
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် ဟာ ယမန်နေ့ က အက်စတွန် ဗီလာ အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာဧည့်ခံ ကစားခဲ့ပါတယ်။
ယူနိုက်တက် ဟာ ဗီလာထက် အခွင့်အရေးတွေ ပိုမို ရရှိခဲ့ ပေမယ့် ဂိုးဝင်အောင် မသွင်း နိုင်ခဲ့ ပါဘူး။
ပွဲပြီးဖို့ မိနစ် အနည်းငယ်သာ လိုတော့တဲ့ အချိန် မှာတော့ ဗီလာ နောက်ခံလူ ဟေ့စ် က ထောင့်ကန်ဘော ကနေ ခေါင်းတိုက်ကာ ဧည့်သည် အသင်းအတွက် ဂိုးစတင် သွင်းယူ ပေးခဲ့ ပါတယ်။
ချေပဂိုး ရဖို့ အသည်းအသန် ဖိကစား ခဲ့တဲ့ ယူနိုက်တက် ဟာ မိနစ် ၉၀ မှာတော့ ပင်နယ်တီ ရရှိခဲ့ ပါတယ်။
ဗီလာ ရဲ့ သွင်းဂိုးရှင် ဟေ့စ် ရဲ့လက်ထိဘော ကနေ ရရှိလာခဲ့တဲ့ ဒီပင်နယ်တီ ကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်း ခဲ့ပေမယ့် ကန်ချက် များကာ ဂိုးပေါ် ကနေ ထောင်ထွက် သွားခဲ့ရ ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဗီလာ အသင်း သွင်းယူ ခဲ့တဲ့ ဂိုးမှာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ဟာ လူကျွံ အနေအထားမှာ ရှိနေပြီး ဂိုးသမား ဒီဂီယာ အပေါ် နှောက်ယှက်မှု ရှိနေတာကြောင့် လူကျွံဘော အဖြစ် သတ်မှတ် နိုင်ပေမယ့် VAR က အဲဒါကို လစ်လျူရှု ခဲ့တယ်လို့ ပွဲအပြီးမှာ ဝေဖန်ပြောဆို သွားခဲ့ ပါတယ်။
“ရှုံးပွဲတွေကြုံတဲ့အခါ ဒါက သတိထားရမယ့်အနေအထားတစ်ခုဖြစ်လာပြီ။ ဗီလာရသွားတဲ့ဂိုးက လူကျွံဂိုးဖြစ်နေတာအသိသာကြီးပါ။
ကံမကောင်းချင်တော့ ဒီဆုံးဖြတ်ချက်ကတစ်ဖက်အသင်းအတွက်ဖြစ်နေတယ်။ စိတ်ပျက်ဖို့ကောင်းပါတယ်။
ဂိုးကောင်းတစ်ဂိုးကိုခွင့်ပြုခဲ့ရရင်တော့ဖြေသာပါသေးတယ်။ ဒါပေမယ့် ဒါက လူကျွံဂိုးကြီးဖြစ်နေတယ်။
သူ ခေါင်းခုန်တိုက်တဲ့အချိန်မှာလည်း တခြားတစ်ယောက်က ဒီဂီယာ ကို ကာထားတယ်။
ဒါကိုဘယ်လိုလုပ်ပြီးဂိုးအဖြစ်သတ်မှတ်ခဲ့တာလဲ။ လူကျွံနေတာသိသာပါတယ်”
“ရှုံးပွဲတွေကြုံတိုင်း ကိုယ့်အတွက်ကိုယ်ပြန်ထနိုင်ရမယ်။ အသင်းအတွက်ပြန်ထနိုင်ရမယ်၊ တိုက်ပွဲဝင်နိုင်ရမယ်။
ကျွန်တော်တို့လည်းဒီလိုပဲလုပ်မှာပါ။ ကျွန်တော့်ကစားသမားတွေလည်းဒီအတိုင်းပါပဲ။
လာမယ့်ပွဲကချန်ပီယံလိဂ်ပွဲကောင်းတစ်ပွဲပါ။
အုပ်စုအဖွင့်ပွဲကိုဆိုးဆိုးဝါးဝါးတာထွက်ခဲ့တာမို့ ဒုတိယမြောက်ပွဲအတွက် ကျွန်တော်တို့အသင့်ဖြစ်နေမှရမှာပါ”လို့ ဆိုးလ်ရှားကပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဆင္ေျခဆင္လက္ေတြ၊ ေ၀ဖန္စကားေတြပဲ ေျပာတတ္တဲ့ ဆိုးလ္ရွား
ယူႏိုက္တက္ ဟာ ယမန္ေန႔ က အက္စတြန္ ဗီလာ အသင္းကို အိမ္ကြင္း အိုးထရက္ဖိုဒ့္မွာဧည့္ခံ ကစားခဲ့ပါတယ္။ ယူႏိုက္တက္ ဟာ ဗီလာထက္ အခြင့္အေရးေတြ ပိုမို ရရွိခဲ့ ေပမယ့္ ဂိုးဝင္ေအာင္ မသြင္း ႏိုင္ခဲ့ ပါဘူး ။
ပြဲၿပီးဖို႔ မိနစ္ အနည္းငယ္သာ လိုေတာ့တဲ့ အခ်ိန္ မွာေတာ့ ဗီလာ ေနာက္ခံလူ ေဟ့စ္ က ေထာင့္ကန္ေဘာ ကေန ေခါင္းတိုက္ကာ ဧည့္သည္ အသင္းအတြက္ ဂိုးစတင္ သြင္းယူ ေပးခဲ့ ပါတယ္။ ေခ်ပဂိုး ရဖို႔ အသည္းအသန္ ဖိကစား ခဲ့တဲ့ ယူႏိုက္တက္ ဟာ မိနစ္ ၉၀ မွာေတာ့ ပင္နယ္တီ ရရွိခဲ့ ပါတယ္ ။
ဗီလာ ရဲ႕ သြင္းဂိုးရွင္ ေဟ့စ္ ရဲ႕လက္ထိေဘာ ကေန ရရွိလာခဲ့တဲ့ ဒီပင္နယ္တီ ကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္သြင္း ခဲ့ေပမယ့္ ကန္ခ်က္ မ်ားကာ ဂိုးေပၚ ကေန ေထာင္ထြက္ သြားခဲ့ရ ပါတယ္ ။ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွား ကေတာ့ ဗီလာ အသင္း သြင္းယူ ခဲ့တဲ့ ဂိုးမွာ တိုက္စစ္မႉး အိုလီ ဝက္ကင္းစ္ ဟာ လူကြၽံ အေနအထားမွာ ရွိေနၿပီး ဂိုးသမား ဒီဂီယာ အေပၚ ေႏွာက္ယွက္မႈ ရွိေနတာေၾကာင့္ လူကြၽံေဘာ အျဖစ္ သတ္မွတ္ ႏိုင္ေပမယ့္ VAR က အဲဒါကို လစ္လ်ဴရႈ ခဲ့တယ္လို႔ ပြဲအၿပီးမွာ ေဝဖန္ေျပာဆို သြားခဲ့ ပါတယ္။
“ရႈံးပြဲေတြႀကဳံတဲ့အခါ ဒါက သတိထားရမယ့္အေနအထားတစ္ခုျဖစ္လာၿပီ။ ဗီလာရသြားတဲ့ဂိုးက လူကြၽံဂိုးျဖစ္ေနတာအသိသာႀကီးပါ။ ကံမေကာင္းခ်င္ေတာ့ ဒီဆုံးျဖတ္ခ်က္ကတစ္ဖက္အသင္းအတြက္ျဖစ္ေနတယ္။ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ဂိုးေကာင္းတစ္ဂိုးကိုခြင့္ျပဳခဲ့ရရင္ေတာ့ေျဖသာပါေသးတယ္။ ဒါေပမယ့္ ဒါက လူကြၽံဂိုးႀကီးျဖစ္ေနတယ္။ သူ ေခါင္းခုန္တိုက္တဲ့အခ်ိန္မွာလည္း တျခားတစ္ေယာက္က ဒီဂီယာ ကို ကာထားတယ္။ ဒါကိုဘယ္လိုလုပ္ၿပီးဂိုးအျဖစ္သတ္မွတ္ခဲ့တာလဲ။ လူကြၽံေနတာသိသာပါတယ္”
“ရႈံးပြဲေတြႀကဳံတိုင္း ကိုယ့္အတြက္ကိုယ္ျပန္ထႏိုင္ရမယ္။ အသင္းအတြက္ျပန္ထႏိုင္ရမယ္၊ တိုက္ပြဲဝင္ႏိုင္ရမယ္။ ကြၽန္ေတာ္တို႔လည္းဒီလိုပဲလုပ္မွာပါ။ ကြၽန္ေတာ့္ကစားသမားေတြလည္းဒီအတိုင္းပါပဲ။ လာမယ့္ပြဲကခ်န္ပီယံလိဂ္ပြဲေကာင္းတစ္ပြဲပါ။ အုပ္စုအဖြင့္ပြဲကိုဆိုးဆိုးဝါးဝါးတာထြက္ခဲ့တာမို႔ ဒုတိယေျမာက္ပြဲအတြက္ ကြၽန္ေတာ္တို႔အသင့္ျဖစ္ေနမွရမွာပါ”လို႔ ဆိုးလ္ရွားကေျပာပါတယ္။