ဆန္ခ်ဳိထြက္ခြာဖို႔ ရွိတယ္လို႔ ေဒါ့မန္အသင္း အားကစားဒါရိုက္တာ မိုက္ကယ္ေဇာ႔၀န္ခံ

Photo- Internet
Photo- Internet

ေဒါ့မန္အသင္း အားကစားဒါရိုက္တာ မိုက္ကယ္ေဇာ႔က ေတာင္ပံကစား ဆန္ခ်ဳိဟာအသင္းမွာေနာက္ ၅ ႏွစ္အထိဆက္ကစားမွာမဟုတ္လို႔ သူေျပာင္းေရႊ႕ေရးကျဖစ္ႏိုင္ဖြယ္ရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဘယ္အခ်ိန္မွာ ဆန္ခ်ဳိထြက္ႏိုင္မလဲ ဆိုတာကိုေတာ႔ သူကမေျပာပါဘူး။

ေဒါ့မန္နဲ႔ အနာဂတ္မေရရာမႈေတြ တိုးပြားလာေနတဲ႔ ဆန္ခ်ဳိဟာ ၂၀၁၇ ကမန္စီးတီးကေနေျပာင္းေရႊ႕လာၿပီးေနာက္ပိုင္း ဘြန္ဒက္စ္လီဂါမွာေကာင္းစြာေျခစြမ္းျပေနသူျဖစ္ကာ ၆၄ ပြဲကစားၿပီး ၁၈ ဂိုးသြင္းကာ ၂၉ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆန္ခ်ဳိဟာအဂၤလန္လက္ေရြးစင္အသင္းႀကီးမွာ ပါ၀င္လာခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၈ ပြဲကစားထားၿပီးျဖစ္ပါတယ္။

Photo- Internet

အသက္ ၁၉ ႏွစ္သာရွိေသးေပမယ္႔ ဆန္ခ်ဳိဟာ တက္လမ္းအမ်ားႀကီးရွိသူျဖစ္လို႔ ပရီးမီးယားလိဂ္က မန္ယူအပါအ၀င္ ဥေရာပထိပ္တန္းကလပ္အခ်ဳိ႕က ေခၚယူဖို႔ စိတ္၀င္စားေနတာပါ။ မန္ယူဆိုရင္ေႏြရာသီေစ်းကြက္တုန္းက ဆန္ခ်ဳိကိုေခၚယူဖို႔ စိတ္၀င္တစားေစာင့္ၾကည့္ခဲ့ေသးတာပါ။ ဒါေၾကာင့္လည္း မိုက္ကယ္ေဇာ႔က ဆန္ခ်ဳိ နဲ႔ပတ္သက္ၿပီးအခုလိုေျပာလာတာျဖစ္ပါတယ္။

Photo- Internet

သူက”ဘာဆုံးျဖတ္ခ်က္မွေတာ႔ မခ်မွတ္ရေသးပါဘူး။ ဒါေပမယ္႔ ဆန္ခ်ဳိဟာ အသင္းမွာေနာက္ ၅ ႏွစ္ဆက္ကစားမလားဆိုတာ သိရဖို႔အတြက္ေရွ႕ျဖစ္ေဟာ ဆရာမလိုပါဘူး” လို႔ေျပာသြားပါတယ္။ ဒါေပမယ္႔လည္း မိုက္ကယ္ေဇာ႔က ဆန္ခ်ဳိဟာ ေဒါ့မန္ေရာက္မွာသာ အရမး္ကိုတိုးတက္လာတာျဖစ္ၿပီး အဂၤလိပ္ကလပ္ေတြမွာဆိုရင္ ဒီလိုတိုးတက္ပါ႔မလားဆိုတာ သူသံသယျဖစ္မိတယ္လို႔ေတာ႔ ေျပာပါေသးတယ္။

Photo- Internet

သူကဆက္လက္ၿပီး”က်ြန္ေတာ္တို႔ဟာ ကစားသမားေတြအေပၚ အေစာပိုင္းကတည္းကယုံၾကည္ခဲ့တာျဖစ္ၿပီး သူ႔တို႔ကိုကစားခိုင္းဖို႔လည္းမေၾကာက္ခဲ့ပါဘူး။ ဒါကိုဆန္ခ်ဳိသိပါတယ္။ ဒါေၾကာင့္လည္း အမ်ားႀကီးတိုးတက္လာတာေပါ့၊ အဂၤလိပ္ကလပ္ေတြနဲ႔ဆိုရင္ သူတိုးတက္ပါ့မလားဆိုတာက်ြန္ေတာ္သံသယ ျဖစ္မိပါတယ္ ” လို႔ ေျပာသြားပါတယ္။

Photo- Internet

Unicode

ဆန်ချိုထွက်ခွာဖို့ ရှိတယ်လို့ ဒေါ့မန်အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ဝန်ခံ
ဒေါ့မန်အသင်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က တောင်ပံကစား ဆန်ချိုဟာအသင်းမှာနောက် ၅ နှစ်အထိဆက်ကစားမှာမဟုတ်လို့ သူပြောင်းရွှေ့ရေးကဖြစ်နိုင်ဖွယ်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဘယ်အချိန်မှာ ဆန်ချိုထွက်နိုင်မလဲ ဆိုတာကိုတော့ သူကမပြောပါဘူး။

ဒေါ့မန်နဲ့ အနာဂတ်မရေရာမှုတွေ တိုးပွားလာနေတဲ့ ဆန်ချိုဟာ ၂၀၁၇ ကမန်စီးတီးကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါမှာကောင်းစွာခြေစွမ်းပြနေသူဖြစ်ကာ ၆၄ ပွဲကစားပြီး ၁၈ ဂိုးသွင်းကာ ၂၉ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်ချိုဟာအင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပါဝင်လာခဲ့ပြီး လက်ရှိအချိန်အထိ ၈ ပွဲကစားထားပြီးဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးပေမယ့် ဆန်ချိုဟာ တက်လမ်းအများကြီးရှိသူဖြစ်လို့ ပရီးမီးယားလိဂ်က မန်ယူအပါအဝင် ဥရောပထိပ်တန်းကလပ်အချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ မန်ယူဆိုရင်နွေရာသီဈေးကွက်တုန်းက ဆန်ချိုကိုခေါ်ယူဖို့ စိတ်ဝင်တစားစောင့်ကြည့်ခဲ့သေးတာပါ။ ဒါကြောင့်လည်း မိုက်ကယ်ဇော့က ဆန်ချို နဲ့ပတ်သက်ပြီးအခုလိုပြောလာတာဖြစ်ပါတယ်။

သူက”ဘာဆုံးဖြတ်ချက်မှတော့ မချမှတ်ရသေးပါဘူး။ ဒါပေမယ့် ဆန်ချိုဟာ အသင်းမှာနောက် ၅ နှစ်ဆက်ကစားမလားဆိုတာ သိရဖို့အတွက်ရှေ့ဖြစ်ဟော ဆရာမလိုပါဘူး” လို့ပြောသွားပါတယ်။ ဒါပေမယ့်လည်း မိုက်ကယ်ဇော့က ဆန်ချိုဟာ ဒေါ့မန်ရောက်မှာသာ အရမ်းကိုတိုးတက်လာတာဖြစ်ပြီး အင်္ဂလိပ်ကလပ်တွေမှာဆိုရင် ဒီလိုတိုးတက်ပါ့မလားဆိုတာ သူသံသယဖြစ်မိတယ်လို့တော့ ပြောပါသေးတယ်။

သူကဆက်လက်ပြီး”ကျွန်တော်တို့ဟာ ကစားသမားတွေအပေါ် အစောပိုင်းကတည်းကယုံကြည်ခဲ့တာဖြစ်ပြီး သူ့တို့ကိုကစားခိုင်းဖို့လည်းမကြောက်ခဲ့ပါဘူး။ ဒါကိုဆန်ချိုသိပါတယ်။ ဒါကြောင့်လည်း အများကြီးတိုးတက်လာတာပေါ့၊ အင်္ဂလိပ်ကလပ်တွေနဲ့ဆိုရင် သူတိုးတက်ပါ့မလားဆိုတာကျွန်တော်သံသယ ဖြစ်မိပါတယ် ” လို့ ပြောသွားပါတယ်။