ဆန္ဒပြပရိသတ်တွေ ယူနိုက်တက်ကွင်းထဲက ဘာတွေယူသွားလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ပရိသတ်တွေကလည်း ဖြစ်ချင်တဲ့ ဆန္ဒကို တောင်းဆိုဆန္ဒပြကြပါတယ်။

ဒီမိုကရေစီနိုင်ငံဆိုတော့ ပြတ်ပြတ်သားသားကွင်းထဲဝင် အရေးဆိုကြတာပါ။

ယမန်နေ့တုန်းက ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကစားရမယ့်ပွဲစဉ်မတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းအတွင်း ဝင်ရောက်ဆန္ဒပြခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ကွင်းအတွင်းက အလံတိုင်တွေနဲ့ ဘောလုံးတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လူပေါင်း ၂၀၀ ခန့်ရှိတဲ့ လူစုလူဝေးဟာ ကင်မရာအထောက်အကူပြုပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။

ကွင်းအတွင်းထိုင်ခုံ ၈၀၀၀၀ မှာ တပ်ဆင်ထားတဲ့ အမှတ်တံဆိပ်တချို့ကိုလည်း အမှတ်တရလက်ဆောင်တွေအဖြစ်နဲ့ ယူဆောင်သွားခဲ့ကြကာ ကွင်းအတွင်းနဲ့ ကွင်းပြင်မှာလည်း အမှိုက်တွေကို စွန့်ပစ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘောလုံးစုစုပေါင်း ၂၅ လုံးအထိကို ယူဆောင်သွားခဲ့ကြတယ်လို့ သိရပြီးတော့ ဆန္ဒပြသူတွေဟာ ဂလေဇာမိသားစုကို အသင်းကနေထွက်သွားကြဖို့လည်း အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ် လေးငါးယောက်ကတော့ အဝတ်လဲခန်းအတွင်းသွားရာ ဥမင်လမ်းထဲကို ပြေးဝင်ခဲ့ကြပြီး ရုတ်ရုတ်သဲသဲတွေဖြစ်ခဲ့ရပါသေးတယ်။

ပရိသတ်တစ်ဦးက အသင်းရဲ့ အဝတ်လဲခန်းထဲကိုရောက်ရှိလာခဲ့ပါတယ်။

အဲဒီအချိန်မှာ အသင်းရဲ့ ဆရာဝန်တွေအပါအဝင် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဝန်ထမ်း ၉ ဦးခန့် အဲဒီနေရာမှာရှိနေခဲ့တာပါ။

အသင်းက တာဝန်ရှိသူတွေဟာ လူစိမ်းတစ်ယောက် ရောက်နေတာကိုမြင်လိုက်ရတာကြောင့် သူတို့ရဲ့ လုံခြုံရေးအတွက် အော်ဟစ်ပြီး အကူအညီတောင်းခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီပရိသတ်ကတော့ သူ့အနေနဲ့ အရက်သောက်ထားတာကိုဝန်ခံခဲ့ပြီး အဝတ်လဲခန်းထဲဝင်ရောက်ဖို့ရည်ရွယ်ချက်မရှိဘဲ လမ်းမှားပြီးရောက်လာခဲ့တာလို့ထွက်ဆိုခဲ့ပါတယ်။

အဲဒီပရိသတ် ကျူးကျော်ဝင်ရောက်လာတဲ့ကိစ္စဟာ ကိုဗစ်စည်းကမ်းတွေနဲ့ ငြိစွန်းနေတာကြောင့် ယူနိုက်တက်အနေနဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေခံရဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးနှင့်ပွဲကို ရွှေ့ဆိုင်းရပြီးနောက် ရမှတ်တစ်မှတ် အနုတ်ခံရမယ့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့က ဆန္ဒပြတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆႏၵျပပရိသတ္ေတြ ယူႏိုက္တက္ကြင္းထဲက ဘာေတြယူသြားလဲ

ယူႏိုက္တက္ ပရိသတ္ေတြကလည္း ျဖစ္ခ်င္တဲ့ ဆႏၵကို ေတာင္းဆိုဆႏၵျပၾကပါတယ္။ ဒီမိုကေရစီႏိုင္ငံဆိုေတာ့ ျပတ္ျပတ္သားသားကြင္းထဲဝင္ အေရးဆိုၾကတာပါ။ ယမန္ေန႔တုန္းက ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ကစားရမယ့္ပြဲစဥ္မတိုင္ခင္ အိုးထရက္ဖို႔ဒ္ကြင္းအတြင္း ဝင္ေရာက္ဆႏၵျပခဲ့တဲ့ ယူႏိုက္တက္ပရိသတ္ေတြဟာ ကြင္းအတြင္းက အလံတိုင္ေတြနဲ႔ ေဘာလုံးေတြကို ယူေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။

လူေပါင္း ၂၀၀ ခန႔္ရွိတဲ့ လူစုလူေဝးဟာ ကင္မရာအေထာက္အကူျပဳပစၥည္းေတြကိုလည္း ဖ်က္ဆီးခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး။ ကြင္းအတြင္းထိုင္ခုံ ၈၀၀၀၀ မွာ တပ္ဆင္ထားတဲ့ အမွတ္တံဆိပ္တခ်ိဳ႕ကိုလည္း အမွတ္တရလက္ေဆာင္ေတြအျဖစ္နဲ႔ ယူေဆာင္သြားခဲ့ၾကကာ ကြင္းအတြင္းနဲ႔ ကြင္းျပင္မွာလည္း အမႈိက္ေတြကို စြန႔္ပစ္ခဲ့ၾကပါတယ္။

ဆႏၵျပသူေတြဟာ ေဘာလုံးစုစုေပါင္း ၂၅ လုံးအထိကို ယူေဆာင္သြားခဲ့ၾကတယ္လို႔ သိရၿပီးေတာ့ ဆႏၵျပသူေတြဟာ ဂေလဇာမိသားစုကို အသင္းကေနထြက္သြားၾကဖို႔လည္း ေအာ္ဟစ္ေတာင္းဆိုခဲ့ၾကပါတယ္။

ပရိသတ္ ေလးငါးေယာက္ကေတာ့ အဝတ္လဲခန္းအတြင္းသြားရာ ဥမင္လမ္းထဲကို ေျပးဝင္ခဲ့ၾကၿပီး ႐ုတ္႐ုတ္သဲသဲေတြျဖစ္ခဲ့ရပါေသးတယ္။ပရိသတ္တစ္ဦးက အသင္းရဲ႕ အဝတ္လဲခန္းထဲကိုေရာက္ရွိလာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အသင္းရဲ႕ ဆရာဝန္ေတြအပါအဝင္ ျပင္ဆင္မႈေတြျပဳလုပ္ေနတဲ့ ဝန္ထမ္း ၉ ဦးခန႔္ အဲဒီေနရာမွာရွိေနခဲ့တာပါ။

အသင္းက တာဝန္ရွိသူေတြဟာ လူစိမ္းတစ္ေယာက္ ေရာက္ေနတာကိုျမင္လိုက္ရတာေၾကာင့္ သူတို႔ရဲ႕ လုံၿခဳံေရးအတြက္ ေအာ္ဟစ္ၿပီး အကူအညီေတာင္းခဲ့တဲ့အတြက္ ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ အဲဒီပရိသတ္ကေတာ့ သူ႔အေနနဲ႔ အရက္ေသာက္ထားတာကိုဝန္ခံခဲ့ၿပီး အဝတ္လဲခန္းထဲဝင္ေရာက္ဖို႔ရည္႐ြယ္ခ်က္မရွိဘဲ လမ္းမွားၿပီးေရာက္လာခဲ့တာလို႔ထြက္ဆိုခဲ့ပါတယ္။

အဲဒီပရိသတ္ က်ဴးေက်ာ္၀င္ေရာက္လာတဲ့ကိစၥဟာ ကိုဗစ္စည္းကမ္းေတြနဲ႔ ၿငိစြန္းေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ျပင္းထန္တဲ့ အေရးယူမႈေတြခံရဖို႔ရွိေနပါတယ္။ ယူႏိုက္တက္အသင္းဟာ လီဗာပူးႏွင့္ပြဲကို ေ႐ႊ႕ဆိုင္းရၿပီးေနာက္ ရမွတ္တစ္မွတ္ အႏုတ္ခံရမယ့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရပါတယ္။ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ႏွင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔က ဆႏၵျပတဲ့ ကိစၥကို စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနပါတယ္။