲ့တဲ့ ခ်ယ္လ္ဆီးပရိသတ္မ်ား

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိစၥကို ခ်ယ္လ္ဆီးပရိသတ္ေတြကလည္း မႀကိဳက္ႏွစ္သက္ၾကပါဘူး။ ဒါေၾကာင့္ မေန႔က ဘရိုက္တန္နဲ႔ပြဲစဥ္မတိုင္ခင္ခ်ယ္လ္ဆီးအသင္းပရိသတ္မ်ားဟာ စတန္းဖို့ဒ္ဘရစ္ခ်္ကြင္းအျပင္ဘက္တြင္ စုေဝးၿပီး အသင္းရဲ႕ ဥေရာပစူပါလိဂ္တြင္ ပါဝင္တဲ့ ဆုံးျဖတ္ခ်က္ကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

အသင္းပိုင္ရွင္ အဘရာမိုဗစ္ခ်္ကို မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ခ်ရန္ ေတာင္းဆိုမွုမ်ားရွိခဲ့သလို သူတို့ အစဥ္တစိုက္အားေပးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းကို လက္မလႊတ္လိုေၾကာင္းေတြကိုလည္း ေျပာဆိုခဲ့တာေတြ ရိွခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းပရိသတ္မ်ား ကြင္းေရွ႕မွာစုေဝးဆႏၵျပရက်ဳိးနပ္ခဲ့ပါတယ္။ အခုေတာ့ ခ်ယ္လ္ဆီးအသင္း ဥေရာပစူပါလိဂ္ကေန ႏွဳတ္ထြက္ခဲ့ပါၿပီ။ ပရိသတ္ေတြလည္း ေပ်ာ္ရႊင္ေနၾကပါတယ္။ ပရိသတ္မ်ား ကြင္းေရွ႕တြင္ ဆႏၵျပေနစဥ္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္ၿပီး နည္းစနစ္ဒါရိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ပီတာဆက္ခ်္ ဟာ ကြင္းျပင္ထြက္ၿပီး ပရိသတ္အခ်ိဳ့ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။

ပီတာတစ္ေယာက္ ေမတၱာရပ္ခံခဲ့လို႔သာ အသင္းဘတ္စ္ကားက ထြက္ခြာခြင့္ရခဲ့တာျဖစ္ပါတယ္။ မေန႔က ခ်ယ္လ္ဆီးနဲ႔ ဘရိုက္တန္ပြဲစဥ္ကေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲနဲ႔ ဂိုးမရိွ သေရ ရလဒ္နဲ႔သာ ၿပီးဆုံးသြားခဲ့ပါတယ္။

ဆႏၵျပခံရတာရဲ႕ အက်ိုးဆက္အေနနဲ႔ နည္းျပ တူခ်ယ္လ္အသင္းသားေတြရဲ႕ ကြင္းတြင္းေျခစြမ္း ထိခိုက္သြားတာမ်ဳိးျဖစ္သြားႏိုင္ပါတယ္။ နည္းျပတူခ်ယ္လ္ကေတာ့ အသင္းသားေတြအကုန္လုံး စိတ္ဖိအားမ်ားေနေၾကာင္း ပြဲအၿပီးမွာ ေျပာဆုိခဲ့ပါတယ္။

“မိမိကစားသမားေတြဟာ ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈေၾကာင့္ စိတ္ညႇိဳးငယ္ခဲ့ၾကပါတယ္။ အသင္းရဲ႕ အရွိန္အဟုန္ျပင္းျပင္း ေ႐ြ႕လ်ားေနမႈ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ တက္ႂကြေနမွဳေတြက ဟန္ခ်က္ပ်က္သြားခဲ့တာပါ” ဆိုၿပီး တူခ်ယ္လ္က ပြဲအၿပီးမွာေျပာ ဆိုပါတယ္။တူခ်ယ္လ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အပတ္ကမွ ခ်န္ပီယံလိဂ္ဆီမီးနဲ႔ FA ဖလားဖိုင္နယ္ကို တက္ေရာက္ထားတာျဖစ္ပါတယ္။